Tuesday, August 28, 2012

ပုဂံရွှေစည်းခုံ အံ ၉ ပါး (ကင်းဝန်မင်းကြီးဆို တေးထပ်)

နော်ရထာ တည်စ၊ သဲငွေလွစည်းခုံ၊
အံ့ကိုးပါးပြည့်စုံသည်၊ ထီးနိတံ သန့်ရှင်း၊
သံမဆိုင်း အလွန်ကျော်၊ အရိပ်တော် ပြင်သို့ မကျင်း။

ရွှေလှောင်သည့် စက္ကူမှာ၊ ထွက်မပြူ ဖက်ကင်း၊
မဟာရံ သည်အတွင်း၊ လူရှင်ချင်း မပြည့်နိုင်၊
တောင် မြောက်စည် တီးစေငြားသော်လည်း၊ မကြားရ ဆုံးခွင့် ပိုင်ပိုင်။

ခရားပွင့် အသီးလှိုင်၊ မပြီးနိုင် မိုးရေကင်းလို့၊
အနီးကျဉ်း အဝေးဆောင်၊ မုန်း လတန်ဆောင်၊
ပထမ သပိတ်ခေါင်မှာ ၊ ဆွမ်းဦးတောင် မီးဘူးကွယ်လေး…။

********* *********

၁။ ထီးတော်ကြီးမားသော်လည်း သံကြိုးမဆိုင်းရခြင်း။
၂။ တံတိုင်းအပြင်သို့ အရိပ်မထွက်ခြင်း။
၃။ အထက်ကြာလန်က ပစ်ချသော ရွှေလှောင်စက္ကူသည် တံတိုင်းအပြင်သို့ လွင့်မသွားခြင်း။
၎။ ပရိတ်သတ်မည်မျှ များသော်လည်း တံတိုင်းအတွင်း၌ လူနေမကျပ်ခြင်း။
၅။ တန်ဆောင်မုန်းလပြည့်နေ့ ပွဲတော်အခါတွင် ပထမသပိတ်တော် ဆွမ်းဦးအောင် မလှူနိုင်ခြင်း။
၆။ တစ်ဖက်မှ တီးသော စည်သံကို တစ်ဖက်မှ မကြားရခြင်း။
၇။ အဝေးကကြည့်လျှင် ကုန်း၊ အရံအတွင်းသို့ရောက်လျှင် ကျင်းကဲ့သို့ ထင်မှတ်ရခြင်း။
၈။ မိုးသည်းထန်စွာ ရွာသော်လည်း စေတီရင်ပြင်၌ ရေမတင်ခြင်း။
၉။ စေတီတော် အရှေ့တောင်ထောင့်ရှိ ချယား(ခရေ)ပင်သည် ဆယ့်နှစ်ရာသီ ပင်လုံး ပွင့်ခြင်း။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ