ဖတ်မိတာလေးကို ဗဟုသုတအဖြစ် ဝေငှလိုက်ပါတယ်။
ရွှေတိဂုံစေတီတော်၏ အံ့ဖွယ် ၉ ပါး
====================
အကြိမ်ကြိမ် ရောက်သည်။ သို့သော် အံ့ဖွယ် ၉ ပါး စုံအောင် တစ်ခါမှ မရောက်၊ ဘယ်နားမှာ ရှိမှန်း မသိတာလဲ ပါမည်။ ထိုအတွက်ကြောင့် အလွယ်တကူ မှတ်မိနိုင်စေရန် စုစည်းဖော်ပြပေးလိုက်ပါသည်။
========================== =========
၁။ပတ္တမြားမျက်ရှင် ဘုရား
၂။ဝိဇ္ဇာဇော်ဂျီ ဘုရား
၃။ရှင်စောပု ဘုရား
၎။ဆံတော်တွင်း ရုပ်ပွားတော်
၅။ရှင်အဇ္ဇာဂေါဏ ဘုရား
၆။ဘိုးဘိုးအောင် ဂူဘုရား
၇။ရှင်မထီး ဘုရား
၈။လက်ပက်လက်ဘုရား
၉။ပြဒါးရှင် ဘုရား
တို့ဖြစ်ကြသည်။
(၁) တ၀ဂူ ဆုတောင်းပြည့်ဘုရား (သို့) ပတ္တမြားမျက်ရှင်ဘုရား (အံ့ဖွယ် ၁ -တနလာင်္ထောင့်)
ရွှေတိဂုံစေတီတော် အထက်ပစ္စယံ အေ၇ှ့ ဘက်တည့်တည့်တွင် တည်ရှိသည်။ ထိုတ၀ဂူဘုရားသို့ အမျိုးသားများသာလျှင် တက်ရောက်ဖူးမြော်ခွင့်ရပြီး ၊ အမျိုးသမီးများ မဖူးမြော်နိုင်သော ဘုရားဟုလည်း ဆိုလျှင် မှားမည်မဟုတ်ပေ။ တ၀ဂူ ပတ္တမြားမျက်ရှင်ဘုရားဟုလည်း ခေါ်တွင်လေသည်။ဆုတောင်းပြည့်
တ၀ဂူုဘုရားသည် အလွန်တန်ခိုးကြီးသည့်အတွက် ဆုတောင်းပြည့်သည်ဟု
အလွန်ယုံကြည်ကြသည်။ ရှေးအခါက မင်းညီမင်းသားများသည် တ၀ဂူ ဆုတောင်းပြည့်
ဘုရားကို တက်ပြီးဆုတောင်းဆုယူပြုလုပ် ကြသည်။
သစ္စာအဓိဌာန်ပြုလုပ်ကြသည်။ ပြုလုပ်သည့်အတိုင်း အောင်မြင်ကြသည်။
အချင်းချင်းသတ်ဖြတ်ပြီး နန်းရပ်ထီးဖြူလုယူကြသည်။
ထီးနန်းအုပ်ချုပ်မင်းလုပ်ကြ သည်။
သို့အတွက် အချင်းချင်းမသတ် ဖြတ်စေရန် ကြီးစဉ်ငယ်လိုက် မင်းလုပ်စေရန်အတွက်
မင်းညီမင်းသားများ တ၀ဂူဆုတောင်းပြည့်ဘုရား မဖူးမြော်ရဟု ဘုရင်များက
အမိန့်စာချွန်တော်ထုတ်ပြန်ခဲ့ရလေသည်
ဟုမှတ်သားခဲ့ရဖူးပါသည်။ ထို့ကြောင့် တ၀ဂူဘုရားကို လူတိုင်း အလွယ်တကူ
မဖူးမြော်နိုင်စေရန် ဆုမတောင်းနိုင်ကြစေရန် တ၀ဂူဘုရားကို အထက်ပစ္စယံ
လူသူအရောက်အပေါက်နည်း သော နေရာတွင်လျှို့ဝှက် တည်ထားကိုးကွယ်ကြသည်ဟု
ပြောသမှတ်ပြုကြပါသည်။
(၂) ၀ိဇ္ဖာဇော်ဂျီဘုရား (အံ့ဖွယ် ၂ -- နေလဘုရားအရှေ့ဘက်မှာရှိပါတယ်...ဒီဘုရားကပန်းမဦးဘူးလို. သိရပါတယ်... ဘယ်လောက်စောစောထပြီးပန်းလှူ လှူ.. ပန်းလှူပြီးသားဖြစ်နေတာကိုပဲတွေ.ရလို.ပါတဲ့ )
ရွှေတိဂုံကုန်းတော် ရင်ပြင်တော် စနေထောင့်တည့်တည့်တွင် တည်ရှိသည်။ စေတီငယ်ပေါ်တွင် ဇော်ဂျီရုပ်များ ပြုလုပ်ထား သည်ကို တွေ့ရသည်။ လောကီပညာရပ် အစီအမံဖြင့်ပြုလုပ်ထားသည့် ဘုရားဟု သိရှိရလေသည်။
(၃) ဆုတောင်းပြည့်ဘုရား (အံ့ဖွယ် ၃ - ရှင်စောပုဘုရား ....၁၂ရာသီပတ်လုံးပန်းပွင့် ပါတယ်တဲ့)
ရွှေတိဂုံ ရင်ပြင်တော် ရာဟုထောင့် သံတန်ဆောင်းကြီး နံဘေးတွင်တည်ရှိတသည်။ အချို့ က ဘားလးဘားဘုရားဟုခေါ် ကြသည်။ ရှင်စောပုစေတီဟုလည်းတွင်သည် ။ ဘုရားအနီးတွင် စကားစိမ်း၊ စကားဝါစသော စကားပင်လေးပင်ရှိသည်။
(၄) ရှင်မထီးဘုရား (အံ့ဖွယ် ၇ --ပညာရေးကောင်း)
ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး ဘုရားမြောင်ဘက် အာရုံခံတန်ဆောင်း (ရှင်မထီးတန်ဆောင်း) တွင်းရှိဘုရားဖြစ်သည်။ နှစ်ပေါင်း ၁၀၀၀-ခန့်က ရှင်မထီးဆရာတော် တည်သွားသည့်ဟုပြောသည်။
(၅) ရှင်အဇ္ဖဂေါဏဘုရား (အံ့ဖွယ် ၅ --- ရှင်အဇ္ဖဂေါဏ နဲ.ရှင်မထီးဆရာတော် ကိုတော်၂များများကတစ်ပါးထဲလို. မှားတတ်ကြ ပါတယ်... ရှင်အဇ္ဖဂေါဏက ပုဂံပြည်ကိုပထမဆုံးစတည်ထောင်
တဲ့ သမုဒ္ဒရာဇ်မင်းလက်ထက်မှာပေါ် ခဲ့တဲ့ဆရာတော်ပါ.... ရှင်မထီး
ဆရာတော်ကတော့ ပျူစောထီးမင်း လက်ထက်မှာပေါ်ပေါက် ခဲ့တဲ့ဆရာတော်ပါ..
အဂ္ဂိရိတ်သမားတွေအတွက်အလွန်အားထားရတဲ့ ရှင်မထီးကျမ်းကိုပြုစုခဲ့တဲ့ သူပါ.)
ရွှေတိဂုံဘုရား ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး ဘုရား၏ တောင်ဘက် အာရုံခံတန်ဆောင်းတွင်း ရုပ်ပွားတော်ဖြစ်သည်။ ရှင်အဇ္ဖဂေါဏကား ဆိတ်မျက်လုံးတစ်ဖက်၊ နွားမျက်လုံးတစ်ဖက် ရှိသော ကိုယ်တော်ဟု ထင်ရှားသည်။ အဂ္ဂိရပ်တန်ခိုးဖြင့် ပုဂံခေတ်က ရွှေမိုး ငွေမိုး ရွာအောင်စောင်မခဲ့သော ကိုယ်တော်ဟုလည်းေ၇ှးဟောင်းသမိုင်းစာပေတို့တွင်
ဆို၏။ ဆရာတော်က ၄င်းတည်ခဲ့မှန်း လူများသိစေရန် မျက်လုံးတော်တစ်ဖက်ကျဉ်း၊
တစ်ဖက်ကျယ် ထုလုပ် သွားကြောင်းအဆိုရှိသည်။ ထိုအာရုံခံတန်ဆောင်း ရာဟုထောင့်
(၀ါ) အနောက်မြောက်ထောင့်ရှိ ရုပ်ပွါးတော်မှာ မျက်လုံးတော် တစ်ဖက်ကျဉ်း၊
တစ်ဖက်ကျယ် အရွယ်ချင်းမတူအောင်ပြုလုပ်ထားလေသည်။
(၆) ဆံတော်တွင်းရုပ်ပွားတော် (အံ့ဖွယ် ၄ -လပြည့်လကွယ်နေ.များတွင်ရေသံကြားရသည်ဟုဆိုကြပါသည်)
ရွှေတိဂုံရင်ပြင်တော် မြောက်ဘက်တွင်ရှိသော ဆံတော်တွင်း တန်ဆောင်းအတွင်းတွင် တည်ရှိသည်။ ဆံတောင်တွင်းတန်ဆောင်းမှာ ဒဂုံခင်ခင်လေး၏ ကောင်းမှုဖြစ်သော မဟာဗောဓိစေတီ၏ အနောက်ဘက် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ ရွှေတိဂုံစေတီကို တည်စဉ်က ဆံတော်များဆေးကြောသည့် တွင်းဖြစ်သည်ဟု မှတ်သားကြလေသည်။
တန်ဆောင်းတွင်းရုပ်ပွားတော် အနောက်တွင်
ယခင်နှစ်ပေါင်း (၅၀)ကျော်က ဆံတော်တွင်းသို့ဆင်းရာ ဥမင်လိုဏ်ခေါင်းရှိသည်ဟု
ပြောစမှတ်ရှိသည်။ ဆံတော်တွင်းမှ ရေသည် ဧရာဝတီမြစ်ရေနှင့်
တစ်ကြောတည်းဖြစ်သဖြင့် ဒီရေအတက်အကျရှိတိုင်း ဆံတော်တွင်းတွင်လည်း
အတက်အကျရှိသည်ဟု ဆိုကြသည်။ ဆံတော်တွင်း အုတ်ပြသာဒ်ကို ငုံပြီး ၁၈၇၉ ခုနှစ်က
တန်ဆောင်း ဆောက်လုပ်ခဲ့လေသည်။
(၇) ဘိုးဘိုးအောင်ဘုရား (အံ့ဖွယ် ၆ - ဘိုးဘိုးအောင်ဂူဘုရား)
ရွှေတိဂုံစေတီတော် အရှေ့မုခ် အနီးရှိ ဘိုးဘိုးအောင်တန်ဆောင်း ဘုရားပင်ဖြစ်သည်။ ထိုတန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်ကို ဘိုးဘိုးအောင် တည်ရစ်သည်ဟု ပြောစမှတ်ရှိသည်။ ဘိုးဘိုးအောင်တန်ဆောင်းအနော က်ဘက်တွင် ကျောချင်းကပ်လျှက် ရှိသည်ကား ဓမ္မစေတီ၏ ကောင်းမှုတောင်စေတီဖြစ်သည်။ ဓမ္မစေတီဘုရားရှေ့တွင် ခြင်္သေ့နှင့် ကျားရုပ်ရှိသည်။
(၈) လက်ပက်လက်ဘုရား (အံ့ဖွယ် ၈ - တနလာင်္ထောင့်မှာ ရှိပါတယ်.. .လာဘ မုနိ ဘုရားလို.လဲခေါ်ပါတယ်.. ကျန်းမာရေးညံ့ရင် ထိုဘုရားမှာ ဆုတောင်းပါတဲ့)
ရွှေတိဂုံစေတီတော်အရှေ့မုခ် အာရုံခံတန်ဆောင်းအတွင်းတွင် ရှိ၏။ ကကုသန်ရုပ်ပွားတော်ဖြစ်သည်။ လိုဏ်အတွင်းရှိကကုသတ်ဘုရားရှင်
ရုပ်ပွားတော်၏ လက်ယာဘက် လက်တော်မှာ အခြားဘုရားများ ထုစဉ်ကဲ့သို့
လက်မှောက်ခုံမဟုတ်ဘဲ လက်တော်ပက်လက်ထားပြီး ထုထားသဖြင့်
လက်ပက်လက်ဘုရားဟုခေါ်ဝေါ်လေ့ရှိလေသည်။
(၉) ပြဒါးရှင်ဘုရား (အံ့ဖွယ် -၉)
ရွှေတိဂုံရင်ပြင်တော် အရှေ့မုခ်နှင့် အင်္ဂါထောင့်အကြားရှိစေတီတစ်ဆူ၏ တောင်ဘက်မုခ်အတွင်းရှိ ကြေးဆင်းတုတော်ဖြစ်သည်။ အလွန်အချိုးအစားကျနပြေပြစ်လှသည်။ နဖူးတော်တွင် မို့မောက်နေပြီး ပြဒါးရှင်လုံးဌာပနာထားသည်ဟု
ပြောစမှတ်ရှိ၏။ ပြဒါးရှင်လုံးရှိသည် မရှိသည်ကား အသေအချာ မသိရသော်လည်း
အဆိုပါကြေးဆင်းတုတော်မှာ ရွှေတိဂုံကုန်းတော်ပေါ်ရှိ ဆင်းတုတော်များအနက်
အလွန်ကြည်ညိုဖွယ်ကောင်းလှသော ဆင်းတုတော်ဖြစ်ကြောင်းကို ဖူး ဖူးသူတိုင်း ၀န်ခံရပေသည်။
ထို အံ့ဖွယ် ၉ ပါးအပြင် နေလ ဘုရား၊ ပိတုန်း ၂ ကောင်ကို တစ်ဖက်စီ ကိုင်ပြီ ဆုတောင်းရသော ဘုရားများလည်း ရှိသေးသည်။ ရွှေတိဂုံရောက်သည့် အခါ စုံအောင် ဖူးနိုင်ပါစေ။
====================
အကြိမ်ကြိမ် ရောက်သည်။ သို့သော် အံ့ဖွယ် ၉ ပါး စုံအောင် တစ်ခါမှ မရောက်၊ ဘယ်နားမှာ ရှိမှန်း မသိတာလဲ ပါမည်။ ထိုအတွက်ကြောင့် အလွယ်တကူ မှတ်မိနိုင်စေရန် စုစည်းဖော်ပြပေးလိုက်ပါသည်။
==========================
၁။ပတ္တမြားမျက်ရှင် ဘုရား
၂။ဝိဇ္ဇာဇော်ဂျီ ဘုရား
၃။ရှင်စောပု ဘုရား
၎။ဆံတော်တွင်း ရုပ်ပွားတော်
၅။ရှင်အဇ္ဇာဂေါဏ ဘုရား
၆။ဘိုးဘိုးအောင် ဂူဘုရား
၇။ရှင်မထီး ဘုရား
၈။လက်ပက်လက်ဘုရား
၉။ပြဒါးရှင် ဘုရား
တို့ဖြစ်ကြသည်။
(၁) တ၀ဂူ ဆုတောင်းပြည့်ဘုရား (သို့) ပတ္တမြားမျက်ရှင်ဘုရား (အံ့ဖွယ် ၁ -တနလာင်္ထောင့်)
ရွှေတိဂုံစေတီတော် အထက်ပစ္စယံ အေ၇ှ့ ဘက်တည့်တည့်တွင် တည်ရှိသည်။ ထိုတ၀ဂူဘုရားသို့ အမျိုးသားများသာလျှင် တက်ရောက်ဖူးမြော်ခွင့်ရပြီး
(၂) ၀ိဇ္ဖာဇော်ဂျီဘုရား (အံ့ဖွယ် ၂ -- နေလဘုရားအရှေ့ဘက်မှာရှိပါတယ
ရွှေတိဂုံကုန်းတော် ရင်ပြင်တော် စနေထောင့်တည့်တည့်တွင် တည်ရှိသည်။ စေတီငယ်ပေါ်တွင် ဇော်ဂျီရုပ်များ ပြုလုပ်ထား သည်ကို တွေ့ရသည်။ လောကီပညာရပ် အစီအမံဖြင့်ပြုလုပ်ထားသည့် ဘုရားဟု သိရှိရလေသည်။
(၃) ဆုတောင်းပြည့်ဘုရား (အံ့ဖွယ် ၃ - ရှင်စောပုဘုရား ....၁၂ရာသီပတ်လုံးပန်းပွင့်
ရွှေတိဂုံ ရင်ပြင်တော် ရာဟုထောင့် သံတန်ဆောင်းကြီး နံဘေးတွင်တည်ရှိတသည်။ အချို့ က ဘားလးဘားဘုရားဟုခေါ် ကြသည်။ ရှင်စောပုစေတီဟုလည်းတွင်သည်
(၄) ရှင်မထီးဘုရား (အံ့ဖွယ် ၇ --ပညာရေးကောင်း)
ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး ဘုရားမြောင်ဘက် အာရုံခံတန်ဆောင်း (ရှင်မထီးတန်ဆောင်း) တွင်းရှိဘုရားဖြစ်သည်။ နှစ်ပေါင်း ၁၀၀၀-ခန့်က ရှင်မထီးဆရာတော် တည်သွားသည့်ဟုပြောသည်။
(၅) ရှင်အဇ္ဖဂေါဏဘုရား (အံ့ဖွယ် ၅ --- ရှင်အဇ္ဖဂေါဏ နဲ.ရှင်မထီးဆရာတော် ကိုတော်၂များများကတစ်ပါးထဲလ
ရွှေတိဂုံဘုရား ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး ဘုရား၏ တောင်ဘက် အာရုံခံတန်ဆောင်းတွင်း ရုပ်ပွားတော်ဖြစ်သည်။ ရှင်အဇ္ဖဂေါဏကား ဆိတ်မျက်လုံးတစ်ဖက်၊ နွားမျက်လုံးတစ်ဖက် ရှိသော ကိုယ်တော်ဟု ထင်ရှားသည်။ အဂ္ဂိရပ်တန်ခိုးဖြင့် ပုဂံခေတ်က ရွှေမိုး ငွေမိုး ရွာအောင်စောင်မခဲ့သော ကိုယ်တော်ဟုလည်းေ၇ှးဟောင်းသမိုင်းစာပေတို့တ
(၆) ဆံတော်တွင်းရုပ်ပွားတော် (အံ့ဖွယ် ၄ -လပြည့်လကွယ်နေ.များတွင်ရေသ
ရွှေတိဂုံရင်ပြင်တော် မြောက်ဘက်တွင်ရှိသော ဆံတော်တွင်း တန်ဆောင်းအတွင်းတွင် တည်ရှိသည်။ ဆံတောင်တွင်းတန်ဆောင်းမှာ ဒဂုံခင်ခင်လေး၏ ကောင်းမှုဖြစ်သော မဟာဗောဓိစေတီ၏ အနောက်ဘက် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ ရွှေတိဂုံစေတီကို တည်စဉ်က ဆံတော်များဆေးကြောသည့် တွင်းဖြစ်သည်ဟု မှတ်သားကြလေသည်။
တန်ဆောင်းတွင်းရုပ်ပွားတော်
(၇) ဘိုးဘိုးအောင်ဘုရား (အံ့ဖွယ် ၆ - ဘိုးဘိုးအောင်ဂူဘုရား)
ရွှေတိဂုံစေတီတော် အရှေ့မုခ် အနီးရှိ ဘိုးဘိုးအောင်တန်ဆောင်း ဘုရားပင်ဖြစ်သည်။ ထိုတန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်ကို ဘိုးဘိုးအောင် တည်ရစ်သည်ဟု ပြောစမှတ်ရှိသည်။ ဘိုးဘိုးအောင်တန်ဆောင်းအနော
(၈) လက်ပက်လက်ဘုရား (အံ့ဖွယ် ၈ - တနလာင်္ထောင့်မှာ ရှိပါတယ်.. .လာဘ မုနိ ဘုရားလို.လဲခေါ်ပါတယ်.. ကျန်းမာရေးညံ့ရင် ထိုဘုရားမှာ ဆုတောင်းပါတဲ့)
ရွှေတိဂုံစေတီတော်အရှေ့မုခ် အာရုံခံတန်ဆောင်းအတွင်းတွင်
(၉) ပြဒါးရှင်ဘုရား (အံ့ဖွယ် -၉)
ရွှေတိဂုံရင်ပြင်တော် အရှေ့မုခ်နှင့် အင်္ဂါထောင့်အကြားရှိစေတီတစ်ဆ
ထို အံ့ဖွယ် ၉ ပါးအပြင် နေလ ဘုရား၊ ပိတုန်း ၂ ကောင်ကို တစ်ဖက်စီ ကိုင်ပြီ ဆုတောင်းရသော ဘုရားများလည်း ရှိသေးသည်။ ရွှေတိဂုံရောက်သည့် အခါ စုံအောင် ဖူးနိုင်ပါစေ။
by Oppositeyes