Monday, April 29, 2013

*အရှင်လတ်လတ်က ဘ၀ပြောင်းသွားတယ်*


တစ်ချိန်တုံးက ဒကာကြီးတစ်ယောက်ကလျှောက်ဖူးတယ်၊ "အရှင်လတ်လတ်ကဘ၀ပြောင်းသွားတယ်" ဆိုတာ ဘယ်လိုပါလဲတဲ့ဘုရား.._()_..တဲ့.
တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေ အရှင်လတ်လတ်ကဘ၀ပြောင်းသွားတယ် လို့ပြောသံကြားဖူးတာ ကိုမေးလျှောက်တာပါ..
ဒါဆိုမှန်တယ်လို့...။

ကိုယ်ကပြောင်းသွားတာမဟုတ်ဘူး၊ စိတ်ကပြောင်းသွားတာ ။
*နဂို မသိတဲ့လူတစ်ယောက်က သိတဲ့သူဖြစ်သွားတယ်...
*မကျင့်သေးတဲ့ လူတစ်ယောက်က ကျင့်တဲ့ဘ၀ရောက်သွားတယ်...


 * အသိမရှိသေးတဲ့ သူကအသိရှိတဲ့ဘ၀ ရောက်သွားတယ်...
* တရားမရှိတဲ့ဘ၀က တရားရှိတဲ့ဘ၀ ရောက်သွားတယ်..
* အသိဉာဏ် ပြောင်းလို့ သူတော်ကောင်းဘ၀ ရောက်သွားတယ်...
* ကိုယ်နဲ့ နှုတ်လည်းစင်ကြယ်မှု့ ရသွားတယ်...
*စိတ်တွေလည်းစင်ကြယ်အောင်၊ အေးချမ်းအောင် နေတတ်သွားတယ်...
တရားမရှိတဲ့ဘ၀ကနေ တရားရှိတဲ့ ဘ၀ကို ပြောင်းသွားတာပါ.....။ ။
ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး၏ နှုတ်တော်မြွက်ကြား သြ၀ါဒ များအမှတ်(၄) မှ


facebook မှ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ