ဗျာဓိဆိုတဲ့ အနာရောဂါ ခံစားရတာဟာ ဘ၀ကို ရရှိသူတိုင်း ခံစားရတဲ့ ဒုက္ခတစ်ခုပါ၊ ဓာတ်တွေဖောက်ပြားလို့ ဖြစ်တတ်တဲ့ ရောဂါဝေဒနာဟာ ဗျာဓိပါပဲ၊
ကျွန်ုပ်လဲ ဘ၀ထဲက လူတစ်ယောက်မို့ ဗျာဓိဆိုတဲ့ ဆင်းရဲကို အမြဲလိုလို ခံစားနေရပါတယ်၊
" မြတ်ဗုဒ္ဓကတော့ နာကျင်တတ်တဲ့ ဒီခန္ဓာကြီး ရထားပါရဲ့နဲ့ ကျန်းမာပါတယ်ပြောတာဟာ မိုက်မဲခြင်းပါပ"ဲ…တဲ့။
ဒါကြောင့် ကိုယ်မှာနာသော်လည်း စိတ်မှာ မနာအောင် ကျင့်ဆောင်ဖို့ နကုလပိတာကို ဟောတော်မူခဲ့ပါတယ်။
ကျွန်ုပ်တော့ ကိုယ်နာရင် စိတ်ရောပါနာသွားတတ်တာဟာ အထူးအဆန်းမဟုတ်တော့ပါဘူးလေ. .
တစ်ခါတစ်ခါဆိုရင် ကိုယ့်ဘေးနာမှာ ၀ိုင်းဝန်းပြီး အားပေးမယ့်သူတွေကိုတောင် မျှော်လင့်မိတတ်သေးတယ်၊
မဖြစ်နိုင်တာတွေကို တမ်းတမိသူဟာ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းလျပြီး အလိုမပြည့်ဝတဲ့ ဒုက္ခကပါ ထပ်တိုးလာတတ်တယ်လေ..။
ဒါကြောင့်လဲ အလဗ္ဘနေယျ ၀တ္ထူနံ၊ ပတ္ထနာ တဿ ကာရဏံ၊
ယသ္မာ တသ္မာ ဇိနောဒုက္ခံ၊ ဣစ္ဆိတာ'လာဘမဗြ၀ီ။ လို့ မိန့်တော်မူတာပေါ့။
အားနည်းချက် ရှိသူဟာ ဘယ်နေရာမှာဘဲ ရပ်ရပ် သိမ်ငယ်နေမှာပဲ…တဲ့။ ဖတ်ခဲ့ဖူးတဲ့ စားတစ်ကြောင်းပါ၊
စိတ်ဓာတ်အားနည်း သမာဓိအားနည်း ခွဲခြမ်းမှုပညာတွေ အားနည်းသူတွေမှာတော့ သိမ်ငယ်ရုံမကပါဘူး၊ ၀မ်းနည်းမှုတွေ ပူဆွေးမှုတွေ မကျေနပ်မှုတွေပါ ထပ်ပိုးလာတတ်ပါသေးတယ်။
ဒီနေ့မှာပေါ့ တိုက်ဆိုင်တာလေး တစ်ခု… ဗျာဓိစစ်တပ်က ကျွန်ုပ်ခန္ဓာကိုယ်ကို ၀ိုင်းအုံတိုက်ခိုက်ကြတယ်၊ အထူးသဖြင့် ကျွန်ုပ်ရဲ့ အထွတ်အမြတ်ထားရာဖြစ်တဲ့ ဦးခေါင်းပိုင်းကိုပါ။
သူတို့တတွေ တိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည်လို ကျွန်ုပ်စားနေကျအစာတွေ စားခွင့်မရတော့ဘူး၊ သွားချင်တာတွေ လွတ်လွတ်လပ်လပ် မသွားရတော့ဘူး၊ အမြဲတမ်း စိုးရွံ့ထိပ်လန့်နေမိတယ်။ ဒီဗျာဓိစစ်ဘေးကြီး ဘယ်တော့များ ဒီထက်သောင်းကြမ်းလေမလဲပေါ့။
အင်း...ပြောသာပြောနေရတာပါ.. တကယ်တော့ ကျွန်ုပ်ကိုယ်ခန္ဓာတစ်ခုလုံး ကိုပဲ သူတို့ရဲ့ စစ်တလင်း၊ သူတို့ရဲ့ လေ့ကျင့်ကွင်းပါလေ...။
ဒီတော့ သနားတတ်သူ ကိုယ်ချင်းစားနာမှု ရှိသူတွေက လာရောက် ပေးကမ်းတဲ့ ဆန်ပြုတ်ကလေးကို သောက်လိုက်ရတယ်၊ ဆန်ပြုတ်သောက်နေရင်းနဲ့ ဇွန်းကလေးကို သတိထားမိလိုက်တယ်၊
ဇွန်းမှာရေးထားတဲ့ စာတန်းကလေးက " သေမင်းတမာန်" တဲ့၊ မသေချာမှာ စိုးလို့ ထပ်ပြီး ကြည့်လိုက်ပြန်တယ် ဟုတ်တယ် " သေမင်းတမာန်" ပဲ။
ကျွန်ုပ်ကို တုန်လှုပ်သွားမယ်များ ထင်သလား၊ လုံးဝမတုန်လှုပ်ခဲ့ပါဘူး..။ သေရမှာ မကြောက်လို့လား မဟုတ်ဘူးဗျ.. သေမင်းတမာန်ဆိုတာ ငါ့ကို ခြိမ်းခြောက်နေတဲ့ ရန်သူပဲလို့ ကျွန်ုပ် မထင်မှတ်ခဲ့လို့ပါ။
ဘယ်ထင်မလဲလေ… ငါနေကောင်းပါသေးတယ်၊ မသေနိုင်သေးပါဘူးဆိုတဲ့ မာနလေးက ရှေးမှာ ကားဆီးထားတာလေ..အဲဒါဟာ အာရောဂျမဒ၊ ဇီဝိတမဒတဲ့ မြတ်စွာဘုရားက ဟောခဲ့တာ။
အဲဒီလိုပဲ အသက်ငယ်သေးသူက ငါငယ်သေးတယ်ဆိုတဲ့ ယောဗ္ဗနမဒ၊ ငယ်သေးတယ်ဆိုတဲ့မာန်၊ အသက်ရွယ်သူကလည်း ငါကျန်းမာပါသေးတယ်… ဆိုတဲ့ အာရောဂျမဒ၊ ကျန်းမာသေးတယ်ဆိုတဲ့မာန်၊ အသက်မငယ်တော့တဲ့သူကလည်း ငါမသေသေးပါဘူး…ဆိုတဲ့ ဇီဝိတမဒ၊ အသက်ရှင်းသေးတယ်ဆိုတဲ့မာန်. .လေးတွေ သူရော ကိုယ်ပါ. အားလုံးမှာ ကိုယ်စီရှိနေကြမယ် ထင်ပါတယ်။
အဲဒီမာန်လေးတွေကြောင့် ငယ်ပါသေးတယ် မကောင်းမှုလေးလုပ်လိုက်ဦးမယ်
ကြီးမှပဲ ကောင်းမှုလုပ်တော့မယ်လို့ တွေးတတ်ပါတယ်၊ ကျန်းမာသူကလည်း
နေကောင်းတယ်ကွ လုပ်လိုက်ပါဦးမယ် ငါ့မိသားစုအတွက် မကောင်းတာပဲဖြစ်ဖြစ်
ကောင်းတာတွေ နောက်မှလုပ် ရသားပဲ၊
ငါမသေးပါဘူး..အချိန်တွေရှိပါသေးတယ်..
ကောင်းမှုတွေ နောက်မှလုပ်ပါ့မယ်၊ ခုတော့ လုပ်လိုက်ဦးမယ် အများနည်းတူ
မကောင်းတာလေးတွေ ဆိုပြီး မကောင်းမှုတွေကို လုပ်တတ်တယ်..လို့ ဟောတော်မူပါတယ်။
အခုလဲ သတိပေးနေပြီ "သေမင်းတမာန်"တဲ့ .. ကဲ ဘာလုပ်သင့်လဲ ?????
ကျွန်ုပ်ကတော့ အထက်မှာ ပြောခဲ့တဲ့အတိုင်း သေမင်းတမာန်ကို မကြောက်ရွံ့ မစိုးထိတ်ခဲ့လေတော့ …….
♣♣ တွေးမိသလို ရေးမိလိုက်ပြန်ပြီ အမှားပါရင် သည်းခံကြပါဦး...
" မြတ်ဗုဒ္ဓကတော့ နာကျင်တတ်တဲ့ ဒီခန္ဓာကြီး ရထားပါရဲ့နဲ့ ကျန်းမာပါတယ်ပြောတာဟာ မိုက်မဲခြင်းပါပ"ဲ…တဲ့။
ဒါကြောင့် ကိုယ်မှာနာသော်လည်း စိတ်မှာ မနာအောင် ကျင့်ဆောင်ဖို့ နကုလပိတာကို ဟောတော်မူခဲ့ပါတယ်။
ကျွန်ုပ်တော့ ကိုယ်နာရင် စိတ်ရောပါနာသွားတတ်တာဟာ အထူးအဆန်းမဟုတ်တော့ပါဘူးလေ.
တစ်ခါတစ်ခါဆိုရင် ကိုယ့်ဘေးနာမှာ ၀ိုင်းဝန်းပြီး အားပေးမယ့်သူတွေကိုတောင် မျှော်လင့်မိတတ်သေးတယ်၊
မဖြစ်နိုင်တာတွေကို တမ်းတမိသူဟာ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းလျပြီး အလိုမပြည့်ဝတဲ့ ဒုက္ခကပါ ထပ်တိုးလာတတ်တယ်လေ..။
ဒါကြောင့်လဲ အလဗ္ဘနေယျ ၀တ္ထူနံ၊ ပတ္ထနာ တဿ ကာရဏံ၊
ယသ္မာ တသ္မာ ဇိနောဒုက္ခံ၊ ဣစ္ဆိတာ'လာဘမဗြ၀ီ။ လို့ မိန့်တော်မူတာပေါ့။
အားနည်းချက် ရှိသူဟာ ဘယ်နေရာမှာဘဲ ရပ်ရပ် သိမ်ငယ်နေမှာပဲ…တဲ့။ ဖတ်ခဲ့ဖူးတဲ့ စားတစ်ကြောင်းပါ၊
စိတ်ဓာတ်အားနည်း သမာဓိအားနည်း ခွဲခြမ်းမှုပညာတွေ အားနည်းသူတွေမှာတော့ သိမ်ငယ်ရုံမကပါဘူး၊ ၀မ်းနည်းမှုတွေ ပူဆွေးမှုတွေ မကျေနပ်မှုတွေပါ ထပ်ပိုးလာတတ်ပါသေးတယ်။
ဒီနေ့မှာပေါ့ တိုက်ဆိုင်တာလေး တစ်ခု… ဗျာဓိစစ်တပ်က ကျွန်ုပ်ခန္ဓာကိုယ်ကို ၀ိုင်းအုံတိုက်ခိုက်ကြတယ်၊ အထူးသဖြင့် ကျွန်ုပ်ရဲ့ အထွတ်အမြတ်ထားရာဖြစ်တဲ့ ဦးခေါင်းပိုင်းကိုပါ။
သူတို့တတွေ တိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည်လို ကျွန်ုပ်စားနေကျအစာတွေ စားခွင့်မရတော့ဘူး၊ သွားချင်တာတွေ လွတ်လွတ်လပ်လပ် မသွားရတော့ဘူး၊ အမြဲတမ်း စိုးရွံ့ထိပ်လန့်နေမိတယ်။ ဒီဗျာဓိစစ်ဘေးကြီး ဘယ်တော့များ ဒီထက်သောင်းကြမ်းလေမလဲပေါ့။
အင်း...ပြောသာပြောနေရတာပါ..
ဒီတော့ သနားတတ်သူ ကိုယ်ချင်းစားနာမှု ရှိသူတွေက လာရောက် ပေးကမ်းတဲ့ ဆန်ပြုတ်ကလေးကို သောက်လိုက်ရတယ်၊ ဆန်ပြုတ်သောက်နေရင်းနဲ့ ဇွန်းကလေးကို သတိထားမိလိုက်တယ်၊
ဇွန်းမှာရေးထားတဲ့ စာတန်းကလေးက " သေမင်းတမာန်" တဲ့၊ မသေချာမှာ စိုးလို့ ထပ်ပြီး ကြည့်လိုက်ပြန်တယ် ဟုတ်တယ် " သေမင်းတမာန်" ပဲ။
ကျွန်ုပ်ကို တုန်လှုပ်သွားမယ်များ ထင်သလား၊ လုံးဝမတုန်လှုပ်ခဲ့ပါဘူး..။ သေရမှာ မကြောက်လို့လား မဟုတ်ဘူးဗျ.. သေမင်းတမာန်ဆိုတာ ငါ့ကို ခြိမ်းခြောက်နေတဲ့ ရန်သူပဲလို့ ကျွန်ုပ် မထင်မှတ်ခဲ့လို့ပါ။
ဘယ်ထင်မလဲလေ… ငါနေကောင်းပါသေးတယ်၊ မသေနိုင်သေးပါဘူးဆိုတဲ့ မာနလေးက ရှေးမှာ ကားဆီးထားတာလေ..အဲဒါဟာ အာရောဂျမဒ၊ ဇီဝိတမဒတဲ့ မြတ်စွာဘုရားက ဟောခဲ့တာ။
အဲဒီလိုပဲ အသက်ငယ်သေးသူက ငါငယ်သေးတယ်ဆိုတဲ့ ယောဗ္ဗနမဒ၊ ငယ်သေးတယ်ဆိုတဲ့မာန်၊ အသက်ရွယ်သူကလည်း ငါကျန်းမာပါသေးတယ်… ဆိုတဲ့ အာရောဂျမဒ၊ ကျန်းမာသေးတယ်ဆိုတဲ့မာန်၊ အသက်မငယ်တော့တဲ့သူကလည်း ငါမသေသေးပါဘူး…ဆိုတဲ့ ဇီဝိတမဒ၊ အသက်ရှင်းသေးတယ်ဆိုတဲ့မာန်.
အဲဒီမာန်လေးတွေကြောင့် ငယ်ပါသေးတယ် မကောင်းမှုလေးလုပ်လိုက်ဦးမယ
ငါမသေးပါဘူး..အချိန်တွေရှိပ