ကိုယ့်အတွက် အားကိုးစရာ အကောင်းဆုံးဟာ ကိုယ့်ရင်ထဲမှာ ရှိမှဖြစ်မယ်။
အပြင်မှာရှိနေလို့ မဖြစ်ဘူး။
အပြင်မှာရှိနေတဲ့ ဘယ်အရာမှ အားကိုးစရာအစစ် မဖြစ်ဘူုး။
အိမ်၊ ကား၊ လက်ဝတ်ရတနာ၊ ရွှေငွေ၊ ရာထူးဆိုတာတွေဟာ အားကိုးရာအစစ် မဟုတ်ဘူး။
သားသမီးလည်း အားကိုးရာအစစ် မဟုတ်ဘူး။
ယောက်ျားလည်း အားကိုးရာအစစ် မဟုတ်ဘူး။
မိန်းမလည်း အားကိုးရာအစစ် မဟုတ်ဘူး။
အဖေအမေလည်း အားကိုးရာအစစ် မဟုတ်ဘူး။
သူတို့မရှိလည်း ကိုယ့်ဘဝကို
ကိုယ်အဓိပ္ပါယ်ရှိရှိ ကျေကျေနပ်နပ် နေနိုင်ရမယ်။
ကိုယ့်စိတ်ကြည်လင် အေးချမ်းဖို့ ဘယ်သူမှ လုပ်မပေးနိုင်ဘူး။
ကိုယ့်စိတ်ကြည်လင် အေးချမ်းဖို့ ဘယ်သူမှ လုပ်မပေးနိုင်ဘူး။
ကိုယ့်ကိုကိုယ် အားကိုးမှပဲရမယ်။
ဒါကြောင့် ကိုယ့်စိတ်ကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးရမယ်။
တခြားနည်းနဲ့
ဘယ်လိုမှ မရနိုင်ဘူး။
(ဆရာတော်ဦးဇောတိက)
ဖတ်မိတာလေးကို တင်ပြလိုက်ပါတယ် ။