"မြတ်စွာဘုရား ရုပ်ကိုယ်မှာ ရှုမှတ်မှုသတိ မထင်တဲ့သူဆိုရင် သီတင်းသုံးဖော် ရဟန်းတစ်ပါးပါးကို ထိပါးတိုက်ခိုက်ပြီး မတောင်းပန်ဘဲ ထွက်ခွါသွားတယ်ဆိုတာ ဖြစ်နိုင်ပါတယ် ဘုရား...
၁။ မြတ်စွာဘုရား ဥပမာလျှောက်ထားရင် မြေကြီးပေါ်မှာ စင်ကြယ်တာတွေရော မစင်ကြယ်တာတွေပါ ပစ်ချကြပါတယ်။ ကျင်ကြီး၊ ကျင်ငယ်၊ နှပ်၊ တံတွေး၊ သွေး၊ ပြည်ပုတ်တွေကိုလည်း ပစ်ချကြပါတယ်။
ဒါပေမဲ့ မြေကြီးက ညည်းညူခြင်း၊ စက်ဆုပ်ခြင်းမရှိဘဲ လက်ခံနေပါတယ်။ တပည့်တော်ဟာ အဲဒီမြေကြီးလိုပါပဲ။ ဘယ်သူက ဘယ်လိုပဲ ပြုမူပြောဆိုနေပေ မယ့် မြေကြီးလိုပဲ သည်းခံပါတယ် ဘုရား...။
၂။ မြတ်စွာဘုရား ဥပမာနဲ့ လျှောက်ရရင် ရေထဲမှာ စင်ကြယ်တာတွေ၊ မစင်ကြယ်တာတွေကိုလည်း ဆေးကြောကြပါ တယ်။ ကျင်ကြီး ကျင်ငယ် စတာတွေကိုလည်း ဆေးကြောကြပါတယ်။ ဒါပေမဲ့ ရေကတော့ ညည်းညူခြင်း၊ ရွံရှာစက် ဆုပ်ခြင်း မရှိပါ။ တပည့်တော်ဟာ အဲဒီရေလိုပဲ သဘောထားပြီး သည်းခံနေပါတယ် ဘုရား...။
၃။ မြတ်စွာဘုရား ဥပမာနဲ့ လျှောက်ရရင် မီးဟာ စင်ကြယ်တာတွေ၊ မစင်ကြယ်တာတွေကိုလည်းလောင်ပါတယ်။ ကျင်ကြီး ကျင်ငယ် စတာတွေကိုလည်းလောင်ပါတယ်။ မီးမှာ စက်ဆုပ်တာ မရှိပါ။ တပည့်တော်ဟာ အဲဒီမီးလိုပဲ သဘောထားကာ သည်းခံနေပါတယ် ဘုရား...။
၎။ မြတ်စွာဘုရား ဥပမာနဲ့ လျှောက်ရရင် လေဟာ စင်ကြယ်တာတွေ၊ မစင်ကြယ်တာတွေကိုလည်း တိုက်ပါတယ်။ ကျင်ကြီးစတာတွေကိုလည်း တိုက်ပါတယ်။ လေမှာ စက်ဆုပ်တာ မရှိပါ။ တပည့်တော်ဟာ အဲဒီလေလိုပဲ သဘော ထားပြီး သည်းခံနေပါတယ် ဘုရား...။
၅။ မြတ်စွာဘုရား ဥပမာနဲ့ လျှောက်ရရင် ခြေသုတ်အ၀တ်မှာ စင်ကြယ်တာတွေ၊ မစင်ကြယ် တာတွေကိုလည်း သုတ်ကြပါတယ်။ ခြေသုတ်အ၀တ်မှာ စက်ဆုပ်တာ မရှိပါ။ တပည့်တော်ဟာ အဲဒီခြေသုတ်အ၀တ်လိုပဲ သဘောထား ပြီး သည်းခံနေပါတယ် ဘုရား...။
၆။ မြတ်စွာဘုရား ဥပမာနဲ့ လျှောက်ရရင် ခွက်လက်စွဲကာ ဟောင်းနွမ်းစုတ်ပြတ်တဲ့ အ၀တ်ကို ၀တ်ပြီး ရွာနိဂုံးကို ၀င် တဲ့အခါ မိမိကိုယ်ကို နှိမ့်ချထားတဲ့စိတ်နဲ့ ၀င်တဲ့ သူတောင်းစားသူငယ်လိုပဲ တပည့်တော်မှာ နှိမ့်ချတဲ့စိတ် ရှိပါတယ် ဘုရား...။
၇။ မြတ်စွာဘုရား ဥပမာနဲ့ လျှောက်ရရင် ဦးချိုကျိုးတဲ့ နွားဟာ ဘယ်သူ့ကိုမှ ရန်မမူဘဲ ယဉ်ကျေးသိမ်မွေ့စွာ နေသလို ပဲ တပည့်တော်မှာ အဲဒီလိုစိတ်သဘောထား ရှိပါတယ် ဘုရား...။
၈။ မြတ်စွာဘုရား ဥပမာနဲ့ လျှောက်ရရင် ရေချိုးပြီးနောက် နံ့သာများ လိမ်းပြီး စင်ကြယ်နေတဲ့ အပျို လူပျိုဟာ လည် ပင်းမှာ မြွေသေပုတ်၊ ခွေးသေပုတ် ဆွဲထားမယ်ဆိုရင် အဲဒီအကောင်ပုတ်ကို စက်ဆုပ်သလိုပဲ တပည့်တော်ဟာ တပည့်တော်ရဲ့ ရုပ်ကိုယ်ကို စက်ဆုပ်နေပါတယ် ဘုရား...။
၉။ မြတ်စွာဘုရား ဥပမာနဲပ လျှောက်ရရင် အပေါက်အကွဲတွေက ယိုကျနေတဲ့ အဆီအိုးကို ရွက်နေတဲ့သူဟာ အဲဒီ အဆီအိုးကို စက်ဆုပ်နေသလိုပဲ တပည့်တော်လည်း တပည့်တော်ရဲ့ ရုပ်ကိုယ်ကို စက်ဆုပ်နေပါတယ် ဘုရား...။
အရှင်သာရိပုတ္တရာရဲ့ သင်္ကန်းအစွန်းနဲ့ ထိခိုက်ခံရတဲ့ ရဟန်းက နားရွက်ကို ကွဲအောင် ရိုက်ခဲသလို ရိုက်နှက်ပြီး သည်းခံဖို့ မတောင်းပန်ဘဲ ခရီးထွက်သွားတယ်လို့ စွပ်စွဲပြောဆိုလို့ ဘုရားရှင်အား အရှင်သာရိပုတ္တရာက အထက်ပါ ဥပမာ(၉)မျိုးနဲ့ ဘုရားရှင်အား ဖြေရှင်လျှောက်ထားပါတယ်။
အဲဒီလို ဖြေရှင်းလျှောက်ထားတဲ့ အချိန်မှာ စွပ်စွဲပြစ်တင်တဲ့ ရဟန်းဟာ ဘုရားရှင်ရဲ့ ခြေမှာ လဲကျကာ သူ့အပြစ်ကို ထင်ရှားပြပြီး(၀န်ခံပြီး) သည်းခံဖို့ လျှောက်ထားပါတယ်။
ဘုရားရှင်က အရှင်သာရိပုတ္တရာကို ခေါ်တော်မူပြီး "သာရိပုတ္တရာ၊ အဲဒီရဟန်းရဲ့ ဦးခေါင်း ၇-စိပ် ၇ဖြာ မကွဲခင် အဲဒီ ရဟန်းအား သည်းခံလိုက်လော့" လိုပ မိန့်တော်မူပါတယ်။
အရှင်သာရိပုတ္တရာက ဆောင့်ကြောင့်ထိုင် လက်အုပ်ချီကာ "မြတ်စွာဘုရား၊ အဲဒီအရှင်အား တပည့်တော် သည်းခံ ပါတယ်၊ တပည့်တော်မှာ အပြစ်ရှိခဲ့ရင် အဲဒီအရှင်ကလည်း တပည့်တော်အား သည်းခံတော်မူပါ" လို့ လျှောက်ထားပါ တယ်။
ပညာရှင်အပေါင်းတွေထဲမှာ အမြင့်ဆုံးပညာရှင်ဖြစ်တဲ့ အရှင်သာရိပုတ္တရာရဲ့ နှိမ့်ချတဲ့စိတ်ထားကတော့ မြင့်မားလှ ပါပေတယ်။ မြင့်မြတ်လှပါပေတယ်။ မြတ်နိုးဖွယ် ကောင်းလှပါပေတယ်။ လေးစားဖွယ် ကောင်းလှပါပေတယ်။ အတုယူဖွယ် ကောင်းလှပါပေတယ်။ ပညာမာန်တက်နေသူတွေအတွက် သတိပြုဖွယ် ကောင်းလှပါပေတယ်။
(လင်္ကာ)
၁။ ပညာမြင့်ဆုံး၊ မာန်ဆိတ်သုဉ်း၊ ကောင်းဆုံး သည်းခံသည်။
၂။ သူ့လိုစိတ်ထား၊ အသင်ကား၊ များများ ရှိအောင် ထားရမည်။
သာမဏေကျော်၏ အတုယူဖွယ်ရာ စိတ်ထားများ စာအုပ်မှ တင်ပြဝေငှပါသည်။