ကိုယ့်တာဝန်နှင့် အသိနဲ့ ကိုယ်ကျင့်
ကိုယ့်တာဝန်
ဤမျှလောက်သော စကားအစဉ်ဖြင့်
ကိုယ်ကျင့်တရား သိဖွယ်များကို နားလည်လောက်ကြပေပြီ။ တတ်သိနားလည်မူမှာ ကျမ်စာ၏
တာဝန်ဖြစ်၏။ တတ်သိ နားလည်သည့်အတိုင်း သတိထားမူ၊ စောင့်စည်းမူ၊ ကြိုးစားမူတို့ကား
ကျမ်းစာရူသူတို့၏ တာဝန်ဖြစ်၏။ “ယခုအခါ ကျမ်းစာ၏ တာဝန်ကျေပွန်လောက်ပြီဖြစ်၍
ကျမ်းစာရူသူတို့၏ တာဝန်သာ ကျန်တော့သည်”ဟု ဆိုလိုပါသည်။
အသိနှင့် ကိုယ်ကျင့်
အသိသည် အသိသာ၊ ကိုယ်ကျင့်မဟုတ်၊
သိတိုင်း မကျင့်လျှင် သိနေရုံဖြင့် အကျိုးမရ။ ကျမ်းစာတို့သည် သိအောင်သာ
ညွှန်ပြနိုင်၏။ ကျင့်၍ မပေးနိုင်ကြ။ ယခု ကာလ စာပေလိုက်စားသူ၊ အဆုံးအမများများ
ခံရသူတို့သည် အသိမနည်းလှချေ။ သို့သော် ထိုသိသူများတွင် အထိုက်အလျောက် စောင့်စည်းသူ
သတိထားသူကား အလွန်နည်းပါးလှ၏။ ထိုကဲ့သို့ လူစားတွေပေါများနေသော ဤလောကကြီးဝယ်
လူကောင်းသူကောင်းများပင် စိတ်ထားကောင်းဖို့ ခဲယဉ်းလေတော့သည်။
မှန်၏-ဒါနပြုရာမှာပင် ပကာသနဒါနတွေ
ပေါများရကား ဒါနစစ်စစ် ပြုလိုပါလျက် ပတ်ဝန်းကျင်အခြေအနေကြောင့် မိမိလည်း
ပကာသနဒါနကိုသာ ပြုရသဖြင့် သူတော်ကောင်းစစ်စစ်တို့၏ သွားရာလမ်းကြောင်းဖြစ်သော
ဒါနပါရမီလမ်းကို ဖြောင့်တန်းအောင် မလိုက်နိုင်တော့။ ထိုပကာသနဒါနပြုသူများလည်း ပကာသနဒါန၏
အကျိုးမရကြောင်း (ရသော်လည်း အကျိုးနည်းကြောင်း) ကို သိကြ၏။ သို့သော်
ဂုဏ်ပကာသနကို မက်သော တဏှာ၏ စနက်ကြောင့် သိပါလျက်နှင့် မသိသူတို့၏ အလုပ်ကိုပင်
လုပ်ကြရလေတော့သည်။