Thursday, November 1, 2012

အဘိဓမ္မာ နတ်ပြည်မှာ ဟောရခြင်းအကြောင်း


 ဒီလောက် လေးနက်တဲ့ သဘာဝတရားတွေကို ရှင်းပြပြီး ခေါင်းစီးတစ်ခုတည်းနဲ့ အင်မတန် ရှည်လျားတဲ့ ဒေသနာတော်ကြီးကို ဟောဖို့ဆိုတာ လူ့ပြည်မှာ မဖြစ်နိုင်ဘူး၊ လူသားတွေဟာ တစ်နေကုန် ထိုင်ဖို့ဆို တော်တော်ခက်မယ်၊ ၃-လတိတိ ထိုင်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး၊ ၁-နာရီ, ၂-နာရီလောက် ထိုင်လိုက်ရင်ပဲ ညောင်းကုန်ပြီလေ။

အဘိဓမ္မာ ခေါင်းစည်းအောက်မှာ အင်မတန် ရှည်လျားတဲ့ တရားကြီး၊ ပဋ္ဌာန်းထိအောင် ဟောရမှာဆိုလို့ရှိရင် အချိန်အားဖြင့် ၃-လလောက် အချိန်ယူရမယ်တဲ့၊ အဲဒီ ၃-လလောက် အချိန်ယူရမယ့်တရား၊ မြတ်စွာဘုရားက ၇-ရက်နဲ့ ဆင်ခြင် စဉ်းစားထားတဲ့ တရားဟာ အတိုင်းအတာ မရှိလောက်အောင် အလွန်ကျယ်ဝန်းတယ်၊

ဒီတရားတွေကို လူ့ပြည်မှာ ဟောလို့မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့တုန်း၊ လူတွေက ကြာရှည်စွာ ထိုင်ပြီးတော့ တရားဆုံးအောင် မနာနိုင်ဘူးတဲ့၊ ဘုရားက တရားဟောနေ ၁-နာရီ, ၂-နာရီ, ၄,၅ နာရီလောက်ဆို ထပြေးကုန်ကြမှာ၊ ရှိမှာ မဟုတ်တော့ဘူး၊ မထိုင်နိုင်ဘူးလေ၊ အဲဒါကြောင့်မို့ အဘိဓမ္မာတရားကို လူ့ပြည်မှာ မဟောဘူး။

ဒေါက်တာနန္ဒမာလာဘိဝံသ၏ အဘိဓမ္မာမြတ်ဒေသနာမှ-----
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ