ခြေရယ် လက်ရယ် နဖူးရယ်-ဒူးနဲ့တတောင်ရယ်၊
ငါးခုသွယ်သွယ် ကြမ်းပြင်ထိ-ရှိခိုးနည်းမှန်၏၊
ကျေးဇူးရှိတဲ့ မြတ်ဗုဒ္ဓါ-တရားနှင့်သံဃာ၊
မိဘဆရာ မြတ်ငါးဝ-နေ့စဉ်ဝတ်ပြုကြ၊
ထိုမျှမက သက်ကြီးသူ-ဂုဏ်ဝါကြီးတဲ့သူ၊
ဝတ်ပြုနည်း
ပုံစံကျ-လေးစားဝတ်ပြုကြ၊(မှတ်သားခဲ့ဖူးတဲ့ ကဗျာလေးပါ..။)