Saturday, October 13, 2012

လောကအမှန်တရားဆိုတာ




သဘောတိုက်ဆိုင်သည်ဖြစ်စေ
သဘောမတိုက်ဆိုင်သည်ဖြစ်စေ
ငြင်းခုံခြင်း မပြုပါနဲ့၊
ငြင်းခုံခြင်းမှာ အန္တရာယ်ရှိတယ်။

မှားသည် ဖြစ်စေ
မှန်သည်ဖြစ်စေ
အပြစ် မပြောကြပါနဲ့၊
သူတစ်ပါးအပြစ်ပြောရင် ကိုယ့်မှာ ဆင်းရဲတယ်..။

တရားသည်ဖြစ်စေ
မတရားသည်ဖြစ်စေ
မတုန့်ပြန်ပါနဲ့ တုံ့ပြန်နေရင် ပွဲမပြီးဘူး။

စကားနားထောင်သည်ဖြစ်စေ နားမထောင်သည်ဖြစ်စေ
မချုပ်ချယ်ပါနဲ့၊
သူတစ်ပါးကို ချုပ်ချယ်ရင် ကိုယ့်မှာ မလွတ်လပ်ဘူး။

ကိုယ့်ရင်ထဲမှာ ဖြစ်နေသလို အားလုံးလည်း ဖြစ်ဖူးတယ်၊
အားလုံးရင်ထဲမှာ ဖြစ်နေသလို
ကိုယ့်မှာလည်း ဖြစ်ဖူးတယ်။

အားလုံးဘ၀ဟာ ကိုယ့်ဘ၀ပါပဲ၊
ကိုယ့်ဘ၀ဟာလည်း အားလုံး ဘ၀ပါပဲ၊

မိမိချမ်းသာကို အလိုရှိသော သူသည်
မိမိရင်၌ စူးဝင်နေသော မြှားငြောင့်ကို
မိမိကိုယ်တိုင် နှုတ်ရာ၏

လောကအမှန်တရား ဆိုတာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ။

မှတ်ချက်။   ။ သူငယ်ချင်း တစ်ပါးရဲ့ ကျောင်းမှ ဘီရိုမှာ ကပ်ထားတာလေး တွေ့လို့ ကူးယူဖော်ပြလိုက်ပါတယ်၊ ဘယ်သူရေးတာလဲ မေးကြည့်တော့ မိုးကုတ်မြို့ ကျပ်ပြင်ရပ်က ဆရာတော်တစ်ပါးရေးသားကြောင်း ပြောပြပါတယ်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ