Sunday, September 23, 2012

ဆရာ,မိဘကောင်းတွေနဲ့ တွေ့ဖို့ အရေးကြီး

စာတတ်နေရုံနဲ့ မပြီး သေးဘူး၊
ဆရာကောင်း သမားကောင်း
မိဘကောင်းတွေနဲ့
တွေ့ဖို့လဲ အရေးကြီးတယ်၊

အဲဒီလို တွေ့ရမှ စိတ်ကောင်း
စေတနာကောင်း ရှိအောင်
ပြုပြင်ပေးတဲ့သူ ရနိုင်တယ်၊

အခု ခေတ်မှာ အဲဒီလို ပြုပြင်ပေးတဲ့သူ
အတော် ရှားနေပြီ၊
ဆရာ သမားများ ဘက်ကလဲ
စာတတ်နေကြပေမယ့် ပြုပြင်ရေးဘက်ကျတော့
မညွှန်ပြချင်ကြဘူး၊ အတော်ရှားနေပြီ။

လူတစ်ယောက်ရဲ့ ဘဝတစ်ခုဟာ
သစ်ပင်ငယ်ကလေး လိုပဲ၊

ငယ်ငယ်က ဖြောင့်လာမှ
ကြီးလာတော့လည်း ဖြောင့်တက် သွားနိုင်တယ်၊
ငယ်ငယ်က မဖြောင့်ဘူးဆိုရင်
ကြီးတော့လည်း မဖြောင့်ချင်တတ်ဘူး၊
မျိုးရိုးလည်း လိုက်တတ်ပါတယ်၊

ခွေးကလေး ငယ်ငယ်က အမြီးကောက်တာ၊
ကြီးတော့လည်း ကောက်မြဲ ကောက်သလိုပေါ့၊
များသောအားဖြင့် ပင်ကိုကောင်းတဲ့ သူမှ
တစ်လျှောက်လုံး ကောင်းတတ်ပါတယ်။

(မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြ၀ါဒမှ)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ