၁။ ဒါန = ပေးလှူစွန့်ကြဲခြင်း။
၂။ သီလ = ကိုယ်နှုတ်စောင့်သုံးခြင်း။
၃။ ဘာဝနာ = သမထ ၀ိပဿနာ ရှုပွားခြင်း။
၎။ အပစာယန = အသက်သိက္ခာ ဂုဏ်ဝါကြီးသူ(ရိုသေထိုက်သူ)တို့အား (မျှော်လင့်ချက်မထားဘဲ) ခရီးဦးကြိုဆိုခြင်း စသည်ဖြင့် မြတ်နိုးတနာ ပူဇော်ခြင်း။
၅။ ဝေယျာဝစ္စ = ထိုပုဂ္ဂိုလ်ကြီးများနှင့် လူနာများအား ကိစ္စကြီးငယ် ပြုစုဆောင်ရွက်ပေးခြင်း၊ သူတစ်ပါး၏ ကုသိုလ်ကိစ္စ၌ ကူညီခြင်း။
၆။ ပတ္တိဒါန = မိမိကောင်းမှုကို အမျှပေးဝေခြင်း။
၇။ ပတ္တာနုမောဒန = တခြားသူတို့ ကုသိုလ်ကောင်းမှု ပြုသည်ကို မြင်လျှင် ကြားလျှင် အမျှဝေသည်ဖြစ်စေ၊ မပေးဝေသည်ဖြစ်စေ ၀မ်းမြောက် ၀မ်းသာ သာဓုခေါ်ခြင်း။
၈။ ဓမ္မဿဝန = အကျိုးရှိအောင် တရားနာယူခြင်း၊ တရားစကား နာထောင်ခြင်း။
၉။ ဓမ္မဒေသနာ = လာဘ် ကျော်စောသကာ မငဲ့ဘဲ တရားဟောခြင်း။
၁၀။ ဒိဋ္ဌိဇုကမ္မ = အယူကို ဖြောင့်မှန်အောင်ပြုခြင်း (ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း)။
ဤတရားများကို ပုညကိရိယာဝတ္ထု (ပုည=ဖြူစင်သန့်ရှင်းရေးကောင်းမှုအလုပ်+ကိရိယာ=လုပ်သင့်သော+၀တ္ထု=ကောင်းကျိုးချမ်းသာတို့၏တည်ရာ)ဟုခေါ်သည်။