Wednesday, September 12, 2012

မဟာဂန္ဓာရုံဆရာတော် မိန့်တော်မူသည့် ခေါင်းဆောင်ကောင်းတို့၏ အရည်အသွေးများ

၁။ ခမာ = သည်းခံခြင်း
နာယကလုပ်သူတိုင်း လူငယ်များကို စောစောကကြိုတင်၍ အမှားမရှိအောင် သတိပေးထားရမည်။ သို့ပါလျက် မတော်တဆအမှားတွေ့က မိမိကဲ့သို့ အသိဉာဏ် မကြွယ်ဝသေးတဲ့လူငယ်တွေပဲဟု သဘောထားပြီး သည်းခံရမယ်။ နောင် မမှားအောင် သတိပေးရမယ်။

၂။ ဇာဂရိယ = နိုးနိုးကြားကြားရှိခြင်း
နာယကလုပ်သူဟာ အအိပ်ကြီးလို့ မတော်ဘူး။ နိုးနိုးကြားကြားရှိရမယ်။ ကိုယ်ကတော့ အအိပ်ကြီးပြီး လူငယ်တွေတော့ မအိပ်မနေကြိုးစားစေလျှင် မတရားဘူးလို့ ထင်လာတတ်တယ်။

၃။ ဥဋ္ဌာန = အသိဉာဏ်ပါသော ထကြွလုံ့လ၀ီရိယရှိခြင်း
ဆိုင်ရာကိစ္စ၌ နားလည်မှုဉာဏ်ပညာနှင့် ထထကြွကြွ လုံ့လ၀ီရိယရှိရမည်။ ဉာဏ်ပညာမရှိ ၀ီရိယမရှိသော ခေါင်းဆောင်ကို ဘယ်လူငယ်ကမှ မလေးစားချင်ဘူး။

၎။ သံဝိဘာဂ = ခွဲဝေလေ့ရှိခြင်း
အစားအ၀တ်မှစ၍ လူငယ်များကို ခွဲဝေပေးလေ့ရှိရမယ်။ ခေါင်းဆောင်လုပ်သူကတော့ ခမ်းခမ်းနားနား စားသောက်နေထိုင်ပြီး လူငယ်တွေကတော့ အငတ်ငတ်အပြတ်ပြတ်ဖြစ်နေလျှင် ဘယ်နေရာမှာမှ အဆင်မပြေဘူး။


၅။ ဒယာ = သနားညှာတာခြင်း
လူငယ်တွေအပေါ်မှာ အကျိုးလိုလားတဲ့ မေတ္တာစိတ်နှင့် သနားညှာတာရမှန်းသိမှ ခေါင်းဆောင် နာယကရဲ့ သြ၀ါဒကို လွယ်လွယ်ကူကူ လိုက်နာနိုင်တယ်။ မသနား မညှာတာဘူးထင်လျှင် သြ၀ါဒ(အဆုံးအမ)ကို နာခံချင်မယ် မဟုတ်ဘူး။

၆။ ဣက္ခဏာ = ကြည့်ရှုစောင့်ရှောက်ခြင်း
လူငယ်တွေအပေါ်မှာ မကျန်းမာတဲ့အခါဖြစ်စေ တစ်စုံတစ်ခု အခက်အခဲ ကြုံတဲ့အခါဖြစ်စေ ကြည့်ရှုစောင့်ရှောက်ရမယ်၊ စောင့်ရှောက်ဖော်မရလျှင် နာယကကို လေးစားချင်မယ် မဟုတ်ဘူး။ မေတ္တာကရုဏာဖြင့် အရာရာ စောင့်ရှောက်မှန်းသိလျှင် နာယက(ခေါင်းဆောင်)ပေးသော တာဝန်ကို ကျေပွန်စွာထမ်းဆောင်ချင်တဲ့စိတ် ပေါ်လာလိမ့်မယ်။

ဒါကြောင့် နာယက(ခေါင်းဆောင်)များသည် မိမိကိုယ်ကို နာယကဂုဏ် (၆)ပါးနှင့် ပြည့်စုံအောင် သတိထားစေချင်တယ်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ