၁။ ရန်မလိုက ရန်ပြို၏။
ရန်လိုက ရန်ပို၏။
၂။ အလိုနည်းက အရကြီး၏။
အလိုကြီးက အရနည်း၏။
၃။ ကံရှိသော်လည်း ဉာဏ်ရှိမှ
မြင့်လွယ်သည်။
ဉာာဏ်ရှိသော်လည်း ကံရှိမှ တင့်တယ်သည်။
၎။ ဥစ္စာရှိမှ ကတိတည်နိုင်မြဲ၏။
ဥစ္စာ မရှိက ကတိတည်နိုင်ခဲ၏။
၅။ လေကဲ ရေကဲ ထိုနှစ်ကဲထက်
လူကဲကိုခတ် လွန်ခဲကတ်၏။
၆။ ရွှေခဲငွေခဲ ထိုနှစ်ကဲထက်
မိန်းမကဲခတ် လွန်ခဲကတ်၏။
၇။ ဤလောကကြီး၏တံထွာ ဓမ္မတာကား-
ရွှိရှေ ငွိရှေ လော်ခူ ဟောတိ။
ရွှိမရှေ ငွိမရှေ လော်မခူ ဟောတိ။
၈။ ရေလာကောင်းအောင် မြောင်းသွယ်ပေးရမည်။
ငွေလာကောင်းအောင် ရောင်းဝယ်ပေးရမည်။
၉။ ကာလ, ဒေသ, ပုဂ္ဂလကို၊
နှိုင်းဆမရှိ၊ မသိသူကို၊ လူမိုက်ဆို၏။
ကာလ, ဒေသ, ပုဂ္ဂလကို၊ နှိုင်းဆမြင်ရှိ၊ သိသောသူကို၊ ပဏ္ဍိဆို၏။
၁၀။ မျက်စိအမြင် ရှိသောသူသည်၊
မြင်သောသူကိုလည်း မြင်၏၊
မမြင်သောသူကိုလည်း မြင်၏။
၁၁။ မျက်စိအမြင် မရှိသောသူသည်
မြင်သောသူကိုလည်း မမြင်။
မမြင်သောသူကိုလည်း မမြင်။
၁၂။ ပညာရှိသောသူသည် ပညာရှိသူကိုလည်း
သိ၏။
ပညာမရှိသူကိုလည်း သိ၏။
၁၃။ ပညာမရှိသောသူသည် ပညာရှိသူကိုလည်း
မသိ။
ပညာမရှိသူကိုလည်း မသိ။
၁၄။ မသိတရား ဘုရားမမြင်၊
နီးပင်နီးငြား ယူဇနာခြားသို့၊
သိမြင်တရား ဘုရားတွေ့မြင်၊ ဝေးပင်ဝေးငြား ဒူးတော်နားသို့။
၁၅။ သတိမမူက မြူမစင်၍ ဂူမမြင်နိုင်။
သတိမူမှ မြူစင်၍ ဂူမြင်နိုင်၏။
၁၆။ ရှေ့နောက်ကြောင်းကျိုး၊
ကောင်းဆိုးမြင်သိမှ၊ ပညာရှိမည်၏။
* ရှေ့နောက်ကြောင်းကျိုး
ကောင်းဆိုးမသိက၊ ပညာရှိမမည်။
၁၇။ သံကို ကြွက်စားလျှင်
သားကို စွန်ချီလိမ့်မည်။
တည်ကြည်ဖြောင့်မတ်မှုကို သတိပြု။
၁၈။ တစ်မိဝမ်းတွင်း အတူဆင်းလည်း၊
ချစ်ခြင်းမေတ္တာ၊ မရှိပါမူ၊
ဉာာတိ မမည်တည်း။
* တစ်မိဝမ်းတွင်း အတူမဆင်းလည်း၊
ချစ်ခြင်းမေတ္တာ၊ ရှိခဲ့ပါမူ၊ ဉာတိ မည်သတည်း။
၁၉။ လူရုပ်ချောသော်လည်း၊
သဘောမကောင်းပါမူ၊ လူချစ်လူခင် ရှား၏။
* လူရုပ်မချောသော်လည်း၊
သဘောကောင်းခဲ့ပါမူ၊ လူချစ်လူခင် များပြား၏။
၂၀။ သစ္စာကတိ၊ မတည်ရှိမူ၊
လူရည်ချော၍၊
အပြောကောင်းသော်လည်း၊ မပေါင်းထိုက်ဘိ။
* သစ္စာကတိ၊ တည်ရှိခဲ့မူ၊
လူရည်မချော၊
အပြောမကောင်းသော်လည်း၊
ပေါင်းသင်းထိုက်၏။