တစ်ခါတစ်လေ ရှေးဟောင်းနှောင်းဖြစ်လေးတွေမိန့်ကြားတတ်ကြလို့ အောက်မေ့ဖွယ်လွမ်းဆွမ်းဖွယ် ခံစားရပြန်တယ်၊ တစ်ခါတရံမှာ ဓမ္မနှောတဲ့ ညည်းပြောပြောတဲ့ စကားများမှာလဲ လူငယ်တွေ အသိတရားရဖို့ ညွှန်ပြပေးနေသလိုပါပဲ။
တစ်နေ့သော မနက်ခင်းမှာပေါ့၊ ကျောင်းရှေ့က ပိတောက်ပင်အောက်မှာ ဆရာတော်ကြီး တစ်ပါးနဲ့ စင်္ကြန်အတူ လျှောက်နေမိပါတယ်။
အပင်အောက်က မြေပေါ်မှာ ကြွေကျနေတဲ့ ပိတောက်ရွက်တစ်ချို့ရှိနေတယ်၊ ပင်ယံထက်မှာလဲ ဝေနေတဲ့ ပိတောက်ရွက်တွေ ရှိကြတာပါပဲ၊ ကြွေနေတဲ့ ပိတောက်ရွက်ကလေးတွေ မြေခကာ ဘ၀အဆုံးသတ်နေကြပေမယ့်၊ ဝေရွက်ကလေးတွေကတော့ လေအလာမှာ မြူးမြူး ကြွကြွနဲ့ သာယာရွှင်ပြုံးနေကြဆဲပါ။ ကြွေရွက်နဲ့ဝေရွက်တွေကို ကြည့်ရင်း ရင်တွင်းမှာ အတွေးတွေက စီတန်းနေရာယူကြလေပြီ၊ မညီမညာနဲ့ပေါ့။
"အသုဘထင်တယ်"
အတူလမ်းလျှောက်နေတဲ့ ဆရာတော့အသံကြောင့် "ဟုတ်လောက်ပါ ဘုရား"လို့ ကမန်းကတန် ပြန်လျှောက်လိုက်ရတယ်လေ။
"သေတဲ့လူတွေကလည်း နေ့တိုင်းလိုရှိနေတာပါကလားကွယ်"
"မှန်ပါဘုရား"
"အင်း ဒို့လည်း ဘယ်နေ့ သေမယ် မသိဘူး၊ သေမည့်အကြောင်းမစဉ်းစားရင် လောကကြီးဟာ ပျော်စရာကောင်းတယ်လို့ဘဲ ထင်တယ်၊ စဉ်းစားမိ နှလုံးသွင်းမိရင်တော့ ပျော်စရာ မရှိတော့ဘူး။
မသေခင်လေး ပါရမီတွေ များများစုကွဲ့.. သေခြင်းတရားနဲ့ ပတ်သက်လို့ ဟိုဆရာတော်တစ်ပါး ရဲ့ ညည်းချင်းကလေး တော်တော်ကောင်းတယ်၊
တစ်နေကွယ် သေနယ်သို့ တစ်ခါကူး၊
မေးလျော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အချိန်များလျှင်ဖြင့်
သေနယ်ရွာ တစ်ခါသွားပါလိမ့်
တားမရဘူး….တဲ့။"
"မှန်ပါ ရဖူးပါအရှင်ဘုရား"
"အဲဒါရပြီး နှလုံးသွင်းရင် ကောင်းတာပေါ့ကွဲ့"
ဆရာတော်က စကားကို အဆုံးသတ်ပြီး စင်္ကြံကြွရန် ခြေလမ်းတို့ကို လှမ်းစပြုနေပါပြီ၊ မိမိကတော့ ဆရာတော်ရွတ်ပြတဲ့ ညည်းချင်းလေးကို နှလုံးသွင်းရင်း စုံရပ်နေတဲ့အတိုင်းထားဆဲပါပဲ။
မကြာလိုက်ပါ လမ်းဘက်ကနေ လေညှင်းနဲ့အတူ ပါလာတဲ့ သာယာတဲ့ သံစဉ်တွေကြောင့် နှလုံးသွင်းနေတဲ့ ညည်းချင်းကလေး ကွယ်ပျောက်ပြီး သံစဉ်လေးတွေကသာ ရင်ထဲမှာ နေရာယူပဲတင်ထပ်နေတော့တယ်၊ ဒါကို ဆရာတော်သိရင် "တယ်ပြီး လော်လီတဲ့ မောင်ပဇင်းရဲ့ စိတ်ကိုး" လို့ သြဘာပေးခံရမှာ သေချာပါတယ်။
စိတ်ဆိုတဲ့ အရာကလဲ အခက်သားလေ၊ စိတ်ကို ဒီအာရုံ မကောင်းဘူး၊ အဲဒီမသွားနဲ့ တားလို့မရ၊ လှစ်ခနဲ ပြေးသွားတတ်ပြန်တယ်၊ ဒီအာရုံက အလွန်ကောင်းတယ် ဒီမှာနေ-ဆွဲထားလို့ မရ အဲဒီအာရုံကနေ ဖြုန်းခနဲ ထွက်ပြေးသွားတတ်ပြန်တယ်။ ကိုယ်ထားရာ အာရုံမှာမနေပဲ လှစ်ခနဲ ဖြုန်းခနဲ့ ထွက်ပြေးသွားတတ်တယ်။ တစ်ခါတစ်ခါ ဘယ်ရောက်သွားမှန်းတောင် မသိလိုက်။
တစ်ခါတစ်လေတော့လည်း လိမ္မာတယ်ပြောရမလား မသိ ကိုယ်ထားချင်တဲ့နေရာမှာ ငြိမ်လို့၊ တစ်ခါတစ်လေမှာတော့ ကိုယ်က စာကြည့်နေပေမယ့် စိတ်ကလေးက လေလွင့်နေတဲ့ သစ်ရွက်ကလေးတွေနဲ့အတူ၊ တစ်ရံတစ်ဆစ်မှာတော့ ဘုရားဝတ်ပြုနေပေမယ့် စိတ်ကလေးက အမေ့အိမ်ကို ရောက်ချင်ရောက်သွားပြန်ရော။ တစ်ခါတစ်ရံမှာ ကောင်းကင်မှာ ပျံဝဲနေတဲ့ သိန်းငှက်နဲ့အတူ လေဟုန်စီးလို့။ တစ်ခါတစ်လေတော့လဲ သပိတ်တစ်လုံး သင်္ကန်းသုံးထည်နဲ့ မန္တလေး ကိန္နရာတောင်က ရွှေကျင်ဆရာတော့်ဂူမှာ၊ တစ်ခါတစ်လေတော့လဲ ကျောက်ဆည်မြို့ ဝေဘူချောင်က ရဟန္တာဂူမှာ။ ကိုယ်ကတော့ ဒီကနေ ဘယ်မှ ရွေ့မသွား။
စိတ်ဟာ ကိုယ်ထားတဲ့ အာရုံမှာ နေချင်လည်းနေတယ်၊ မနေချင်လည်း မနေ၊ မထားရာမှာ မနေချင်းလည်း မနေ၊ နေချင်လည်း နေပြန်ရော။ စိတ်ဟာ သူနေချင်သလို သူအာရုံပြုချင်သလို သူ့သွားချင်သလို ခြေမပါပဲ သွားတတ်တဲ့ အမျိုးပါကလား…ဒါကြောင့် မြတ်ဗုဒ္ဓက ယတ္ထကာမနိပါတိနော-သူသွားချင် ရာသူအာရုံကျချင်ရာ ကျတဲ့အမျိုးအစာလို့ ဟောတော်မူတာပေါ့။
ဒါဟာစိတ်ရဲ့ သဘာဝပါပဲလေ..အဲဒီလို သူကျချင်တဲ့အာရုံ သူညွတ်ချင်တဲ့ အာရုံမှာ ညွှတ်တတ်ပြီး ကိုယ်ထားသလိုမနေတာကိုပဲ အနတ္တ-လို့ ပြောရင် မှန်မယ်ထင်ပါတယ်။
အနတ္တ-ဆိုတဲ့ စကားလုံးကို အဖန်ဖန်ရွတ်ခဲ့ဖူးပါတယ်၊ ဒါပေမယ့် ရင်တွင်းမှာ မထိ၊ အပေါ်ယံမျှပါ၊ ဒီအနတ္တ-ဆိုတဲ့အသံကို ကြားရဖန်များလို့ ရိုးနေပါပြီ၊ သို့သော် ရင်းတွင်းကို မထွင်းဖောက်ခဲ့။ တွေ့ရဖန်လည်း များခဲ့ပါပြီ လင်းသွားအောင် ရှင်းသွားအောင် မမြင်ခဲ့မိသေးပါ။
အဲဒါသည်ပင်လျှင် အ၀ိဇ္ဇာလို့ ဆိုလေမလား မပြောတတ်၊ သိဖို့လည်း စိတ်ကလေးကို တစ်ခါမှ ချောင်းမကြည့်ခဲ့မိပါ၊ စိတ်ဟာ သူသဘာဝအတိုင်း သွားချင်ရာသွား လာချင်ရာလာ ကျချင်ရာအာရုံမှာ ကျပါစေ..ကိစ္စမရှိပါ။ သိအောင်သာ သတိနဲ့ အမြဲတမ်း စောင့်ကြည့်ဖို့သာလိုအပ်ပါတ ယ်တဲ့။ လောဘအာရုံသွားရင် သွားမှန်သိအောင်၊ ဒေါသအာရုံသွားရင်လည်း သွားမှန်းသိအောင်၊ ကုသိုလ်အာရုံ အကုသိုလ်အာရုံ ဘယ်အာရုံဖြစ်စေ ကိုယ့်စိတ်ကလေး သွားမှန်သိအောင် နောက်ဆုံး ဘယ်ရောက်မှန်း မသိတဲ့တိုင်အောင် သတိလေးနဲ့ စိုက်ပြီး ချောင်းကြည့်ဖို့ လိုအပ်နေပြီလေ။
အဲဒီလို တစ်ခါမှ မကြည့်မိခဲ့၊ မကြည့်မိလို့လည်း စိတ်ရဲ့ လှည့်ပတ်တိုင်း ခံနေရတာပါ။ တကယ်တမ်း စိတ်ကို အမြဲတမ်းချောင်းကြည့် နေရင် စိတ်ဟာ ကိုယ့်ကိုယ်လှည့်ပတ်လို့ မရတော့။ လောဘဖြစ် ဖြစ်မှန် ဒေါသဖြစ် ဖြစ်မှန်း သိလာပါတယ်၊ ကုသိုလ်ဖြစ်စေ အကုသိုလ်ဖြစ်စေ ဖြစ်မှန်းသိလာတော့တယ် လှည့်ပတ်ခွင့်မရတော့။ သိပါများလာရင်တော့ စိတ်ကလေး ဘယ်ပြေးပြေး၊ ဘယ်ပြေးမှန်းကို မိမိရဲ့ နောက်စိတ်က သိလာတယ်။ အဲဒီအခါမှာ မိမိရဲ့ အရှုခံ "ရှေးစိတ်" နဲ့ ရှုတတ်တဲ့ "နောက်စိတ်" နှစ်မျိုးလုံး အမြဲတစ်စေ ဖြစ်နေပုံ၊ ပျက်နေပုံကိုပါ သိလာပြီး ယထာဘူတဉာဏ်ကို ရနိုင်ပါလိမ့်မယ်။ ၁ စိတ်ကို ၂ စိတ်နဲ့ ရှုလို့ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူခဲ့တာလဲ အရှိသားလေ။
ဖြစ်ပျက်မြင်လာသည်အထိ ယထာဘူတ ဉာဏ်ကို ရလာတဲ့အခါ သင်္ခါရတရားတွေမှာ ငြီးငွေ့တဲ့ နိဗ္ဗိဒါဉာဏ်ဖြစ်ပေါ်လာမယ်၊ နိဗ္ဗိဒါဉာဏ်ဖြစ်ပေါ်လာသည်နှင့်အမျှ စိတ်ယဉ်ကျေးလာမယ်။ အဲဒီနောက်မှာတော့ ဖြစ်ပျက်ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မယ်။တဲ့
အဲဒီလို့ ဆုံးမထားတဲ့ အဆုံးအမတွေ ရှိနေပေမယ့် ကျွန်ုပ်ကတော့ ပြေးသွားနေတဲ့ စိတ်ကလေးတွေရဲ့ သဘာဝအမှန်ကို မသိဘဲ ကျရာအာရုံမှာ စိတ်နဲ့အတူတူ ပျော်လို့ကောင်းနေတုန်းမော် လို့ ကောင်းနေတုန်းပါပဲ။ ဒီတော့ ဆရာတော်က "တယ်လော်လီတဲ့ မောင်ပဇင်းရဲ့ စိတ်ကိုး" လို့ သြဘာပေးရုံတင်မက အားလုံးက ပစ်တင်ရင်လဲ ကျေနပ်စွာ ခံယူရဦးမှာပါလေ....
♣♣♣ စာကိုး၊ ဓမ္မပဒဋ္ဌကထာ၊ ဓမ္မပဒ(ဦးရွှေအောင်)။
အားလုံး ရွှင်လန်းကြပါစေ..၊
တစ်နေ့သော မနက်ခင်းမှာပေါ့၊ ကျောင်းရှေ့က ပိတောက်ပင်အောက်မှာ ဆရာတော်ကြီး တစ်ပါးနဲ့ စင်္ကြန်အတူ လျှောက်နေမိပါတယ်။
အပင်အောက်က မြေပေါ်မှာ ကြွေကျနေတဲ့ ပိတောက်ရွက်တစ်ချို့ရှိနေတယ
"အသုဘထင်တယ်"
အတူလမ်းလျှောက်နေတဲ့ ဆရာတော့အသံကြောင့် "ဟုတ်လောက်ပါ ဘုရား"လို့ ကမန်းကတန် ပြန်လျှောက်လိုက်ရတယ်လေ။
"သေတဲ့လူတွေကလည်း နေ့တိုင်းလိုရှိနေတာပါကလားက
"မှန်ပါဘုရား"
"အင်း ဒို့လည်း ဘယ်နေ့ သေမယ် မသိဘူး၊ သေမည့်အကြောင်းမစဉ်းစားရင် လောကကြီးဟာ ပျော်စရာကောင်းတယ်လို့ဘဲ ထင်တယ်၊ စဉ်းစားမိ နှလုံးသွင်းမိရင်တော့ ပျော်စရာ မရှိတော့ဘူး။
မသေခင်လေး ပါရမီတွေ များများစုကွဲ့.. သေခြင်းတရားနဲ့ ပတ်သက်လို့ ဟိုဆရာတော်တစ်ပါး ရဲ့ ညည်းချင်းကလေး တော်တော်ကောင်းတယ်၊
တစ်နေကွယ် သေနယ်သို့ တစ်ခါကူး၊
မေးလျော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အချိန်များလျှင်ဖြင့်
သေနယ်ရွာ တစ်ခါသွားပါလိမ့်
တားမရဘူး….တဲ့။"
"မှန်ပါ ရဖူးပါအရှင်ဘုရား"
"အဲဒါရပြီး နှလုံးသွင်းရင် ကောင်းတာပေါ့ကွဲ့"
ဆရာတော်က စကားကို အဆုံးသတ်ပြီး စင်္ကြံကြွရန် ခြေလမ်းတို့ကို လှမ်းစပြုနေပါပြီ၊ မိမိကတော့ ဆရာတော်ရွတ်ပြတဲ့ ညည်းချင်းလေးကို နှလုံးသွင်းရင်း စုံရပ်နေတဲ့အတိုင်းထားဆဲပါပ
မကြာလိုက်ပါ လမ်းဘက်ကနေ လေညှင်းနဲ့အတူ ပါလာတဲ့ သာယာတဲ့ သံစဉ်တွေကြောင့် နှလုံးသွင်းနေတဲ့ ညည်းချင်းကလေး ကွယ်ပျောက်ပြီး သံစဉ်လေးတွေကသာ ရင်ထဲမှာ နေရာယူပဲတင်ထပ်နေတော့တယ်၊ ဒါကို ဆရာတော်သိရင် "တယ်ပြီး လော်လီတဲ့ မောင်ပဇင်းရဲ့ စိတ်ကိုး" လို့ သြဘာပေးခံရမှာ သေချာပါတယ်။
စိတ်ဆိုတဲ့ အရာကလဲ အခက်သားလေ၊ စိတ်ကို ဒီအာရုံ မကောင်းဘူး၊ အဲဒီမသွားနဲ့ တားလို့မရ၊ လှစ်ခနဲ ပြေးသွားတတ်ပြန်တယ်၊ ဒီအာရုံက အလွန်ကောင်းတယ် ဒီမှာနေ-ဆွဲထားလို့ မရ အဲဒီအာရုံကနေ ဖြုန်းခနဲ ထွက်ပြေးသွားတတ်ပြန်တယ်။ ကိုယ်ထားရာ အာရုံမှာမနေပဲ လှစ်ခနဲ ဖြုန်းခနဲ့ ထွက်ပြေးသွားတတ်တယ်။ တစ်ခါတစ်ခါ ဘယ်ရောက်သွားမှန်းတောင် မသိလိုက်။
တစ်ခါတစ်လေတော့လည်း လိမ္မာတယ်ပြောရမလား မသိ ကိုယ်ထားချင်တဲ့နေရာမှာ ငြိမ်လို့၊ တစ်ခါတစ်လေမှာတော့ ကိုယ်က စာကြည့်နေပေမယ့် စိတ်ကလေးက လေလွင့်နေတဲ့ သစ်ရွက်ကလေးတွေနဲ့အတူ၊ တစ်ရံတစ်ဆစ်မှာတော့ ဘုရားဝတ်ပြုနေပေမယ့် စိတ်ကလေးက အမေ့အိမ်ကို ရောက်ချင်ရောက်သွားပြန်ရော။
စိတ်ဟာ ကိုယ်ထားတဲ့ အာရုံမှာ နေချင်လည်းနေတယ်၊ မနေချင်လည်း မနေ၊ မထားရာမှာ မနေချင်းလည်း မနေ၊ နေချင်လည်း နေပြန်ရော။ စိတ်ဟာ သူနေချင်သလို သူအာရုံပြုချင်သလို သူ့သွားချင်သလို ခြေမပါပဲ သွားတတ်တဲ့ အမျိုးပါကလား…ဒါကြောင့် မြတ်ဗုဒ္ဓက ယတ္ထကာမနိပါတိနော-သူသွားချင်
ဒါဟာစိတ်ရဲ့ သဘာဝပါပဲလေ..အဲဒီလို သူကျချင်တဲ့အာရုံ သူညွတ်ချင်တဲ့ အာရုံမှာ ညွှတ်တတ်ပြီး ကိုယ်ထားသလိုမနေတာကိုပဲ အနတ္တ-လို့ ပြောရင် မှန်မယ်ထင်ပါတယ်။
အနတ္တ-ဆိုတဲ့ စကားလုံးကို အဖန်ဖန်ရွတ်ခဲ့ဖူးပါတယ်၊ ဒါပေမယ့် ရင်တွင်းမှာ မထိ၊ အပေါ်ယံမျှပါ၊ ဒီအနတ္တ-ဆိုတဲ့အသံကို ကြားရဖန်များလို့ ရိုးနေပါပြီ၊ သို့သော် ရင်းတွင်းကို မထွင်းဖောက်ခဲ့။ တွေ့ရဖန်လည်း များခဲ့ပါပြီ လင်းသွားအောင် ရှင်းသွားအောင် မမြင်ခဲ့မိသေးပါ။
အဲဒါသည်ပင်လျှင် အ၀ိဇ္ဇာလို့ ဆိုလေမလား မပြောတတ်၊ သိဖို့လည်း စိတ်ကလေးကို တစ်ခါမှ ချောင်းမကြည့်ခဲ့မိပါ၊ စိတ်ဟာ သူသဘာဝအတိုင်း သွားချင်ရာသွား လာချင်ရာလာ ကျချင်ရာအာရုံမှာ ကျပါစေ..ကိစ္စမရှိပါ။ သိအောင်သာ သတိနဲ့ အမြဲတမ်း စောင့်ကြည့်ဖို့သာလိုအပ်ပါတ
အဲဒီလို တစ်ခါမှ မကြည့်မိခဲ့၊ မကြည့်မိလို့လည်း စိတ်ရဲ့ လှည့်ပတ်တိုင်း ခံနေရတာပါ။ တကယ်တမ်း စိတ်ကို အမြဲတမ်းချောင်းကြည့် နေရင် စိတ်ဟာ ကိုယ့်ကိုယ်လှည့်ပတ်လို့ မရတော့။ လောဘဖြစ် ဖြစ်မှန် ဒေါသဖြစ် ဖြစ်မှန်း သိလာပါတယ်၊ ကုသိုလ်ဖြစ်စေ အကုသိုလ်ဖြစ်စေ ဖြစ်မှန်းသိလာတော့တယ် လှည့်ပတ်ခွင့်မရတော့။ သိပါများလာရင်တော့ စိတ်ကလေး ဘယ်ပြေးပြေး၊ ဘယ်ပြေးမှန်းကို မိမိရဲ့ နောက်စိတ်က သိလာတယ်။ အဲဒီအခါမှာ မိမိရဲ့ အရှုခံ "ရှေးစိတ်" နဲ့ ရှုတတ်တဲ့ "နောက်စိတ်" နှစ်မျိုးလုံး အမြဲတစ်စေ ဖြစ်နေပုံ၊ ပျက်နေပုံကိုပါ သိလာပြီး ယထာဘူတဉာဏ်ကို ရနိုင်ပါလိမ့်မယ်။ ၁ စိတ်ကို ၂ စိတ်နဲ့ ရှုလို့ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူခဲ့တာလဲ အရှိသားလေ။
ဖြစ်ပျက်မြင်လာသည်အထိ ယထာဘူတ ဉာဏ်ကို ရလာတဲ့အခါ သင်္ခါရတရားတွေမှာ ငြီးငွေ့တဲ့ နိဗ္ဗိဒါဉာဏ်ဖြစ်ပေါ်လာမယ်၊ နိဗ္ဗိဒါဉာဏ်ဖြစ်ပေါ်လာသည်နှင
အဲဒီလို့ ဆုံးမထားတဲ့ အဆုံးအမတွေ ရှိနေပေမယ့် ကျွန်ုပ်ကတော့ ပြေးသွားနေတဲ့ စိတ်ကလေးတွေရဲ့ သဘာဝအမှန်ကို မသိဘဲ ကျရာအာရုံမှာ စိတ်နဲ့အတူတူ ပျော်လို့ကောင်းနေတုန်းမော်
♣♣♣ စာကိုး၊ ဓမ္မပဒဋ္ဌကထာ၊ ဓမ္မပဒ(ဦးရွှေအောင်)။
အားလုံး ရွှင်လန်းကြပါစေ..၊
