Monday, December 31, 2012

ပတ္တမြားနှစ်လုံး


*သတိအားနဲ့ ကိုယ့်ကိုယ်ကိုလည်း ကျေနပ်စေနိုင်တယ်။
မေတ္တာအားနဲ့ သူများတွေကိုလည်း ကျေနပ်စေနိုင်တယ်။

*သတိအားနဲ့ ကိုယ့်ကိုယ်ကိုလည်း ငြိမ်းချမ်းစေနိုင်တယ်။
မေတ္တာအားနဲ့ သူများတွေကိုလည်း ငြိမ်းချမ်းစေနိုင်တယ်။

*သတိအားနဲ့ ကိုယ့်ကိုယ်ကိုလည်း ကယ်ဆယ်နိုင်တယ်။
မေတ္တာအားနဲ့ သူများတွေကိုလည်း ကယ်ဆယ်နိုင်တယ်။

*သတိအားနဲ့ ကိုယ့်ဟာကိုလည်း တည့်အောင်နေနိုင်တယ်။
မေတ္တာအားနဲ့ သူများတွေနှင့်လည်း တည့်အောင်နေနိုင်တယ်။

*သတိအားနဲ့ ကိုယ့်ဟာကိုလည်း ဆွေမျိုးတော်တယ်။
မေတ္တာအားနဲ့ သူများတွေနဲ့လည်း ဆွေမျိုးတော်တယ်။

*သတိအားနဲ့ သက်မဲ့တွေနဲ့လည်း ဆွေမျိုးတော်တယ်။
မေတ္တာအားနဲ့ သက်ရှိတွေနဲ့လည်း ဆွေမျိုးတော်တယ်။

(တိပိဋက ယောဆရာတော်)

မဟာဂန္ဓာရုံမဟာနာယကချုပ်ဆရာတော်၏ ပတ္တမြားရတု အထိမ်းအမှတ်စာစောင်မှ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ