Wednesday, August 1, 2012

“တို့ရွာအလိုက်” (လွမ်းချင်း) - ဦးဆောင်း

မိုးမသောက်ခင်က
ခလောက်ကယ် ဂျောင်ဂျင်
လုပ်ငန်းငယ်ပြင်သည်
ချောင်းရေယဉ် သွင်သွင်စီးပါလို့
ကောက်ကြီး စပါးနှံက
သန်လှတယ်လေး။
သို့အရာမူ
တို့ရွာပလိုက်၊ ချွေးပြိုက်ပြိုက်ကယ်နှင့်
ကောက်စိုက်မူဟန်၊ သူ့အပြန်ကို
ထမင်းခံမြေလုပ်၊ အင်စောင်တုတ်နှင့်
ဆူးပုပ်ကယ်ရွက်ညို
ဆီမခတ်သော်လည်း တလတ်ကယ်ချိုလှတယ်
မင်းပျိုတို့ ခုချိန်ခါကို
စားစရာဝါမပြောပါဘု
ပေါလှတယ်လေး။

ခက်ဆစ်အဖွင့်


ဂျောင်ဂျင်= ခလောက်မြည်သံ။
ကောက်ကြီး= စိုက်သည့်ရက်မှ ရက်ပေါင်း ၁၇၀-၂၀၀ အတွင်းမှည့်သော သက်ကြီးစပါးတစ်မျိုး။
ထမင်းခံ= ထမင်းထည့်စရာခွက်။
အင်စောင်တုတ်= ဟင်းရံထည့်သော အနားထူထဲသည့် မြေအင်တုံ။

(မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း မှ)
 သီတာ မှ

ပန်းချီ san hlaing
ဒီနေရာမှာ တွေ့လို့ ဝေငှလိုက်တာပါ။ 
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ