Wednesday, January 9, 2013

သိပ်မြှင့်မတွက်ရဘူး


အချို့သူများသည် မိမိကိုယ်ကို "ထင်တစ်လုံး" ရှိတတ်ကြပါသည်။ မိမိ၌ တကယ်ရှိသည်ထက် ပိုပြီးရှိသည်ဟု "ဘဝင်မြင့်" တတ်ကြပါသည်။ မိမိတွယ်တာသော၊ သံယောဇဉ်ကြီးသော မိဘဆရာသမားတွေအပေါ်တွင်လည်း တကယ် 'အရှိဂုဏ်' ထက်ပိုပြီး ရှိသည်ဟု ခံယူတတ်ကြပါ၏ ။ မိမိ၏ မိဘဆရာသမားတွေအပေါ် မိမိလေးစား အထင်ကြီးသကဲ့သို့ အခြားသူတွေကိုလည်း လေးစားစေချင်၊ အထင်ကြီးစေချင်တတ်သည်။

မိမိအပေါ်မှာရော မိမိ၏မိဘ ဆရာသမားတွေ အပေါ်မှာပါ အခြားသူတွေက ရိုသေလေးစားမှု မရှိဟုထင်လျှင် မခံချင်ဖြစ်တတ်ကြပါသည်။ ထိုအခါ မလိုလားအပ်သော 'အမုန်း' 'အာဃာတ' များ ထွန်းပလာတတ်ပါသည်။ ဤသည်နှင့်ပတ်သက်ပြီး မစိုးရိမ်ဆရာတော်ဘုရားကြီး ၏ အမိန့်ရှိချက်မှာ များစွာမှတ်သားစရာ ကောင်းပါသည်။

တစ်နေ့တွင် မန္တလေးမြို့က မျက်နှာကြီးဒကာတစ်ဦး၏ ဆွမ်းကျွေးသို့ ဆရာတော်ကြီးနှင့် တပည့်ဦးပဉ္ဇင်း ကြွရောက်သွားရာ အချိန်အနည်းငယ်နောက်ကျသွားသဖြင့် လှေကားထိပ်တွင်ပင်ထိုင်ပြီး ဆွမ်းဘုဉ်းပေးခဲ့ရပါသည်။ အပြန်တွင် တပည့်ဦးပဉ္ဇင်း က -


"တပည့်တော်အတွက် ကိစ္စမရှိပါဘူး။ ဆရာတော်တို့အတွက် နေရာချန်လှပ်ထားဖို့ ကောင်းတာပေါ့"

ဟုလျှောက်ထားလာရာ ဆရာတော်ဘုရားကြီးက အောက်ပါအတိုင်း ပြန်လည်အမိန့်ရှိတော်မှုပါသည်။

" ဦးပဉ္ဇင်းနှည် ခက်ပါဘိ။ ဆရာတော်တို့အတွက်ရယ် ဘာရယ်လုပ်မနေပါနဲ့။ ဦးပဉ္ဇင်းက ကိုယ့်ဆရာတော်ကို သိပ်မြှင့်မတွက်ရဘူး။ ကိုယ်က သိပ်မြှင့်တွက်ထားပြီး တစ်ဖက်သားက ကိုယ်တွက်ထားသလောက် ဖြစ်မလာဘူး၊ အရေးမပေးဘူးဆိုရင် ကိုယ်မှာ အတော်ခံရခက်တယ် ဦးပဉ္ဇင်း။ အဲဒါ သတိထား။"

.....................................................

the eXistence မှ မင်းနန် (မော်ကျွန်း) ရေးသားပြုစုထားသော - "ဆရာတော်ကြီးများ၏ ဩဝါဒတော်များ" စာအုပ် (စာမျက်နှာ- ၁၀၀) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

World Of Wisdom  မှာတွေ့လို့ ကူးယူဝေငှပါသည်။

မစိုးရိမ်ဆရာတော်၏ထေရုပ္ပတ္တိမှာလဲ ဖတ်ရှုနိုင်ပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ