Tuesday, April 9, 2013

ဗုဒ္ဓရိပ်သာမှာနေလျှင်


လူတွေက ရိပ်သာသွား တရားအားထုတ်ကြ။

ဘုန်းကြီးက မသွားရဘူး မဆိုပါဘူး၊ သွားရပါတယ်။

သွားပြီးတော့ စကားများနေတာကတော့ မကောင်းဘူး။

တကယ် တရားကို မိမိရရ အားထုတ်မှ ကောင်းတယ်။


ခုတော့ တချို့နေရာတွေမှာ ကြားနေရာတာက တယ်မကောင်းလှဘူး။



ဘုန်းကြီးက လောဘ၊ ဒေါသ နည်းအောင်လို့ အားထုတ်တာ၊

နည်းမှလည်းကောင်းတယ်။

တစ်ဦးနဲ့ တစ်ဦး ပြိုင်ဆိုင်နေတာကတော့ မကောင်းဘူး။


ဗုဒ္ဓရိပ်သာက ဒီလိုမဟုတ်ဘူး။

အေးချမ်းတယ်။ ငြိမ်သက်တယ်။

မဂ်ဖိုလ်နိဗ္ဗာန်ကို ရစေနိုင်တယ်။

ဗုဒ္ဓရိပ်သာကို အကုန်လိုက်မမီတောင်

လက်လှမ်းမီသမျှ လိုက်နိုင်အောင် ကြိုးစားရမယ်။



(အရှင်ဇနကာဘိဝံသ ဆရာတော်ဘုရားကြီး)

~~~~~~~~~~~~~~~~~~~~~~~~~~~
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ်(နှာ-၂၀၇)မှ
ကောက်နုတ်ပူဇော်ပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ