Saturday, December 14, 2013
"နားလည်မှု လွဲချော်မသွားစေနဲ့"
ကျောင်းတိုက် တော်တော်များများမှာ
အဖိတ်နေ့ ဥပုသ်နေ့ဆို
သာသနာ့ဝန်ထမ်းတွေ
ဆံချခေါင်းရိပ်ကြပါတယ်။
ဆံချတဲ့အခါမှာ ရှေးခေတ်ကလို
သင်ဓုန်းဓားနဲ့ မဟုတ်ပဲ ဂျုတ်ဓားကို အစားထိုး
အသုံးပြုကြတယ်လေ။
အဲဒီလို အဖိတ်ဥပုသ်နေ့ဆို
စာဝါတွေ အားလပ်နေတာမို့
တစ်ခါတစ်ရံ ပေါက်တူး ပေါက်ပြားတွေနဲ့
အာရာမ်စည်ပင်သာယာရေး
လုပ်အားပေးကြရပါတယ်။
တစ်ခုသော ဥပုသ်နေ့ရဲ့
လွဲချော်မှု အကြီးစားတစ်ခုကို ခုထိမှတ်မိနေတုန်းပါ။
ဖြစ်ပုံက ဒီလို--
မိမိတို့ ကျောင်းတိုက် ဆရာတော်က
ခပ်လှမ်းလှမ်းက ကိုရင်ကြီးတစ်ပါးကို
ဘွဲ့ခေါ်ပြီး ဆရာတော် လုပ်ချင်တာကို
အော်မပြောပဲ လက်ဟန်နဲ့ပဲ ပြလိုက်တယ်၊
ပြီးတော့ ကျောင်းထဲ ခဏဝင်သွားတယ်။
ကိုရင်ကြီးက ဘယ်လို နားလည်သွားတယ် မသိပါဘူး
ပေါက်ပြား တလက်ကို လက်မှာကိုင်ယူပြီး
ဆရာတော်ဆီလာတာပေါ့။
ဆရာတော်က ကျောင်းထဲကထွက်လာပြီး
"ဟေ့ကောင် ဘာကြီး ယူလာတာလဲ"
"ပေါက်ပြားပါဘုရား"
"မင့် အဘ ငါ ခေါင်းရိပ်ဖို့ ခေါ်တာ
ဒီပေါက်ပြား ဘာလုပ်ရမှာတုန်း" လို့မိန့်တော်မူမှ
ကိုရင်ကြီးခဗျာ ရယ်ချင်စိတ်ကို မနဲထိန်းရပါသတဲ့။
ဆရာတော်မှာလည်း အီလည်လည်ကြီး ခံစားသွားရမယ်ထင်ရဲ့။
ဂျုတ်ဆွဲမှုနဲ့ ပေါက်ပြားပေါက်မှုက
ခပ်ဆင်ဆင်လုပ်ရတော့ နားလည်မှု လွဲသွားတာပေါ့။
လောကမှာ နားလည်မှုလွဲသွားရင် အီလည်လည်ကြီး ခံစားရတတ်တယ်
နားလည်အောင် ညွှန်ပြပြီး နားလည်အောင် ခံယူနိုင်မှတော်ကာကျမယ်နော်။
Labels:
ဆောင်းပါးရနံ့
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ