Thursday, December 13, 2012

ရေမသောက်ရတဲ့ မျက်နှာ...


 ရေမသောက်ရတဲ့မျက်နှာ

မေတ္တာစိတ် ကင်းမဲ့တဲ့ သူတွေကျတော့
 ရေမသောက်ရတဲ့ မျက်နှာတွေလို
စိုစိုဖတ်ဖတ် မရှိကြဘူး။
 ခြောက်ကပ်ကပ်တွေပဲ
အမြဲတမ်း သားရေး သမီးရေး၊ စီးပွားရေး၊
 လောကရေးတွေနဲ့ ရှုပ်ထွေးပြီး ပူလောင်နေရတတ်ကြတယ်။

 အထင်သေးနေကြပြီ
 
ယခုခေတ်က လူကြီးမိဘ ဆရာသမားကို မလေးစားတဲ့ခေတ်၊ 
ဒီခေတ်ကို တို့က မျက်စိမှိတ်လိုက်နေလို့ မတော်ဘူး။ 
သူတို့ကမှ ခေတ်မီတယ်လို့ ယူဆနေကြတယ်။ 
အလားတူပဲ ဆရာသမားတွေကိုလည်း 
တပည့်တွေက ခေတ်မမီကြဘူးလို့ 
အထင်သေးနေကြပါပြီ။ ဒါ ဘယ်လောက်မှန်သလဲ။

 မဆန်းပါဘူး
ပညာကို တတ်အောင် သင်ကြပါ။ 
ပညာတတ်တော့ ကိုယ်လုပ်ချင်ရာ လုပ်လို့ဖြစ်ပါတယ်။ 
 "လှိုင်းကြီး လှေအောက်၊ တောင်ကြီး ဖ၀ါးအောက်" ဆိုတာလို 
အလိုလိုပဲ ကိုယ့်အောက် ခ,လာကြရတာပဲ။ ဒါ သဘာဝပဲ၊ မဆန်းပါဘူး။

 အာပေါက်အောင်တောင်း မရဘူး

တို့မြန်မာလူမျိုးတွေက ဆုတောင်းတယ်ပြီးလေ့တယ်။
 ဖြစ်ချင်တာကို ထိုင်ပြီး ဆုတောင်းနေတော့တာပဲ။ အကြောင်းဖြစ်တဲ့ အလုပ်ကိုတော့ မလုပ်ဘဲနဲ့ အကျိုးရချင်ပြီးတော့ ဆုတောင်းနေလို့ ဖြစ်မလား၊
အာပေါက်အောင် တောင်း မရဘူး။

ဥပမာ မန္တလေးကနေ ရန်ကုန်ကို သွားချင်တယ်ဆိုပါတော့။
 "ရန်ကုန်ကို ရောက်ရပါလို၏" ဟု တစ်သက်လုံး ထိုင်ပြီး ဆုတောင်း၊
အာပေါက်အောင် တောင်း၊ မရဘူး။ ငွေမရှိရင် မရောက်နိုင်ဘူး။ ဒီတော့ ရောက်နိုင်တဲ့အကြောင်းရင်း ငွေကို ရအောင် အားထုတ်ကြရလိမ့်မယ်။
အကျိုးကို လိုချင်ရင် အဲဒီ အကျိုးကို ရနိုင်တဲ့ အကြောင်းရင်းကို အားထုတ်ရမှာပေါ့။
အကြောင်းရင်းကို မလုပ်ဘဲနဲ့ ထိုင်ပြီး ဆုတောင်းနေလို့ကတော့
ဘယ်တော့မျှ အကျိုးမရနိုင်ဘူး မှတ်ပါ။

(မဟာဂန္ဓာရုံဆရာတော်)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ