♣♣ ပလ္လင်္က သတ္တာဟ စံနေတော်မူပုံ ♣♣
၁။ ဘုန်းရောင်ထွန်းထိန်၊ စောမုနိန်။
၁။ ဘုန်းရောင်ထွန်းထိန်၊ စောမုနိန်။
ပညိနြေ္ဒ၊ ချွေရာမှန်ဘိ၊ ဗောဓိ ကြငှန်း၊ ရွှေညောင်နန်းဝယ်၊ ထူးဆန်းအံ့လောက်၊
မြေမှပေါက်သား၊ ရောင်တောက်မာရ်နှင်၊ ရွှေပလ္လင်ထက်၊
သဗ္ဗညုတ၊ ဉာဏ်ကိုရပြီး၊ သတ္တာဟရက်၊ ဖွဲ့ခွေလျက်ပင်၊
ငြိမ်သက်တင့်တယ်၊ သုံးစမ္ပယ်သည်။ ။ဘုန်းကြွယ် လက်ဦးဘွယ်ပေကို။
♣♣ အနိမိသ သတ္တာဟ စံနေတော်မူပုံ ♣♣
၂။ နှစ်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ မာရပယ်လှန်၊ ပလ္လင်ပျံမှ၊
ဧသန်တူရူ၊ ရပ်တော်မူလျက်၊ ကြည်ဖြူ ငြိမ်းချမ်း၊ ပလ္လင်နန်းကို၊
ဖြောင့်တမ်းစက္ခု၊ စိမ်းစိမ်းရှုလျက်၊ သုံးလူ့ရှင်ပင်၊ ပျော်စံ
ရွှင်သည်။ ။ကြည်လင်ညွတ်နူး ဘွယ်ပေကို။
♣♣ စင်္ကမ သတ္တာဟ စံနေတော်မူပုံ ♣♣
၃။ သုံးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ မြောက်
ခွင်ဥတ္တရာ၊ စင်္ကြံသာ၌၊ လူးလာတုံ့ခေါက်၊ ကြွချီလျှောက်၍၊
ဘုန်းတောက်ဘုရား၊ ပျော်စံစားသည်။ ။ တရား ဆင်ခြင်
လျက်ပေကို။
♣♣ ရတနာဃရ သတ္တာဟ စံနေတော်မူပုံ♣♣
၎။ လေးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်နှင့်၊ ပလ္လင်
ထွန်းတောက်၊ အနောက်မြောက်ဝယ်၊ အံ့လောက်ဘွယ်ရာ၊
ရတနာ ရိပ်ငြိမ်၊ စံရွှေအိမ်၌၊ ကြိမ်ကြိမ်ဘန်ခါ၊ ဘိဓမ္မာကို၊
မဟာဉာဏ၊ သာဂရဖြင့်၊ ဗုဒ္ဓရှင်ပင်၊ သုံးဆင်ခြင်သည်။ ။
ရောင်ရှင်ခြောက်ဖြာ ညီးလို့ကို။
♣♣ အဇပါလ သတ္တဟ စံနေတော်မူပုံ ♣♣
၅။ ငါးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ ရှေ့ခွင် ပြုဗ္ဗာ၊
ရပ်ဒိသာဝယ်၊ ကြီးစွာမြင့်ခေါင်၊ ဆိတ်ကျောင်းညောင်၌၊
ဘုန်းခေါင်ပရမေ၊ စမ္ပာယ်နေသည်။ ။ ရိုသေမြတ်နိုး
ဘွယ်ပေကို။
♣♣ မုဉ္စလိန္ဒ သတ္တာဟ စံနေတော်မူပုံ ♣♣
၆။ ခြောက်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ပလ္လင်ရွှေညောင်၊
အရှေ့တောင်၌၊ မြရောင်လိုလို၊ ရေညိုပြည့်လျှမ်း၊ ကြာပန်း
ညွတ်ရုံ၊ ပန်းမျိုးစုံသည်၊ မုဉ္စလိန္ဒာ၊ အိုင်သာဖြန့်ကျင်း၊
ကျည်းပင်ရင်းဝယ်၊ သနင်းလူ့ဆွေ၊ စမ္ပယ်နေသော်၊ မိုးလေ
ထန်ပြင်း၊ သွန်းချခြင်းကြောင့်၊ြွေမမင်းရန်ဟန့်၊ ပါးပျဉ်း ဖြန့်လျက်၊
ချီးအံ့တန်ခိုး၊ ဆောင်းကာမိုးသည်။ ။ ရှေးရိုး သမ္ဘာတော်
ကြောင့်ကို။
♣♣ ရာဇာယတန သတ္တာဟ စံနေတော်မူပုံ ♣♣
၇။ ။ ခါသတ္တမ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ တောင်ပြင်လကျာ်၊
မြေမျက်နှာဝယ်၊ ရာဇာယတန၊ မည်ရခေါ်တွင်၊ လင်းလွန်းပင်၌၊
သဗ္ဗညုဖျား၊ ပျော်စံစားသည်။ ။ ကြီးမားဉာဏ်တော် ဘွင့်လို့ကို။
♣♣ ဆုတောင်း ♣♣
ထိုခုနစ်ပါး၊ အရပ်များကို၊ ရှေ့သွားသဒ္ဓါ၊ ကြည်ညိုစွာလျှင်၊
ဝန္ဒနာမာန၊ ဂါရဝဖြင့်၊ ဦးချညွတ်ကျိုး၊ ကျွန်ရှိခိုးသည်။
ကောင်းကျိုးခပ်သိမ်း ပြည့်စေသောဝ်။ (ဂမ္ဘီရကဗျာကျမ်းမှ)