သဉ္စိုဝ်းငရဲ
“သဉ္စိုဝ်”ဟူသောပါဠိကို မြန်မာလို “သိဉ္စိုး”ဟု
ပြန်ထာသည်။ “သံ = အဖန်ဖန် + ဇိဝ = အသက်ရှင်ရာငရဲ” ဟုဆိုလိုသည်။ ထိုငရဲသို့
ကျရောက်လာသော သတ္တ၀ါကို ငရဲထိန်းတို့က အပိုင်းပိုင်းပြတ်အောင် ခုတ်ဖြတ်ကြ၏။
ထိုကဲ့သို့ ခုတ်ဖြတ်ကြသည့်အတွက် တစ်ခါတည်းသေစရာပင်။ သို့သော် အကုသိုလ်ကံ
မကုန်သေးသမျှ တစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ကာထပ်ကာ အသက်ရှင်လျက် ငရဲထိန်တို့၏
ခုတ်ဖြတ်မူ သတ်ပုတ်မူကိုသာ ပြင်းစွာခံကြရရှာလေသည်။ အကုသိုလ်ကံ၏
ကြောက်ဖွယ်ကောင်းပုံသည် ငရဲ၌ သာ၍ ထင်ရှားပေသည်။
ဇလိတာဝုဓဟတ္ထေဟိ၊ ခဏ္ဍိတာပိ နေရယိကာ။
ဇီဝန္တာ ယမှိ ပုနောပိ၊ သဉ္စီဝေါတိ ပ၀ုစ္စတေ။
ယမှိ နိရယေ- ကံကြမ္မာရင်း ဖန်လာညှဉ်းက မကွင်းနိုင်အောင် အတင်းဆောင်လျက်
သွင်းလှောင်ပိတ်ဆီး အကြင်သို့သော ငရဲကြီး၌၊
နေရယိကာ- အမြဲအစွဲ အနဲနဲဖြင့်
တသဲသဲဆူ ငရဲသူတို့သည်၊
ဇလိတာဝုဓဟတ္ထေဟိ၊ ပြောင်တလက်လက် အရောင်ထွက်သည့်
လက်နက်ကိုင်စွဲ ငရဲထိန်းကြီးတို့က၊
ခဏ္ဍိတာပ- သေလောက် ကြေလောက်
အနေရောက်အောင် တောက်တောက်ဖြတ်စဉ်း သတ်ညှဉ်းပါကုန်သော်လည်း၊
ပုနောပိဇီဝန္တာ-
အကုသိုလ်ကံ မကုန်ပြန်လျှင် တစ်ဖန်ဆက်တည် အသက်ရှည်ကြရလေကုန်၏၊
သော နိရယော-
သို့ကလိုကံ မကုန်ပြန်လျှင် တစ်ဖန်ဆက်တည် အသက်ရှည်ရိုး ငရဲအိုးကို၊
သဉ္စီဝေါတိ၊
သိဉ္စိုးငရဲဟူ၍၊
ပ၀ုစ္စတေ၊ ဗျုပ္ပတ်အလိုက် ရုပ်ဓာတ်ကိုက်အောင်
သမိုက်အပ်လေတော့သတည်း။