Friday, April 5, 2013

သုတ်သင်ရှင်းလင်းခြင်း အကျိုး


 
တံမြက်လှည်းက၊ စိတ်ကြည်ရ၊ နှစ်ဝ သူရောကိုယ်ပါတည်း။
ဉာဏ်ဓာတ်ပွင်းလင်း၊ တံမြက်ရှင်း၊ လက်ငင်းရသော အကျိုးတည်း။
သန့်ရှင်းတတ်က၊ ကျန်းမာရ၊ မုခရသော အကျိုးတည်း။
သန့်ရှင်းကလျှင်၊ နတ်လူပင်၊ ရွှင်လန်းဝမ်းသာဖြစ်သတည်း။
ဆူးငြောင့်ခလုတ်၊ ပယ်ရှင်းနှုတ်၊ ကင်းပြုဘေးဒဏ် ရန်ပေါင်းတည်း။
မရှုပ်မြက်မှိုက်၊ သုတ်သင်လိုက်၊ ဖြစ်ထိုက်နတ်လူ လှချောတည်း။
လှချောလူနတ်၊ ဖြစ်တုံလတ်၊ ဉာဏ်ဓာတ်သူ့ထက် ထွန်းလိမ့်တည်း။
နိဗ္ဗာန်တောင့်တ၊ နိဗ္ဗာန်ရ၊ ဒုက္ခခပ်သိမ်း ကင်းလိမ့်တည်း။
ရှင်နာဂသေန၊ မိလိန္ဒ၊ စံပြသက်သေ ထင်ရှားတည်း။

(စစ်ကိုင်းရွှေဟင်္သာဆရာတော်ကြီး)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ