ရောရုဝငရဲ
“ရောရု” ဟူသောပါဠိသည် “ပြင်းစွာငိုကြွေးခြင်း” ဟူသော
အနက်ကိုပြ၏။ ထိုငရဲ၌ မီးတောက်တို့သည် တဟုန်းဟုန်းထလျက် ရှိ၏။ ငရဲသို့
ကျရောက်လာသူတို့အား ထိုမီးတောက်မီးလျှံများက ဒွါရ ၉-ပေါက်မှ အတင်းဝင်ရောက်
လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာလေသည်။ ဤသို့ မီးတောက်မီးလျှံ
အလောင်ခံနေရသောကြောင့် “ဇလရောရုဝ”ဟုလည်းခေါ်သည်။
ဇာလာဟိ ပ၀သိတွာန၊ ဍယှမာနာ ဒယာဝဟံ။
မဟာရ၀ံ ရ၀န္တေတ္ထ၊ ၀ုစ္စတေ ဇလာရောရုဝေါ။
ဧတ္ထ နိရယေ- ကံကြမ္မာရင်း ဖန်လာညဉ်းက မကွင်းနိုင်အောင် အတင်းဆောင်လျက်
သွင်းလှောင်ပိတ်ဆီး ဤမည်သော ငရဲကြီး၌၊
ဇလာဟိ- တစ်ငရဲလုံး ပြုတ်ပြုတ်ပြုန်းမျှ တဟုန်းဟုန်းထန်
မီးတောက်မီးလျှံတို့သည်၊
ပ၀ိသိတွာန- ဒွါရ ၉-သွယ် အပေါက်ငယ်မှ ဘယ်ဝယ်မကြွင်း
ချင်းနင်းဝင်ရောက်ကြကုန်လျက်၊ ဍယှမာနာ- အတင်အကျပ် လောင်ကျွမ်းအပ်သည် များလတ်ဘိတောင်း
ငရဲသားအပေါင်းတို့သည်၊
မဟာရ၀ံ- ကယ်ပါ ယူပါ တစာစာနှင့် ကြမ္မာထန်သီး အသံကြီးကို၊
ရ၀န္တိ- သံကုန်လှစ်၍ ဟစ်အော်ကြရှာလေကုန်၏၊
သောနိရယော- သို့ကလိုကံ မကုန်ပြန်လျှင် ဖန်ဖန်အော်ရိုး ထိုငရဲအိုးကို၊
ဇာလရောရုဝေါ- ဇလရောရုဝငရဲဟူ၍၊
ပ၀ုစ္စတေ- ဗျုပ္ပတ်အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက်အပ်လေတော့သတည်း။