Tuesday, April 23, 2013

မောင်းထောင်းသံ (မောင်းတေးချင်း)


မောင်းထောင်းသံ (မောင်းတေးချင်း) - အမည်မသိရှေးစာဆို
မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း မှ

လက်ဆုံတွေ ချပါလို့၊ ဟန်ကျအောင်စီ။
ရွှေနောင်သူ ပျိုအပေါင်းရယ်၊ မောင်းကျောက်ကိုချီ။
ချီးကျူးငယ်သီ၊ ညီအောင်ပ အချက်ပေး။
ပျော်ရွှင်ရွှင် ယဉ်ယဉ်တွဲပါလို့၊ နွှဲကြစို့လေး။

ဟိုရှေ့က ဆူညံဆူညံ၊ ဘာသံလို့မေး။
မေးပါနဲ့အေ၊ ရွှေနောင်သူ အလှူပေးတယ်
မောင်းသံတဲ့လေး။

ဟိုရှေ့က နီရွှေရွှေ၊ နေထွက်ပြီလေ။
ဟုတ်ပါဘူးအေ၊ ဖန်ဆွတ်ရေ သင်္ကန်း၊
ရဟန်းတွေ ဆွမ်းခံကြွတယ်
လောင်းလာကြစမ်း။


ပျိုလေးတို့အိမ်စွန်း၊ ကျွန်းဆယ့်နှစ်ပင်
စောင့်ရှောက်စေချင်။
မငြိုငြင် ရှင်အောင်မွေးပါ့
မယ်နှင့်မောင် ကံဆိုင်ကြရင်
ကျောင်းတိုင်ဖို့လေး။

ခက်ဆစ်အဖွင့်

ရွှေနောင်သူ= ဟုမ္မလင်း မြို့နယ် အပါအ၀င် နောင်ပါးကျစ်ရွာသူ။
လက်ဆုံ= လက်ဖြင့်ထောင်းရသော ဆန်ဖွပ်မောင်းဆုံ။
ချီးကျူး= အစချီသီကျုးသည်။
ဖန်ဆွပ်ရေ= သစ်ခေါက်ပြုတ်ရည်ဖြင့် အရောင်ဆိုးထားသော။
ကံဆိုင်= ကံဆုံသည်။

ရွှေအိမ်စည်စာကြည့်တိုက်
http://www.facebook.com/pages/ရွှေအိမ်စည်စာကြည့်တိုက်-စာပေဒါနပြုသည်
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ