ဗုဒ္ဓဝင်ကဗျာဘုရားရှိခိုး
၁။ ဤကမ္ဘာမှ
ပြန်ရေလျှင်-လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတွင်၊
အမည်ပေါ်လွင်
တောမှာမွေ့-သုမေဓာရှင် လောင်းရသေ့၊
တရွေ့ရွေ့နဲ့
ရှည်မြင့်လာ-ကာလထိုများစွာ၊
ဝေဿန္တရာ
ပေါ်ထင်ရှား-ဘုရင်မင်းတရား၊
ဘဝများစွာ ဖြည့်ကျင့်ပြီ-ဒါနပါရမီ၊
ရွှေငွေလီလီ ဆင်မြင်းစ-လှူဒါန်း စွန့်ကြဲချ၊
ဒါနဥပ ပါရမီ-ခြေ,လက်,နား,နှာခေါင်း လှူဒါန်းသည်၊
အသက်ကိုတည် လှူဒါန်းက-ဒါနပရမတ္ထ ပါရမီရ၊
၂။ ပဒေသရာဇ်-ဧကရာဇ်-စကြာမင်းကြီးဖြစ်၊
စည်းစိမ်ြွကယ်လစ်
ထိုအခါ-သူပိုင်ဥစ္စာ ရတနာ၊
စွန့်ကာကြဲကာ လှူဒါန်းက-ဓန ပရိစ္စာဂ၊
ပုတ္တ ပရိစ္စာဂမှာ-သားသမီးကို လှူဒါန်းတာ၊
မိမိကြင်ယာ လှူဒါန်းက-ဘရိယ ပရိစ္စာဂ၊
အင်္ဂပရိစ္စာဂမှာ-ခြေ,လက်,နား,နှာခေါင်း လှူဒါန်းရာ၊
အသက်ခန္ဓာ လှူဒါန်းက-ဇီဝိတ ပရိစ္စာဂ၊
၃။ အချိန်ကာလ ထိုအခြင်းရာ-ကာလကြည့်ခြင်းပါ၊
ဒီပဆိုတဲ့ ကြည့်ခြင်းက-ကျွန်းအရပ်ကိုရ၊
ဒေသကိုလည်း မှတ်ထိုက်စွာ-ဘုရားဖြစ်ရာ ရပ်ဒေသာ၊
ဖြစ်သင့်ဖြစ်ရာ မျိုးနွယ်ကြည့်-ကုလမှတ်ပါဘိ၊
အမိဖြစ်သင့် သူတိုင်းမှာ-သက်တမ်းပိုင်းခြား ရှိပေတာ၊
မာတုအာယုပရိစ္ဆေဒါ၊
ကြည့်ခြင်းငါးဖြာ ပြည့်စုံငြား-ဘုရားအလောင်းနတ်သားများ၊
၎။ ခြောက်ဆယ့်ခုနစ် ချန်ခါကို-ရွှန်းရွှန်းလဝါဆို၊
ကြည့်ခြင်းငါးကို ကြည့်ပြီးနောက်-လူ့ပြည် သန္ဓေရောက်၊
နေ့မြတ်ဆိုလောက် ကြာသပတေးယှဉ်-လပြည့်နေ့မှာပင်၊
ကပိလ၀တ်နေပြည်ခွင်-မယ်တော်မာယာ ဝမ်းဗိုက်တွင်၊
ဘုရင်သုဒ္ဓေါဒန မင်းတရား-သူ၏ မိဖုရား၊
၅။ သန္ဓေတည်ကာ ဆယ်လကြာ-ခြောက်ဆယ့်ရှစ်ခု ထိုကောဇာ-
ကဆုန်လပြည့်
ချိန်အခါ၊
သောကြာနေ့မှာ သန့်စင်ဖွား-နှစ်ပြည်ထောင်၏ ကြား၊
သားငှက်ပျော်ရာ ဥယျာဉ်သာ-လုဗ္ဗိနီဟု ခေါ်ပေတာ၊
ငယ်စဉ်ခါက အမည်ထား-သိဒ္ဓတ် လောင်းမင်းသား၊
၆။ ဆယ့်ခြောက်နှစ်ရွယ် ရောက်သောအခါ
မယ်ယသော်နဲ့ထိမ်းမြားကာ၊
စည်းစိမ်ရသာ သူခံစား-သိဒ္ဓတ် လောင်းမင်းသား၊
စဉ်းစားတတ်တဲ့ ပညာယှဉ်-နှစ်ဆယ့်ကိုးနှစ် အရွယ်တွင်၊
လေးနိမိတ်မြင် သံဝေပွား-ရဟန်းပြုဖို့ တောထွက်သွား၊
၇။ သူဌေးသမီးသုဇာတာ-လှူဒါန်းအပ်တဲ့ နို့ဃနာ၊
အဇပါလ ညောင်ပင်နား-ဘုဉ်းပေးစားသုံးသွား၊
မြက်ထမ်းသမား ကိုငစင်-ဗောဓိပင်သွား ခရီးတွင်၊
လောင်းအရှင်ကို မြက်ရှစ်ဆုပ်-ဒါန သူပြုလုပ်၊
မြက်ရှစ်ဆုပ်ကို ယူဆောင်ကာ-ဗောဓိပင်သို့ ဆိုက်ရောက်လာ၊
ထိုင်စရာတွက် နေရာခင်း-ဗောဓိပင်ခြေရင်း၊
ထိုခဏခြင်း အံ့ဖွယ်ရာ-မြက်၏အသွင် ပျောက်ကွယ်ကာ၊
အပရာဇိတ ပလ္လင်လှ-ဗုဒ္ဓ နေရာရ၊
၈။ တစ်ရာ့သုံးခု ထိုကောဇာ-ကဆုန်လပြည့် ချိန်အခါ၊
ဆင်မင်းနေ့မှာ ဗုဒ္ဓဖြစ်-သုံးဆယ့်ငါးနှစ် သက်တော်စစ်၊
ဝေနေယျချစ် တို့မြတ်စွာ-လေးဆယ့်ငါးဝါ ကြာ၊
သတ္တဝါတို့ ကျိုးစီးပွား-သယ်ပိုး ဆောင်ရွက်သွား၊
၉။ ဘုရားဖြစ်ခါ မဂဒါ-စကြာရွှေဖွား ဖြန့်ချီကာ၊
ဝါဆိုလပြည့် စနေမှာ၊
ဓမ္မစကြာ ဟြေွာမက်ကြား-ပဉ္စဝဂ္ဂီ အမှူးထား၊
နတ်များဗြဟ္မာ စုဝေးကာ-သောင်းစကြာမှ ဆိုက်ရောက်လာ၊
ဒေသနာကို ကြားနာကြ-ဂါရဝနဲ့ ဦးနှိမ်ချ၊
၁၀။ ကဆုန်လပြည့် နေ့အင်္ဂါ-
ရာလေးဆယ့်ရှစ် ရောက်သောအခါ၊ သက်တော်ရှစ်ဆယ်မှာ၊
ကုသိနာရုံ မလ္လာမင်း-အင်ကြင်း ဥယျာဉ်တွင်း၊
ခန္ဓာမြွကင်း နိဗ္ဗာန်ဝင်-သုံးလူ့ တို့ရှင်ပင်၊
ဗုဒ္ဓဝင်ကဗျာ ရွတ်ဖတ်လို့-ရှိခိုးကြပါစို့။ ။