Sunday, December 23, 2012
သုတေသနမှ သုတေသနသို့
လူရဟန္တာ ၅-ဦးမှာ စံရှာ နိဗ္ဗာန်နန်း။ ။ လူဝတ်နှင့် အရဟတ္တဖိုလ်ရ၍ ထိုနေ့မှာပင် လူ့အဖြစ်နှင် ပရိနိဗ္ဗာန် စံသွားကြရှာသည့် အောက်ပါလူပုဂ္ဂိုလ် ငါးယောက်ကို ဆို၏။
(၁) ဥဂ္ဂသေန သူကြွယ်၊ (၂) သန္တတိအမတ် ကြီး၊
(၃)၀ီတသောကလုလင်၊ (၄)ဒါရုစိပရိဗုဇ်၊
(၅) ခမည်းတော် သုဒ္ဓေါမင်းကြီးတို့ဖြစ်၏။
(အရှင်သြဘာသာဘိဝံသမထေရ်မြတ် စီရင်ရေးသားအပ်သော သူတေသနသရုပ်ပြအဘိဓာန်ကျမ်း နှာ-၅၃၀) `၌ဆိုသည်။
မိမိတွေ့ရှိသမျှ လူဝတ်နှင့် ရဟန္တာဖြစ်ကြသူများမှာ (၁၀)ဦးဖြစ်သည်။
(၁) ယသသတိုးသား၊ (၀ိ-၃၊ ၂၃)။
(၂) ဗာဟိယဒါရုစိရိယ (ဓမ္မပဒ.ဋ္ဌ-၁၊ ၄၁၂၊ အံ.ဋ္ဌ-၁၊ ၂၂၀)
(၃) သန္တတိအမတ်ကြီး (ဓမ္မပဒ.ဋ္ဌ-၂၊ ၅၁)
(၄-၅) နကုလပိတာ၊ နကုလမာတာ (ဓမ္မပဒ.ဋ္ဌ-၂၊ ၂၅၀) (အံ.ဋ္ဌ ၌ကား ရဟန္တာဖြစ်ကြောင်း မပါ။
(၆) ၀ိဗ္ဘန္တဘိက္ခု (ဓမ္မပဒ.ဋ္ဌ-၂၊ ၃၃၆)
(၇) ခေမာမိဖုရား (ဓမ္မပဒ.ဋ္ဌ-၂၊ ၃၄၀၊ အံ.ဋ္ဌ-၁၊ ၂၆၆)
(၈) ဥဂ္ဂသေန (ဓမ္မပဒ.ဋ္ဌ-၂၊ ၃၄၃)
(၉) ခမည်းတော် သုဒ္ဓေါဓနမင်း (အံ.ဋ္ဌ-၁၊ ၂၆၃)
(၁၀) ၀ီတသောကလုလင် (မဇ္ဈိမ.ဋ္ဌ-၁၃၆)
ဤကား မိမိတွေ့ရှိသမျှ လေ့လာမိသမျှ လူ့ဘ၀နှင့် ရဟန္တာဖြစ်ကြသူများဖြစ်ပါသည်။
ဆက်လက်၍ သုတေသနပြုကြရန်လည်း တိုက်တွန်းပါသည်။
သရုပ်ပြအဘိဓာန်လာ နံပါတ် (၁)ဥဂ္ဂသေနသူကြွယ်မှာ လူဘ၀နှင့် ရဟန္တာဖြစ်သော်လည်း လူဘ၀ နှင့် နိဗ္ဗာန်ဝင်စံသွားသူမဟုတ်ပါ။ ဧဟိဘိက္ခု ရဟန်းပြုတော်မူသွားပါသည်။
ဤသို့ဆိုလျှင် (၁)လူဝတ်နှင့် ရဟန္တာဖြစ်၍ လူအဖြစ်နှင့် ပရိနိဗ္ဗာန်စံသွားကြသည့်ပုဂ္ဂိုလ်၊ (၂) လူဝတ်နှင့် ရဟန္တာဖြစ်ပြီး ရဟန်းပြုကာ့ ပရိနိဗ္ဗာန်စံသွားကြသည့်ပုဂ္ဂိုလ်ဟု ခွဲခြားကာမှတ်သား သင့်သည် ထင်၍ ခွဲခြားပြပါဦးမည်။
အထက်ပါပုဂ္ဂိုလ်များတွင် ယသသတိုးသား၊ ဥဂ္ဂသေန၊ ခေမာမိဖုရား (၃)ဦးမှာ လူဝတ်နှင့် ရဟန္တာဖြစ်ကြသော်လည်း ရဟန်းပြုသွားကြပါသည်။ ကျန်(၇)ဦးကား လူဝတ်နှင့်ရဟန္တာဖြစ်၍ လူ့အဖြစ်နှင့်ပင် ပရိနိဗ္ဗာန်စံသွားကြသည်ဟု မှတ်ယူရမည်ဖြစ်သည်။
အခြားသော အမည်မပါပဲ လူဘဝ ရသေ့ဘဝဧဟိဘိက္ခုရဟန်းပြုသည့် ပုဂ္ဂိုလ်များမှာလည်း များစွာရှိသည်။
ဤကား မိမိ၏ ယူဆချက်မျှသာဖြစ်၍ ဆက်လက်သုတေသနပြု ပြင်ဆင်ကြရန်နှင့် အမှားပါကလည်း သည်းခံခွင့်လွတ်ကြပါရန်အနူးညွတ်တောင်းပန်ပါသည်။
ဤစာကို သရုပ်ပြအဘိဓာန်ဆရာတော်၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့ကို စော်ကားပုတ်ခတ်လို၍ ရေးသားတင်ပြခြင်းမဟုတ်ပါ၊ ဆရာတော်တီထွင်သွားသည့် လမ်းကြောင်းပေါ်လျှောက်လှမ်းရင်း ဆက်လက်သုတေသနပြုကြရန်ရည်ရွယ်ပါသည်။
Labels:
ဘာသာရေး အမေးအဖြေများ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ