်လို့ သတ်မှတ်လိုက်ကြတာလား ဒါမှမဟုတ် ဘယ်သူက ဒီဟာမျိုးကို အမှိုက်လို့ ခေါ်ဟေ့လို့ တီထွင်ခဲတာလဲ စသည်ဖြင့် အတွေးရွက်လွင့်မိပါသေးတယ်။
ကျွန်ုပ်လဲ ကြွေရွက်တွေကို အများနည်းတူ အမှိုက်ဆိုပြီးတော့ တံမြက်တစ်ချောင်းနဲ့ လှည်းထုတ်လိုက်တယ်၊ အဲလိုလှည်းထုတ်လိုက်ပြန်တော့ လဲ သူတို့လေးတွေက ဘာမျှ မတုန့်ပြန်နိုင်ကြရှာပါဘူး၊ ဒါပေမယ့် တစ်ခါတစ်ခါ လေပြေလေညင်းလေးတွေရဲ့ အကူအညီကို ရတဲ့အခါ ပြန်ပြန်ပြီးတော့ ပြေးလာတတ်သေးတယ်ဗျ၊ သူတို့နေရာဟောင်းကိုပေါ့။ သြော် သူတို့တစ်တွေလဲ အကူအညီရှိရင် အင်အားရှိသွားလို့ လူသားကိုတောင် ပမာမခန့်လုပ်တတ်ကြသေးတာကိုး လို့ ကြောင်တောင်တောင် အတွေးနဲ့အတူ။
ငယ်ငယ်က ရခဲ့ဘူးတဲ့ တံမြက်လှည်းရခြင်းအကျိုးကျေးဇူးကဗျာကလေးက ကျွန်ုပ်နုတ်ဖျားဆိုတဲ့ စပီကာကနေ လျပ်စစ်နဲ့ ဂျွမ်းစရာမလို ဓာတ်ခဲထည့်စရာမလို ဘက်ထရီမပါပဲ ပေါ်ထွက်လာတယ်၊
သူများစိတ်ကြည်၊ ကိုယ့်စိတ်ကြည်နှင့်၊ တစ်လီနတ်ချစ်၊ ရောင်လစ်ဆင်းလှ၊ သေကာလမှာ၊ ရောက်ရနတ်ပြေ၊ ဤငါးထွေ မှတ်လေ တံမြက်လှည်းခြင်းအကျိုးတည်း ..တဲ့။
တံမြက်လှည်းသူဟာ အကျိုးကျေးဇူး ငါးပါးကို ရရှိခံစားရမှာပါတဲ့။
၁။ ကိုယ့်စိတ်ကြည်လင်ခြင်းအကျိုးကျေးဇူး။
၂။ သူတစ်ပါးစိတ်ကြည်လင်ခြင်းအကျိုးကျေးဇူ။
၃။ နတ်တွေနှစ်သက်တယ် (၀မ်းမြောက်တယ်)ဆိုတဲ့အကျိုး။
၎။ စိတ်ကြည်လင်ခြင်းကိုဖြစ်စေတ တ်တဲ့ကံ (ရုပ်လှကြောင်းကံကို) ဆည်းပူးရာရောက်တယ်။
၅။ ကွယ်လွန်ပြီး ဒီတံမြက်လှည်းခြင်း စေတနာက အကျိုးပေးခွင့်ရလျှင် လူ့ပြည့် နတ်ပြည်ရောက်နိုင်တယ်။ ဆိုပြီး ၀ိနယပိဋကတ် ပရိဝါ ပါဠိတော်မှာ မိန့်တော်မူပါတယ်။
ဒါနဲ့ပတ်သက်လို့ တံမြက်လှည်းရင်း နိဗ္ဗာန်မြက်မှောက်ပြုသွားတဲ့  မထေရ်တစ်ပါးအကြောင်း ပြောပြချင်ပါတယ်။
ရှေးတုန်းက ဖုဿဒေ၀အမည်ရှိတဲ့ ရဟန်းတော်တစ်ပါးဟာစေတီအပြင်ကို တံမြက် လှည်းအပြီးမှာ သန့်ရှင်းသော စေတီအပြင်ကိုကြည့်ရင်း သက်တော် ထင်ရှား မြတ်စွာဘုရားကို အာရုံပြုလို့ နှစ်သက် သော (ပီတိ) စိတ်ဖြစ်နေသတဲ့။
အဲဒီအခါ မာရ်နတ်က နှောက်ယှက်လိုတဲ့ သဘောနဲ့ မျောက်ညိုကြီးဟန်ဆောင်ပြီး နွားချေး တွေကို စေတီရင်ပြင်တော်မှာ ကြဲဖြန့်ပြီး ပြေးသွားပါတယ်။ ရဟန်းတော်ဟာ အဲဒီနှောက်ယှက်မှုကြောင့် ထိုနေ့၌ တရားထူးရအောင် အာရုံမပြုနိုင်တောဘူးပေါ့၊ ဒုတိယနေ့မှာလည်း နွားအိုယောင်ဆောင်ပြီး လာရောက်နှောက်ယှက် ပြန်ပါတယ်။
တတိယနေ့ကျတော့ အရုပ်ခပ်ဆိုးဆိုး ယောကျာ်း ယောင်ဆောင်ပြီး နှောက်ယှက်ပြန်တာပေါ့၊ သူ့ကိုမြင်တော့ မထေရ်ကစဉ်းစားတယ် "ဒီလိုလူမျိုး ဒီနယ်မှာ မမြင်ဖူးဘူး မာရ်နတ် ဖြစ်လေသလား" ပေါ့။
စဉ်းစားပြီး မေးလိုက်တော့ မာရ်နတ်ဟုတ်တဲ့အကြောင်းဝန်ခံရပါတော့တယ်။ "သင်ဟာ မာရ်နတ်ဆိုရင် ဘုရားရှင်၏ ပုံတော်ကိုဖန်ဆင်းပြစမ်းပါ" လို့ တောင်းပန်တဲ့အတွက် "တကယ်တူအောင်တော့ မဖန်ဆင်းနိုင်ပါ၊ အတု လောက်သာပြနိုင်ပါတယ်" လို့ ပြောပြီး ဘုရားပုံတော်ကို ဖန်ဆင်း ပြလိုက်တော့ ရဟန်းတော်ရဲ့ စိတ်ထဲမှာ--
"အတုဖြစ်တဲ့ ပုံတော်တောင် ဒီလောက် သပ္ပာယ်တော်မူသေးရင်၊ အတွင်းစိတ်တော်မှာ ရာဂ ဒေါသ မောဟစသော အညစ်အကြေးကင်းစင်ပြီး သန့်ရှင်းနေတဲ့ ဘုရား အစစ်မှာ ဘယ်လောက် သပ္ပာယ်တော်မူလိုက်မလဲနော်.. " လို့ တွေးတောပြီး အလွန်နှစ်သက်ကြည်ညိုတဲ့ (ပီတိ)စိတ်တွေ တဖွားဖွားဖြစ်ပေါ်နေပါသတဲ့။
အဲဒီပီတိစိတ်ကိုပဲ စိတ် တစ်ခုပြီးတစ်ခု ပြောင်းလွှဲပြီး ဖြစ်သောကြောင့် မမြဲသော အနိစ္စတရား၊ စိတ်တစ်ခု တစ်ခု ချုပ်ဆုံးခြင်းဟာ် (လူတစ်ယောက် သေဆုံးခြင်းလိုပဲ) ဆင်းရဲသော ဒုက္ခတရား၊ တစ်ခုပြီးတစ်ခု ပျက်နေတဲ့အတွက် ခိုင်မြဲစရာ အနှစ်အသား (အသက်) မပါသော အနတ္တ တရားဟု ဝိပဿနာ ကမ္မဋ္ဌာန်း ရှုလိုက်ပါတယ်။
အဲသလို ပီတိစိတ်ကို အနိစ္စ ဒုက္ခ အနတ္တဟု မြင်နေသလိုပဲ တစ်ကိုယ်လုံးလည်း အနိစ္စ ဒုက္ခ အနတ္တတွေပဲလို့ ထင်လာတဲ့အခါ အလွန်နက်နဲတဲ့ အသိ အမြင်မှန် (သမ္မာဒိဋ္ဌိမဂ္ဂင်) ဖြစ်နေတဲ့အတွက်ကြောင့် အဲဒီပီတိစိတ်ရဲ့ အနိစ္စ ဒုက္ခ အနတ္တဖြစ်ပုံကို အထပ်ထပ် အမှတ်ရနေတဲ့ သမ္မာသတိမဂ္ဂင်နှင့် တည်ကြည် နေတဲ့ သမ္မာသမာဓိမဂ္ဂင်ကို လက်မလွှတ်ဘဲ သမ္မာဝါယာမ မဂ္ဂင်နဲ့ အစဉ်တစိုက် ကြိုးစားလေတော့ တစ်ခဏချင်းပင် ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ကိုလည်း မျက်မှောက်ပြုနိုင်သွားပါတော့တယ်။
ဒီဝတ္ထုကို ဖတ်လိုက်ရတော့ အတုကို အသုံးချသွားပုံလေးကို သဘောကျလိုက်မိတယ်။ ဟုတ်တယ် အတုအစစ်က ပဓာနမဟုတ်ဘူးလေ.. အသုံးချတတ်ဖို့ ဉာဏ်ပညာရှိဖို့သာ အဓိကပါ လို့လဲ မရဲတရဲ မှတ်ချက်ကလေး ချမိလိုက်ပါသေးတယ်။
အသုံးချပညာရှိရင်တော့ အသုံးကျသွားတော့တာပါပဲ၊ လောကမှာ အဆိပ်ဆိုတာ လူတွေကို သေစေနိုင်ပါတယ်၊ ဒါပေမယ့် အသုံးချတတ်သူအတွက်တော့ တန်းဘိုးမဖြတ်နိုင်တဲ့ တကယ့် ဆေးစွမ်းကောင်းတလက်ဖြစ်သွား နိုင်ပါတယ်။
ကျွန်ုပ်တို့ အသုံးချဖို့ လိုအပ်တယ်၊ အသုံးကျအောင် အသုံးချတတ်ဖို့ ပညာတွေ လိုအပ်တယ်၊ အဲဒါတွေကို လေ့ကျင့်ရမယ်၊ သင်ယူရမယ်၊ လေ့လာရမယ်လေ။ မျက်စိပါလာတယ် ဘယ်လိုအသုံချမလဲ အကောင်းမှာလား အဆိုးမှာလား၊ နားကိုရော၊ နုတ်ခမ်းကိုရော၊ ခြေတွေလက်တွေအစ စိတ်ဓာတ်အဆုံး..ရှိနေကြပါတယ်။ ရှိနေကြပေမယ့် အသုံးချကြပုံကတော့ တစ်ဦးနဲ့တစ်ဦး မတူညီတာတွေ နေ့စဉ်ဘ၀မှာ တွေ့နေရပါတယ်။
အသုံးချတတ်မှ အသုံးကျမှာပါ အသုံးကျမှလည်း အဲဒီအသုံးကျမှုအပေါ် တန်ဘိုးရှိမရှိ ဆုံးဖြတ်ကြမှာပါ။ ကျွန်ုပ် တံမြက်စည်းနဲ့ ခပ်လှည်းဖယ်ပစ်တဲ့ သစ်ရွက်ကလေးတွေကို ကျွန်ုပ်ကတော့ အမှိုက်လို အသုံးချလိုက်ပါတယ်၊ ဒါကြောင့် ကျွန်ုပ်ဟာ အဲဒီအမှိုက်ဟာ တန်ဘိုးမရှိဘူးလို့ မြင်ပါတယ်၊ လယ်ယာဘေးနားမှာတော့ ကျေးရွာစွန့်ပစ် အမှိုက် လယ်ယာမြေ ရတနာသိုက်တဲ့..ကဲ့ ကျွန်ုပ်စွန့်ပစ်တဲ့ အမှိုက်က ရတနာတန်းတောင် ၀င်သွားပါပေါ့လား။
ကဲပါ နည်းနည်းရှည်သွားပြီ ဆင်းတုတော်ဟာ အတုပါ၊ သို့သော် အသုံးချတတ်ဖို့၊ အတုပါဆိုပြီး အထင်မသေးဖို့၊ နိဗ္ဗာန်အထိတောင် အဲဒီဆင်းတုတော်က မြှင့်တင်ပေးနိုင်ပါတယ်၊ သို့သော် မိမိတို့ သန္တာန်မှာတော့ အသုံးချပညာရှိဖို့တော့ လိုအပ်တယ် ဆိုတာ ဖုဿဒေ၀မထေရ်က သက်သေပြသွားပါပြီမဟုတ်လားလေ …..
ခုတော့ ကြွေရွက်တွေကို အမှိုက်အဖြစ်အများနည်းတူ သတ်မှတ်ရင်းနဲ့ စုပုံရင်း အမှိုက်လှည်းနေတုန်းပါ... တကယ်တော့ သစ်ရွက်ကို အမှိုက်လို့ ကင်ပွန်းမတပ်ချင်ဘူး၊ မရှုံ့ချချင်ဘူး၊ ဒါပေမယ့် အသုံးချပညာမှ ကိုယ့်ဆီမရှိသေးတာမို့ တံမြက်စည်း ကိုင်းပြီး ဖယ်ရှားနေရဦးမှာပါလေ၊ နောက်နေ့ နောက်နေ့တွေရောပေါ့......
အားလုံးရွှင်လန်းချမ်းမြေ့ကြ ပါစေ...
♣♣♣ ပန်းချီ ဝေလင်းအောင် ဆိုက်မှဖြစ်သည်။
ကျွန်ုပ်လဲ ကြွေရွက်တွေကို အများနည်းတူ အမှိုက်ဆိုပြီးတော့ တံမြက်တစ်ချောင်းနဲ့ လှည်းထုတ်လိုက်တယ်၊ အဲလိုလှည်းထုတ်လိုက်ပြန်တော
ငယ်ငယ်က ရခဲ့ဘူးတဲ့ တံမြက်လှည်းရခြင်းအကျိုးကျေ
သူများစိတ်ကြည်၊ ကိုယ့်စိတ်ကြည်နှင့်၊ တစ်လီနတ်ချစ်၊ ရောင်လစ်ဆင်းလှ၊ သေကာလမှာ၊ ရောက်ရနတ်ပြေ၊ ဤငါးထွေ မှတ်လေ တံမြက်လှည်းခြင်းအကျိုးတည်း
တံမြက်လှည်းသူဟာ အကျိုးကျေးဇူး ငါးပါးကို ရရှိခံစားရမှာပါတဲ့။
၁။ ကိုယ့်စိတ်ကြည်လင်ခြင်းအကျိ
၂။ သူတစ်ပါးစိတ်ကြည်လင်ခြင်းအက
၃။ နတ်တွေနှစ်သက်တယ် (၀မ်းမြောက်တယ်)ဆိုတဲ့အကျို
၎။ စိတ်ကြည်လင်ခြင်းကိုဖြစ်စေတ
၅။ ကွယ်လွန်ပြီး ဒီတံမြက်လှည်းခြင်း စေတနာက အကျိုးပေးခွင့်ရလျှင် လူ့ပြည့် နတ်ပြည်ရောက်နိုင်တယ်။ ဆိုပြီး ၀ိနယပိဋကတ် ပရိဝါ ပါဠိတော်မှာ မိန့်တော်မူပါတယ်။
ဒါနဲ့ပတ်သက်လို့ တံမြက်လှည်းရင်း နိဗ္ဗာန်မြက်မှောက်ပြုသွားတဲ
ရှေးတုန်းက ဖုဿဒေ၀အမည်ရှိတဲ့ ရဟန်းတော်တစ်ပါးဟာစေတီအပြင
အဲဒီအခါ မာရ်နတ်က နှောက်ယှက်လိုတဲ့ သဘောနဲ့ မျောက်ညိုကြီးဟန်ဆောင်ပြီး နွားချေး တွေကို စေတီရင်ပြင်တော်မှာ ကြဲဖြန့်ပြီး ပြေးသွားပါတယ်။ ရဟန်းတော်ဟာ အဲဒီနှောက်ယှက်မှုကြောင့် ထိုနေ့၌ တရားထူးရအောင် အာရုံမပြုနိုင်တောဘူးပေါ့၊ ဒုတိယနေ့မှာလည်း နွားအိုယောင်ဆောင်ပြီး လာရောက်နှောက်ယှက် ပြန်ပါတယ်။
တတိယနေ့ကျတော့ အရုပ်ခပ်ဆိုးဆိုး ယောကျာ်း ယောင်ဆောင်ပြီး နှောက်ယှက်ပြန်တာပေါ့၊ သူ့ကိုမြင်တော့ မထေရ်ကစဉ်းစားတယ် "ဒီလိုလူမျိုး ဒီနယ်မှာ မမြင်ဖူးဘူး မာရ်နတ် ဖြစ်လေသလား" ပေါ့။
စဉ်းစားပြီး မေးလိုက်တော့ မာရ်နတ်ဟုတ်တဲ့အကြောင်းဝန်ခ
"အတုဖြစ်တဲ့ ပုံတော်တောင် ဒီလောက် သပ္ပာယ်တော်မူသေးရင်၊ အတွင်းစိတ်တော်မှာ ရာဂ ဒေါသ မောဟစသော အညစ်အကြေးကင်းစင်ပြီး သန့်ရှင်းနေတဲ့ ဘုရား အစစ်မှာ ဘယ်လောက် သပ္ပာယ်တော်မူလိုက်မလဲနော်..
အဲဒီပီတိစိတ်ကိုပဲ စိတ် တစ်ခုပြီးတစ်ခု ပြောင်းလွှဲပြီး ဖြစ်သောကြောင့် မမြဲသော အနိစ္စတရား၊ စိတ်တစ်ခု တစ်ခု ချုပ်ဆုံးခြင်းဟာ် (လူတစ်ယောက် သေဆုံးခြင်းလိုပဲ) ဆင်းရဲသော ဒုက္ခတရား၊ တစ်ခုပြီးတစ်ခု ပျက်နေတဲ့အတွက် ခိုင်မြဲစရာ အနှစ်အသား (အသက်) မပါသော အနတ္တ တရားဟု ဝိပဿနာ ကမ္မဋ္ဌာန်း ရှုလိုက်ပါတယ်။
အဲသလို ပီတိစိတ်ကို အနိစ္စ ဒုက္ခ အနတ္တဟု မြင်နေသလိုပဲ တစ်ကိုယ်လုံးလည်း အနိစ္စ ဒုက္ခ အနတ္တတွေပဲလို့ ထင်လာတဲ့အခါ အလွန်နက်နဲတဲ့ အသိ အမြင်မှန် (သမ္မာဒိဋ္ဌိမဂ္ဂင်) ဖြစ်နေတဲ့အတွက်ကြောင့် အဲဒီပီတိစိတ်ရဲ့ အနိစ္စ ဒုက္ခ အနတ္တဖြစ်ပုံကို အထပ်ထပ် အမှတ်ရနေတဲ့ သမ္မာသတိမဂ္ဂင်နှင့် တည်ကြည် နေတဲ့ သမ္မာသမာဓိမဂ္ဂင်ကို လက်မလွှတ်ဘဲ သမ္မာဝါယာမ မဂ္ဂင်နဲ့ အစဉ်တစိုက် ကြိုးစားလေတော့ တစ်ခဏချင်းပင် ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ကိုလည်း မျက်မှောက်ပြုနိုင်သွားပါတေ
ဒီဝတ္ထုကို ဖတ်လိုက်ရတော့ အတုကို အသုံးချသွားပုံလေးကို သဘောကျလိုက်မိတယ်။ ဟုတ်တယ် အတုအစစ်က ပဓာနမဟုတ်ဘူးလေ.. အသုံးချတတ်ဖို့ ဉာဏ်ပညာရှိဖို့သာ အဓိကပါ လို့လဲ မရဲတရဲ မှတ်ချက်ကလေး ချမိလိုက်ပါသေးတယ်။
အသုံးချပညာရှိရင်တော့ အသုံးကျသွားတော့တာပါပဲ၊ လောကမှာ အဆိပ်ဆိုတာ လူတွေကို သေစေနိုင်ပါတယ်၊ ဒါပေမယ့် အသုံးချတတ်သူအတွက်တော့ တန်းဘိုးမဖြတ်နိုင်တဲ့ တကယ့် ဆေးစွမ်းကောင်းတလက်ဖြစ်သွား
ကျွန်ုပ်တို့ အသုံးချဖို့ လိုအပ်တယ်၊ အသုံးကျအောင် အသုံးချတတ်ဖို့ ပညာတွေ လိုအပ်တယ်၊ အဲဒါတွေကို လေ့ကျင့်ရမယ်၊ သင်ယူရမယ်၊ လေ့လာရမယ်လေ။ မျက်စိပါလာတယ် ဘယ်လိုအသုံချမလဲ အကောင်းမှာလား အဆိုးမှာလား၊ နားကိုရော၊ နုတ်ခမ်းကိုရော၊ ခြေတွေလက်တွေအစ စိတ်ဓာတ်အဆုံး..ရှိနေကြပါတယ
အသုံးချတတ်မှ အသုံးကျမှာပါ အသုံးကျမှလည်း အဲဒီအသုံးကျမှုအပေါ် တန်ဘိုးရှိမရှိ ဆုံးဖြတ်ကြမှာပါ။ ကျွန်ုပ် တံမြက်စည်းနဲ့ ခပ်လှည်းဖယ်ပစ်တဲ့ သစ်ရွက်ကလေးတွေကို ကျွန်ုပ်ကတော့ အမှိုက်လို အသုံးချလိုက်ပါတယ်၊ ဒါကြောင့် ကျွန်ုပ်ဟာ အဲဒီအမှိုက်ဟာ တန်ဘိုးမရှိဘူးလို့ မြင်ပါတယ်၊ လယ်ယာဘေးနားမှာတော့ ကျေးရွာစွန့်ပစ် အမှိုက် လယ်ယာမြေ ရတနာသိုက်တဲ့..ကဲ့ ကျွန်ုပ်စွန့်ပစ်တဲ့ အမှိုက်က ရတနာတန်းတောင် ၀င်သွားပါပေါ့လား။
ကဲပါ နည်းနည်းရှည်သွားပြီ ဆင်းတုတော်ဟာ အတုပါ၊ သို့သော် အသုံးချတတ်ဖို့၊ အတုပါဆိုပြီး အထင်မသေးဖို့၊ နိဗ္ဗာန်အထိတောင် အဲဒီဆင်းတုတော်က မြှင့်တင်ပေးနိုင်ပါတယ်၊ သို့သော် မိမိတို့ သန္တာန်မှာတော့ အသုံးချပညာရှိဖို့တော့ လိုအပ်တယ် ဆိုတာ ဖုဿဒေ၀မထေရ်က သက်သေပြသွားပါပြီမဟုတ်လားလေ
ခုတော့ ကြွေရွက်တွေကို အမှိုက်အဖြစ်အများနည်းတူ သတ်မှတ်ရင်းနဲ့ စုပုံရင်း အမှိုက်လှည်းနေတုန်းပါ... တကယ်တော့ သစ်ရွက်ကို အမှိုက်လို့ ကင်ပွန်းမတပ်ချင်ဘူး၊ မရှုံ့ချချင်ဘူး၊ ဒါပေမယ့် အသုံးချပညာမှ ကိုယ့်ဆီမရှိသေးတာမို့ တံမြက်စည်း ကိုင်းပြီး ဖယ်ရှားနေရဦးမှာပါလေ၊ နောက်နေ့ နောက်နေ့တွေရောပေါ့......
အားလုံးရွှင်လန်းချမ်းမြေ့ကြ
♣♣♣ ပန်းချီ ဝေလင်းအောင် ဆိုက်မှဖြစ်သည်။
