ကလာပ်ခေါ်ပုံ
ယခုအခါ မြို့ကြီးတို့၌ လူအများ
စုပေါင်းဖွဲ့စည်းထားသော အဖွဲ့တစ်မျိုးကို “ကလာပ်”ဟုခေါ်၏။ “ကလာပ်”
ဟူသော နာမည်သည် အပေါင်းအစု၏ နာမည်တည်း။ ပြခဲ့သောရုပ်တို့သည် တစ်ခုစီ တစ်ခုစီခွဲ၍
ဖြစ်ရိုးမရှိ။ ပေါင်း၍ရစကောင်းသော ရုပ်ကလေးများ အချင်းချင်း စုပေါင်းတွဲစပ်၍
ဖြစ်ရိုးရှိသည်။ ထိုသို့ အတူဖြစ်ဖက် အတူပျက်ဖက် ရုပ်အစုကို “ကလာပ်တစ်စည်း”ဟု
မှတ်ပါ။
အမြဲတွဲနေသော ရုပ် ၈-ပါး
ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောဟူသော
မဟာဘုတ် ၄-ပါးတို့နှင့် ၀ဏ္ဏ(အဆင်း)၊ ဂန္ဓ(အနံ့)၊ ရသ(အရသာ)၊ သြဇာ(အဆီအနှစ်) ဤ
၎-ပါးသည် အမြဲတွဲနေသော ရုပ်ပေါင်းတည်း။ ဘယ်နေရာ ဘယ်ဋ္ဌာနမှ ထို ၈-ပါးတို့
ကွဲပြားလျက်မရှိ။ မြေထဲ၌ ရှိရှိသမျှ မြေမူန့်တို့သည် ထိုရုပ် ၈-ပါးအပေါင်းချည်းသာတည်း။
မြေကြီး၌ အဆင်း(၀ဏ္ဏ) ရုပ်ပါ၏။ နမ်းကြည့်လျှင် အနံ့တစ်မျိုးမျိုးရှိ၏။
စားကြည့်လျှင် အရသာတစ်မျိုးမျိုးရှိ၏။ ထိတွေ့၍လည်း ရကောင်း၏။ မြေကြီး၌သာမဟုတ်
ရေ၌လည်း ဤရုပ် ၈-ပါး၊ လေ၌လည်း ဤရုပ် ၈-ပါး၊ မီးပူ နေပူ နေရောင် စသည်တို့၌လည် ဤရုပ်
၈-ပါးတို့ ပေါင်း၍ ဖြစ်ကြလေသည်။