Monday, August 27, 2012

သူယောင်သီးဖွဲ့(ဦးဉာဏ်ကျယ်)


သံ ပြဒါး အင်းသွားငယ် မန္တာန်နှင့်၊
ပညာဉာဏ် ဝေဖန်စိတ်ဖြာကြ၊
ဖေ၀ိဇ်ကယ် ဇာဓိုရ်တို့၊ ယဉ်နဂို ပျော်ရာသတယ်၊
ရင်းမလ လူသဏ္ဍာန်။

လူတစ်မျှ ရူပငယ်စုံလင်စွာနှင့်၊ သွင်မူရာ ဘယ်မချို့ပြီဘူ့း၊
မြင်သူတို့ ဘ၀င်ပန်းရအောင်၊ သစ်နန်းဗွေအခေါင်က၊
မေသူယောင် လေအလှုပ်တွင်ဖြင့်၊ ရွှေရုပ်ပုံ ကရီ*လှပါဘိ၊
မြူး က လေဟန်။

မြင်မြင်သူ ဖန်ဖန်စောရ၊ မနော ကံမွှေလို့၊
အထွေထွေ ကြံစိတ်တွေးပြန်မိ၊
သစ်သွေးရည့် တော်ပင်စံ၊ ကြင်ဉာဏ်ရောက် စိတ်ထဲ။
ရူပါရုံ အလုံးစုံ ဤလူသားငယ်သို့၊ သနားစရာပ၊
ရွှေမေတ္တာ ကုံကုံနှီးချင်ငဲ့၊ မကြီး မေပင်စံတို့၊
သက်ဝိညာဉ် ရှင်လူဖြစ်လျှင်လ၊
အချစ် တစ်ရာပိုလို့၊ သည်ကိုယ် ပုံလို့နှင်းချင်ငဲ့၊
သီးပင်ယောင် ရင်ဆီဝင်းတို့ရယ်၊ မင်း လူဟုတ်ဘဲ။

* ကရီ=လှုပ်ရှားသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ