ဘုန်းကြီးတို့
အမျိုးတွင် ဘုန်းကြီး၏ နှစ်ဖက်သော အဘိုးများသည် ရောက်ရှိသော အဆင့်အတန်းတွင် အေးအေးဆေးဆေး
နေတတ်သူများ ဖြစ်ကြ၏၊ ဘုန်းကြီး မှတ်မိသမျှ ပင်ပင်ပန်းပန်း အလုပ်လုပ်သည်ကို မတွေ့ရဖူးချေ၊ ရရှိသော လယ်စု ယာစုဖြင့်သာ ထိုက်တန်သလောက်
လှူဒါန်းပေကမ်း၍ ချမ်းသာစွာနေသွားကြလေ သည်၊ ထိုအနေမျိုး နေသွားကြသော ဦကြီး ဘကြီး စသူတို့လည်း
ရှိ၏၊ သူတို၏ သားသမီး များလည်း အများအားဖြင့် အေးဆေးကြ၏၊
ထူးထူးထွေထွေလည်း
အလုပ်လုပ်တတ်ကြဟန် မတူ၊ ဝမ်းကွဲတော်စပ်ကြသော ဆွေးမျိုး တစ်ချို့ကား ရရှိသော လယ်စု ယာစုအပြင်
တင်ကြို၍ငွေ ပေးဝယ်ထား သော စပါးလည်း များစွာရှိ၏၊ ငွေတိုး ကြေတိုးလည်း ပေးကြ၏၊ သူတို့သားသမီး
အများစုလည်း ထိုမိဘခြေရာအတိုင်း လိုက်ကြ၏၊ နောင် သားစဉ် မြေးဆက် ရောက်လာသောအခါ အဘိုးရင်းများ၏
သားသမီး မြေများသည် (အနည်ငယ်မှ တစ်ပါး) ဘိုးဘွားတို့၏ အဆင့်အတန်းကို မမှီတော့ပေ၊ ဝမ်းကွဲဆွေးမျိုးများ၏
သားစဉ်မြေးဆက်ကား မိဘ၏အဆင့်အတန်းကိုပင် (ခေတ်အလိုက်) လွန်တတ်သွားဟန် တူပါသည်။
မြန်မာပြည်
ရပ်တိုင်း ရွာတိုင်းလည်း ဤအတိုင်း အေးအေး ဆေးဆေး နေတတ်သူတို့ အစဉ်အဆက် တန်းလျှော၍ ဥာလည်းရှိ
ဝီရိယလည်း ရှိသူတို့သာ အဆင့်ဆင့် မြင့်တတ်သွား ကြပါသည်။
တိုင်းပြည်များ
နိုင်ငံ၏
အစိတ်အပိုင်သာမက မြန်မာနိုင်ငံလည်း ကံ ဥာဏ် ဝီရိယရှိကြသော အနော်ရထာ ဘုရင့်နောင် ဦးအောင်ဇေယျတို့
လက်ထက်က နယ်နမိတ်မှာ ကျယ်ပြန့်ခဲ့ပါလျက် ဘုန်းကံနည်း ဥာဏ်နည်း ဝီရိယနည်းသော မင်း မှူးမတ်တို့
လက်ထက်၌ နယ်နိမိတ် ကျဉ်း၍ ကျဉ်း၍ လာခဲ့ရာမှ နောက်ဆုံးဝယ် လုံးလုံးကြီး ကျွန်သဘောက်သို့
တစ်မျိုးလုံး ရောက်ခဲ့ရသည်မဟုတ်ပါလော။
မိမိတို့
မြန်မာနိုင်သာမက အခြားနိုင်ငံများလည်း (အိန္ဒိယ နိုင်ငံကြီသော်မှလည်း) ဥာဏ်ပညာ အမြော်အမြင်နှင့်
လုံလ ဝီရိယ နည်းပါမှုကြောင့် အသီးသီး ကျွန် သဘောက် ဖြစ်ခဲ့ကြဖူးလေပြီ၊ ယခုလည်း အချို့နိုင်ငံကြိးတွေသည်
တစ်ချိန်က စည်းစိမ်ရစ်မှု ဝီရိယနည်းပါးမှုကြောင့် ထိပ်တန်းအဆင့်မှ လျှောကျစ ပြုနေလေပြီ၊
အမြော်အမြင်နှင့် လုံလ ဝီရိယနည်းကြိးသော တိုင်းပြည်ကြိး များသည် ထိပ်တန်းသို့ လှမ်းနေ၍
ရောက်လည် ရောက်နေကြလေပြီ။
ဤသို့လျှင်
ဥာဏ်အမြောအမြင်နှင့် လုံလ ဝီရိယလည် ရှိခြင်း/ မရှိခြင်း ကြောင့် လူတစ်ယောက် လူတစ်မျိုးမှ
စ၍ တိုင်ကြီး ပြည်ကြီးများတိုင်အောင် အကျိုးမဲ့ /အကျိုးရှိ ကွဲပြားပုံကို သတိပြုပြီ
ဤသာသနာ အရေးမှာလည် (ပေါ့ပေါ့ဆဆနှင့် အေးအေးဆေးဆေး နေခဲ့မှုကြောင့်) လျှောကျရပုံကို တွေးမိကြစေလိုပါသည်၊
ဓမ္မပဒပါဠိတော်၌ကား
ထိုကဲသို ဖြစ်တတ်ပုံကို သံသရာခရီးအတွက် ဘုရာရှင်မိန့်တော်မူ ထားသော တရားတော်ကို တွေ့ရ၏၊
ထိုတရားတော်သည် လောကီ ကြီးပွားရေး ဆုတ်ယုတ်ရေးနှင့်လည်း သက်ဆိုင်ပါသည်။
အပ္ပမတ္တော ပမတ္တေသု၊ သုတ္တေသု ဗဟုဇာဂရော၊
အဗလဿံဝ သီဃသော၊ ဟိတွာ ယာတိ သုမေဓသော။
လူအများသည်
မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ အေးအေးစက်စက် နေထိုင်ကြစဉ် မမေ့မလျော့ မပေါ့မဆနှင့်ထထကြွကြွနှင့်
အမြော်အမြင် ပညာရှိသူ လူအနည်းငယ် သည် ထိုမေ့လျော့ပေါ့ဆ
သူများကို စီးပွားရေး တရားရေးအားဖြင့် လွန်တတ်သွား၏၊ လူအများသည် ပေါ့ပေါ့ဆဆနှင့် အိပ်ပျော်၍နေကြစဉ်
နိုးကြား ထကြွ လုံလ ဝီရိယ များစွာရှိ၍ အမြော်အမြင် ပညာရှိသူ လူအနည်းငယ်သည် ထိုအအိပ်များသူ
အပျင်းအားကြီးသူ လူအပေါင်းကို စီးပွားရေး ပညာရေးအားဖြင့် လွန်တတ်သွား၏၊
ဥပမာ- အားအင်မဲ့၍ ချိနဲ့သော မြင်းအိုကို လျင်မြန်သွက်လက်၍
အားအင်ပြည့် မြင်းအာဇာနည် လွန်တတ်သွား သကဲ့သို့တည်း။