အာဂလိ အောက် ထေရ၀ါဒအသွင်
ယနေ့ခေတ်မှာတော့ သင်္ကန်းရောင်အသွင် အနွေးထည်လက်ရှည် အင်္ကျီတွေပေါ့ ဘုရား၊ ဒီလိုနဲ့ ကာလရွေ့လျောလာတဲ့
နှောင်းခေတ်အခါ အံသကိုသ်များလို ရောင်စုံချယ်သကာ မော်ဒယ်ရဟန်းအသွင်တွေ ဖြစ်မလာ ဘူးလို့ ပြောနိုင်သလား
ဘုရား၊ တစ်ခါက
သိမ်ရေစက်ချပွဲတစ်ခုကို သွားရင်း တောမြို့လေးတစ်ခုမှာ ကိုရင်လေးသုံးပါး ဆွမ်းခံထွက်နေတာကို ဖူးခဲ့ရတယ်၊ ၁၂, ၁၃ ၀န်းကျင်
ကိုရင်လေးတွေပါ၊ သူတို့အရွယ်ဝတ်တွေက ရှားတော့ လူတွေဝတ်ကြတဲ့ အနွေးထည် ကြောင်ကြောင်ကျားကျား တွေကိုပဲ သူတို့ခမျာ ၀တ်ပြီး ဆွမ်းခံထွက်နေရတယ်၊ ဒါက
ကလေးတွေမို့ ပြည်သူပြည်သားတွေကလည်း နားလည်နိုင်ကြပါတယ်။ နားလည်ကြသည်၊ မကဲ့ရဲ့ကြသည်ပဲ ထားပါဦး၊ အချိန်ကာလ ကြာမြင့်လာသည့်နှင့် အမျှ တစ်စတစ်စနဲ့ တစ်နိုင်ငံလုံးကို
ပြန့်နှံ့ကာ အံသကိုသ်နည်းတူ ဖြစ်သွားကြလိမ့်မယ်ဆိုတာ အရှင်ဘုရားများ တွေးကြည့်မိကြဖို့ပါ ဘုရား။ ဒါက လမ်းမှာတွေ့ခဲ့ရတဲ့
ကလေးတွေပါ။
ရေစက်ချမည့်နေရာ ရောက်တော့ မထေရ်အချို့ ဆင်မြန်းလာတာကို ဖူးရပြန်ပါရော ဘုရား။ ဒီလိုနဲ့သာ အချိန်ကြာလာရင် နောင်ဆို
ပြုပြင်မရအောင် ခက်လိမ့်မယ်လို့ စိတ်ထဲကပဲ စဉ်းစားမိခဲ့ပါတယ် ဘုရား။
အချို့က ပြောကြပါတယ်၊ “ကိုယ့်တစ်ခေတ်
ကောင်းနေဖို့ပဲ၊ ကိုယ်သေ ပြီး ဘာပဲဖြစ်ဖြစ်ပေါ့၊
ကျန်တဲ့သူတွေရဲ့ တာဝန်ပဲ”လို့ ပြောတတ်ကြပါတယ်၊
တပည့်တော်အနေနဲ့ကတော့ ဒီစကားကို “အလွန် စည်းကမ်းမဲ့တဲ့ စကားပဲ”လို့ မှတ်ယူပါတယ်၊ ရှေးခေတ်မထေရ်
အဆက်ဆက်ဟာ ဒီသဘောသာ ထားခဲ့ကြ မယ်ဆိုရင် တပည့်တော်တို့ အရှင်ဘုရားတို့ ဒီသာသနာကို ဒီလို ဟန်ကျပန်ကျ၊ အဆုံးအမတွေ
မပျောက်ပျက်၊ မတိမ်ကောပဲ ကေ၀လပရိပုဏ္ဏအဖြစ်နဲ့ တွေ့မြင် နိုင်ပါ့မလား ဘုရား၊ စဉ်းစားကြည့်ဖို့ပါ။
အခုအချိန်မှာတော့ သင်္ကန်းရောင် အနွေးထည်အင်္ကျီဝတ်သူတွေက အခြားသော ကာမဘောဂီတို့ရဲ့ အရောင်အသွေးကို ၀တ်တာဟာ မကောင်းပါ ဘူးလို့ပဲ
မြင်ပါလိမ့်မယ်။ ကာလရွေ့လျောလာရင် ရှေးကပြောခဲ့တဲ့ အံသကိုသ် လိုပဲ အဲဒီအပြောတွေ၊ အမြင်တွေ
ပျောက်သွားကြလိမ့်မယ်။ “မတော်ဘူးဟဲ့” ဆိုတဲ့ အမြင်မှ မရှိတော့ရင်
ဝတ်ကြပြီပေါ့ ဘုရား။ ၀တ်လာကြပြီဆိုရင်တော့ တပည့် တော်တို့
အရှင်ဘုရားတို့ရဲ့ ထေရ၀ါဒအသွင်ဟာ “အာဂလိ အောက်” ဖြစ်ပြီပေါ့။
လှူသင့်တဲ့ အ၀တ် ဟုတ်ရဲ့လား?
ဝတ်သူတွေက ၀တ်လာကြလေတော့ ရောင်းသူတွေကလည်း ရောင်း လာကြပါပြီ၊ ဒီလိုနဲ့
တဖြည်းဖြည်း တွင်ကျယ်လာတော့တယ်ပေါ့၊ အချို့အရပ် တွေမှာ ဆိုရင် ကထိန်ပွဲတွေမှာ
သင်္ကန်းအပြင် အနွေးထည်လက်ရှည် အင်္ကျီကို ပါ ထည့်သွင်းလှူလာကြပါပြီ၊
လူတွေကလည်း ၀တ်ရတယ်၊ ၀တ်သင့်တယ်လို့ပဲ ယူဆမိနေကြမှာပါ၊ ၀တ်နေကြတာလည်း တွေ့နေတာကိုး၊ လူတွေအနေနဲ့က တော့ ဘောင်းဘီရှည်ဝတ်ရင်လည်း ဘောင်းဘီရှည် ချုပ်လှူကြမှာပါပဲ၊
တပည့် တော်တို့ခေတ်ရဲ့ ပြည်သူပြည်သားတွေက အင်မတန်သဘောထား ကြီးကြပါ တယ်၊ ဒီလိုသာဆို မခက်ပေဘူးလား
ဘုရား။