Tuesday, April 23, 2013
အသက်ရယ်တဲ့ ရှည်စေလို မန်းတောင်ရိပ်ကိုခို။
အသက်ရယ်တဲ့ ရှည်စေလို
မန်းတောင်ရိပ်ကိုခို။
အသက်ရှည်ရှည် နေလိုကြလျှင် မန်းတောင်ရိပ်ကိုခိုကြပါ။ ဒါပေမယ့် ဘုန်းကြီးဆိုလိုတာက မန်းတောင်ရိပ်ခို ဆိုတာ မန္တလေးတောင်ခြေကို သွားနေရမှာကို ပြောတာ မဟုတ်ဘူးနော်။
မန်းတောင်ရိပ်ဟာ မန္တလေးတောင်ခြေ မဟုတ်ရင် ဘယ်တောင်ဖြေလဲလို့ မေးဖွယ်ရာ ရှိပါတယ်။ အဲဒါကတော့…
၁။မန်း-ဆိုတာ မ-အက္ခရာ ကြာသပတေးနံ၊ ကြာသပတေးနံဟာ ၅ ဂဏန်း၊ ဒါကြောင်း ငါးပါးသီလ မြဲကြပါ။
၂။တောင်-ဆိုတာ တ-အက္ခရာ စနေနံ၊ စနေနံဟာ ၇ ဂဏန်း။ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပ ဆိုတဲ့ သူတော်ကောင်းတရား (၇) ပါးနဲ့ ပြည့်စုံရမယ်။
၃။ရိပ်-ဆိုတာ ရ-အက္ခရာ ဗုဒ္ဓဟူးနံ၊ ဗုဒ္ဓဟူးနံဟာ ၄ ဂဏန်း။ မေတ္တာ၊ ကရုဏာ။ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ် တရား (၄) ပါးနဲ့ ပြည့်စုံရမယ်။
၎။ခို-ဆိုတာ ခ-အက္ခရာ တနင်္လာနံ၊ တနင်္လာနံဟာ ၂ ဂဏန်း။ ဟိရီ သြတ္တပ္ပ ဆိုတဲ့ လောကပါလတရား (၂) ပါးနဲ့ ပြည့်စုံရမယ်။
လူတိုင်း အသက်ရှည်လိုလျှင်ဖြင့်
ငါးပါးသီလမြဲရခြင်း
သူတော်ကောင်းတရား (၇) ပါးနှင့် ပြည့်စုံရခြင်း။
ဗြဟ္မစိုရ်တရား (၄) ပါးနှင့် ပြည့်စုံရခြင်း။
လောကပါလတရား (၂) ပါး ပြည့်စုံရခြင်း။
ဆိုတဲ့ အင်္ဂါရပ်များရှိဖို့ လိုပါတယ်။
အဘိဓဇမဟာရဋ္ဌဂုရု
အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဣန္ဒြိယ
(မဲဘောင်ဆရာတော်ဘုရားကြီး)
မဏိဝံသ မင်းဝေနိုင် (ဟင်္သာတ) ၏
အရှင်တို့စကား အရှင်တို့တရား စာအုပ်မှ
ကောက်နှုတ်ပူဇော်ပါသည်။
Shwe Tun ၏ facebook မှ ကူးယူဝေငှပါသည်။
Labels:
ဖတ်မိတာလေးများ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ