Wednesday, December 11, 2013
"ကစားဝိုင်း"
ဟိုးငယ်ငယ်ကပေါ့
ငါတို့ ကစားခဲ့ဖူးတယ်
နိုင်ချင်နိုင် ရှုံးချင်ရှုံး အပျော်မဆုံးတဲ့ စိတ်ဓာတ်တွေနဲ့။
ရှုံးသူကိုဖေးမကျင်နာ၊ နိုင်သူကိုလည်း ကျေနပ်၊ ကိုယ့်ထက်လည်း နာလိုတတ်တဲ့စိတ်နဲ့
ပျော်ပါးစွာ ဆော့ကစားခဲ့ဖူးတယ်။
အဲဒီတုန်းက အပျော်ကို ငါတို့က ဖန်တီးရတာလေ။
စည်းပွားရေးကစားကွင်း
လူမှုရေးကစားကွင်းထဲ ကစားကြတဲ့ အခါ
ပျော်ရွှင်စရာတွေက တူတူပုန်းကုန်ကြတယ်။
အနိုင်ရသူကိုလည်း မကျေနပ်ချင်တော့ဘူး။
ရှုံးသူကိုလည်း မဖေးမချင်တော့ဘူး။
ကိုယ်ထက်သာ နာလိုတတ်တဲ့ စိတ်ဓာတ်တွေလည်း ငါတို့ဆော့ကစားခဲ့တဲ့ ကောက်ရိုးပုံပုံတွေကြား ကျပျောက်ထားခဲ့ကြတယ်။
တစ်ချို့က တမင်ချန်ထားခဲ့ကြတယ်။
ခု အဲဒီစိတ်ဓာတ်ကလေးတွေနဲ့
စည်းပွားရေး လူမှုရေး ပညာရေး စတဲ့ ကစားဝိုင်းထဲမှာ ကစားနိုင်အောင်
ငယ်ငယ်က ကစားခဲ့ဖူးတဲ့ ဟောဒီကစားဝိုင်းလေးကို အမှတ်ရပေးပါ သူငယ်ချင်း။
Labels:
ကဗျာ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ