သင့် ဖုန်းဟာ Jailbreak လုပ်ပြီးသွားပြီဆိုရင် Cydia App လေး သင့်ရဲ့ Home Screen ပေါ်ရောက်နေပါလိမ့်မယ်။
အဲ့ဒီ Cydia App လေး ကို ဘယ်လိုအသုံးပြုရမလဲ မသိသေးသူများအတွက် ကောင်းနိုးရာရာထဲ က အနည်း အကျဉ်း လေးတွေကို အသေးစိတ် ရုပ်ပုံနှင့်တကွ ကျွန်ုပ် တင်ပြပါရစေ။ပထမဆုံးအနေနဲ့ Cydia App လေးကို ဖွင့်လိုက်ပါ။
သင်ဟာ Hacker မဟုတ်၊ အသုံးပြုသူဖြစ်တဲ့ အတွက် User ဆိုတာကိုရွေးပေးပြီး Done ကိုနှိပ်ပေးပါ။ (Picture -1)
Downloading (updating) လုပ်နေပါလိမ့်မယ် ကွန်နက်ရှင်အပေါ်မူတည်ပြီး မြန်နိုင်၊ ကြာနိုင်ပါတယ်။ သည်းခံပြီးစောင့်ပေးပါ။
Updating ပြီးသွားပြီ ဆိုရင် Manage ဆိုတာ ကို နှိပ်ပေးပြီး ပုံမှာပြထားတဲ့ Sources ဆိုတာကို နှိပ်ပေးပါ။ ( Picture 2)
( Picture 3 ) မှ Edit ဆိုတာ ကို နှိပ်လိုက်ပါ။ ပြီးရင် ( Picture 4 ) မှ Add ဆိုတာ ကို ထပ်နှိပ်ပေးပါ။
ကျွန်တော်တို့ လိုချင်တဲ့ Tweaks လေးတွေရဖို့ လိုအပ်တဲ့ Sources လေးတွေ ထည့်ရပါမယ်။
Sources ထည့်ပုံထည့်နည်းကို ပထမဆုံး မြန်မာ စာ Font မြင်ရဖို့ ထည့်တဲ့ ပုံစံလေးနဲ့ စတင် မိတ်ဆက်ပါရစေ။
http://cydia.macforus.com ဆိုတာလေးကို ( Picture 5) မှာပြထားတဲ့အ တိုင်း ရိုက်ထည့်ပြီး Add Source ကို နှိပ်ပေးပါ။
Updating လုပ်နေပါလိမ့်မယ် သည်းခံပြီး စောင့်ပေးပါ။ Updating ပြီးဆုံးသွားပြီဆိုရင်တော့ Return Cydia ကို နှိပ်ပေးခြင်းဖြင့် (Picture 4 ) ကအခြေအနေကို ပြန်ရောက်သွားပါလိမ့်မယ်။ဒါဆို Source တစ်ခုထည့်ပြီးသွားပါပြီ။
အလားတူ Sources တွေကိုလည်း ဒီနည်းအတိုင်းဆက်ထည့်ပေးပါ။ အသုံးဝင်တဲ့ ဒီ Sources လေး
( ၃ )ခု လောက်ထပ်ထည့်လိုက်ပါ။
http://repo.insanelyi.com
http://cydia.hackulo.us
http://sinfuliphonerepo.com
Source ထည့်စဉ်မှာလည်း Source Warning ပေါ်လာတဲ့အခါမစိုးရိမ်ပါနဲ့ Add Anyway ကို နှိပ်ပေးလိုက်ပါ။
( Picture 7) ကတော့ မြန်မာစာသွင်းတဲ့ Source လေးပဲဖြစ်ပါတယ်။ အဲ့ဒီ Source လေးကိုနှိပ်လိုက်ပါ။
( Picture 8) မှာပြထားတဲ့ Zawgyi Font iOS ဆိုတာလေးကို ထပ်နှိပ်ပေးပါ။ ဒါမှမဟုတ်ရင် ထပ်မံဖြည့်စွက် ပုံ ( ၂ ) ထဲ က Zawgyi iOS 4.3 Font ဆိုတာ ကိုရွေးချယ် နှိပ်ပေးပါ။
( Picture 9) မှာ မြင်နေရတဲ့ Install ဆိုတာကို နှိပ်ပေးပါ။
( Picture 10) မှာ ထပ်ပေါ်လာတဲ့ အတိုင်း Install လုပ်ဖို့ Confirm ထပ်လုပ်ပေးလိုက်ပါ။Installation ပြီးသွားတဲ့ အခါ အောက်ခြေနားမှာ ပေါ်လာမယ့် Return to Cydia သို့မဟုတ် Reboot Device သို့မဟုတ် Restart SpringBoard ကိုနှိပ်ပေးလိုက်ပါ။
မြန်မာစာ လက်ကွက် အတွက် ကိုတော့ အောက်မှာ ပြထားတဲ့ ထပ်မံဖြည့်စွက် ပုံ ( ၁ ) လေးထဲက MMKeyboard for iOS 5 ဆိုတာကို ရွေးချယ် install လုပ်ပေးလိုက်ပါ။ MMKeyboard for iOS5 ကို install လုပ်ပြီး ပြီဆိုရင် သင့်ဖုန်းရဲ့
Settings > General > Keyboard > International Keyboards > Add New keyboard ကိုအဆင့်ဆင့် ရွေးချယ်သွားပြီး Czech ဆိုတာကိုရွေးပေးလိုက်ပါ။
Czech ဟာ မြန်မာ ကီးဘုတ်ကို ကိုယ်စားပြုပါတယ်။
အထက်ပါအဆင့်ဆင့် ကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပြီဆိုရင်တော့ သင့် ပစ္စည်းလေးရဲ့ စာရိုက်လို့ရတဲ့ တစ်နေရာရာမှာ အောက်ကပုံအတိုင်း ပေါ်နေရင် ကမ္ဘာလုံးပုံလေးကို နှိပ်ပြီး ကီးဘုတ်အမျိုးမျိုးကို ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။
( Picture 13) မှာပြထားတဲ့ အတိုင်း Sources ကို ပြန်သွားပြီး Hackulo.us ကို ရွေးပေးပါဦး
( Picture 14) မှာပြထားတဲ့ AppSync for iOS 5.0 + ကိုရွေးပြီး Install လုပ်ပေးပါ။
သူ့ရဲ့ လုပ်ဆောင်ချက်ကတော့ ပိုက်ဆံပေးဝယ်ရတဲ့ Apps လေးတွေ ကို ကွန်ပြုတာကနေ Download ဆွဲပြီး iTunes မှတဆင့်သင့် ရဲ့ Device ထဲကို Install လုပ်နိုင်အောင် လို့ ဖြစ်ပါတယ်။
(ဒီ လင့် မှာ သွားပြီး ကြိုက်နှစ်သက်ရာ ဒေါင်းလုပ် ဆွဲနိုင်ပါပြီ ။ ဘယ်လောက်ဈေးကြီးကြီး အားလုံး အခမဲ့ ရနိုင်မှာဖြစ်ပါတယ်။ ဒေါင်းလုပ်ဆွဲပြီးတဲ့ Apps လေးတွေကို
Computer >> Libraries>>Music>>iTunes>>iTunes Media>> Mobile Applications ထိ အဆင့်ဆင့်ဖွင့်ပြီး ထည့်ထားလိုက်ပါ။ ပြီးရင် ထည့်လိုက်တဲ့ App လေးကို ဖွင့်လိုက်ပါက iTunes ထဲရောက်သွားပါလိမ့်မယ်။)
Hackulo.us Source ထဲမှာပဲ Installous 4 ဆိုတာကို ရှာပြီး Install လုပ်လိုက်ပါ။ သူကတော့ Apps တွေကို သင့်ရဲ့ Device ထဲမှာပဲ Download ဆွဲပြီး Install လုပ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။
Installous 4 နဲ့ AppSync for iOS 5.0 + ကို Hackulo.us Source ထဲမှာပဲ ရှာဖွေ Install လုပ်စေချင်ပါတယ်။ Hackulo.us Source ထဲမှာ မရှာဘဲ Search ထဲမှာ ရှာဖွေလိုက်ရင် နာမ်မယ်တူတွေ များတဲ့ အတွက် အဆင်မပြေဖြစ်နိုင်လို့ပါပဲ။

ကဲခု Cydia Search ကနေ Tweaks လေးတွေ ရှာကြည့်ရအောင်။
Call Counter 3 လို့ ရိုက်ရှာကြည့်ပါ။ (Picture 15) မှာတွေ့တဲ့ အတိုင်း ရွေးချယ်စရာ နှစ်ခု ရှိပါတယ်။ iSystem လို့ရေးထားတဲ့ အညိုရောင်လေးကို ရွေးပေးပါ။ အကြောင်းကတော့ ကျန်တဲ့ တစ်ခုက ပိုက်ဆံနဲ့ ရောင်းတာဖြစ်လို့ပါ။ ပြီးရင် Install လုပ်ပေးလိုက်ပါ။ Installation ပြီးတဲ့ အခါ Reboot လုပ်ခိုင်းရင် လုပ်လိုက်ပါ။
သင့်ရဲ့ Home Screen ပေါ်ရောက်လာတဲ့ Call Counter လေးကိုဖွင့်လိုက်ပါ။ Call Type ကိုရွေးချယ်သတ်မှတ်ပေးပါ။
(Picture 16 A) အတိုင်း မြင်ရတဲ့အခါ ပင်နရံ ပုံစံလေးကို နှိပ်ပေးပါ။ (Picture 16 B) မှာ မြင်ရတဲ့ အတိုင်း Badge type ကိုနှိပ်ပြီး ဖုန်း အထွက်မီးနစ်တွေ ကိုပြ စေချင်သလား၊ အဝင် မီးနစ်တွေကို ပြစေချင်သလား ရွေးပေးပါ။
Call Quota မှာတော့ သင်ပိုင်ဆိုင်တဲ့ ဖုန်းရဲ့ မီး နစ် Plan ကိုထည့်ပေးပါ ကွန်ုပ်အတွက်တော့ မီးနစ် (၃၀၀) Plan ဖြစ်ပါတယ်။
Billing Day of mth မှာတော့ လစဉ် သင့် ထံရောက်လာတဲ့ ဘီလ် မှာ ဖြတ်တဲ့ နေ့ ကို ကြည့်ပေးပါ။ ၁၅ ရက် ဖြတ်တယ်ဆိုရင် ၁၆ ရက်ကို ရွေးပေးလိုက်ပါ။ အားလုံးပြီးသွားရင်တော့ call counter ဘက်ကို ပြန်ထွက်လိုက်ပါ။
အားလုံးပြီးရွေးချယ်ပြီးသွားပြီဆိုရင်တော့ လစဉ် သင့်ရဲ့ ဖုန်းအဝင်အထွက် မီးနစ်တွေကို ဒီလို စစ်ဆေးကြည့်ရှု့နိုင်ပါပြီ။( Picture 16 C and D)
( မီးနစ်တွေပိုခေါ်မိလို့ လစဉ် ဘီလ်လာတိုင်းစိတ်ညစ်နေရသူများအတွက်။ လစဉ်အဝင်အထွက် မီးနစ်လေးတောင် မှတ်သားမပေးနိုင်တဲ့ ဈေးကြီးကြီး iPhone လေးကြောင့် စိတ် မသက်မသာဖြစ်နေသူများအတွက် အရမ်းအဆင်ပြေပါတယ်။)
KillBackground ဆိုတဲ့ Tweak လေးကို Search ထဲမှာရှာပြီး Install လုပ်လိုက်ပါဦး။
Install လုပ်ပြီးပါက Home Screen ကို ပြန်သွားပြီး Settings App လေးကို ဖွင့်လိုက်ပါ (Picture 20) ပါအတိုင်း
KillBackground ကိုဖွင့်လိုက်ပါ။
(Picture 21) ပါအတိုင်း Always Visible ကို on ပေးလိုက်ပါ။
ပြီးရင် Home Button ကို နှစ်ချက်နှိပ်လိုက်ပါက Background မှာ အလုပ်လုပ်နေသေးတဲ့ Apps လေးတွေ ကိုတွေ့ရမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ အများကြီး ဖွင့်ထားပြီး တစ်ခုချင်းစီ လိုက်ပြီး ပိတ်ပေးနေရရင် အချိန်ကုန်တာပေါ့။
ဒီတော့ (Picture 22 ) မှာ ပေါ်နေတဲ့ အရိုးခေါင်းပုံစံလေးကို ထိလိုက်ပါက ရှိသမျှ Apps တွေ အကုန် ပိတ် သွားပါလိမ့်မယ်။
ဆက်ပြီး Activator ကိုရှာပြီး Install လုပ်လိုက်ပါဦး။
ပြီးရင် Settings ထဲမှာ Acitvator ကို (Picture 24) အတိုင်း ရှာပြီး ဖွင့်လိုက်ပါ။
(Picture 25) အတိုင်း ပေါ်လာတဲ့ အခါ Anywhere ကို နှိပ် ပေးပါ။
ရွေးချယ်စရာတွေ အများကြီး ပေါ်လာပါပြီ။ အဲ့ဒီထဲ ကမှ Motion အောက် က Shake Device ကိုရွေးကြည့်ပါ။
(Picture28) မှာ မြင်နေရတဲ့ အတိုင်း ရွေးချယ်စရာတွေ တပုံတပင် ရှိလာပါတယ်။ ကျွန်တော်တို့ Sleep Button ကို ရွေးပေးကြည့်ကြပါစို့။
ရွေးပေးပြီးပါက သင့် ရဲ့ Device လေးကို တစ်ချက်လောက် ဆတ် ခနဲ့ ခါကြည့်လိုက်ပါ။ Sleep ဖြစ်သွားပြီ မှတ်လား။ ကောင်းပြီ နောက် တစ်ဆင့် ဆက်သွားကြစို့။
Activator >> Anywhere မှတစ်ဆင့် Status Bar ကိုတွေ့အောင်ရှာပါ။
တွေ့ပြီဆိုရင် (Picture 29) တွင် မြင်တွေ့ရတဲ့ ၅ ခုကို တစ်ခုချင်းစီ ရွေးချယ်ပြီး (Picture 30) အတိုင်း ထပ်ကျလာတဲ့ ရွေးချယ်စရာတွေထဲက မှ နှစ်သက်ရာ တစ်ခုခုကို ထပ်ပြီးရွေးချယ်ပေးလိုက်ပါ။
(Cydia ရဲ့ Tweaks တွေ Apple ရဲ့ မူလရှိပြီးသား Apps တွေနဲ့ ကွန်တော်တို့ Download ဆွဲထားတဲ့ Apps တွေအစုံရှိပါတယ်။ နှစ်သက်သလို၊ ဥာဏ် ကွန့် သလို ရွေးချယ်အသုံးပြု နိုင်ပါတယ်။)
(Status Bar ဆိုတာ အချိန်တွေ၊ ဘက်ထရီ၊ သင့်ရဲ့ Mobile Carrier တွေ ကို ဖော်ပြပေးနေတဲ့ ထိပ်ဆုံးက Bar လေးပဲ ဖြစ်ပါတယ်။)
နောက်ထပ် စိတ်ဝင်စားစရာတစ်ခုကတော့ SBSettings ပါပဲ။ သူ့ရဲ့ လုပ်ဆောင်ချက်ကတော့ Airplane, Bluetooth, Brightness, Wi-Fi, Restart Device နဲ့ Power Off ခြင်းများကို အဆင့်ဆင့် သွားစရာမလိုတော့ဘဲ လွယ်ကူစွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
SBSettings ကို သွင်းပြီးပြီဆိုရင်တော့ Activator ထဲမှ Status Bar ရဲ့ ရွေးချယ်စရာတစ်ခုအနေနဲ့ သတ်မှတ်ပေးထားပါ။ ပြီးရင် လက်တွေ့ စမ်းကြည့်ပါဦး တစ်ကယ် အဆင်ပြေရဲ့လားဆိုတာ။
ဒီလောက်ဆိုရင်တော့ အခြေခံအဆင့် အနေနဲ့ တော်တော်လေး စုံသွားပါပြီ။
ကျန်တာလေးတွေကိုတော့ ဆင့်ကဲ ဆင့်ကဲ့ လုပ်ဆောင်သွားရင်း သင်ဟာ မိမိပိုင်ဆိုင်တဲ့ iDevices လေးတွေကို ထုံးလိုပဲ မွှေမွှေ၊ ရေလိုပဲနှောက်နှောက် ကျွမ်းကျင် အဆင့်ကို ရောက်လာပါလိမ့်မယ်။
- >>Remember, Nothing is Impossible for Willing Mind.
- The Point is to Keep Trying<<<
ဒီနေရာမှာ တွေ့လို့ ကူးယူတင်ပြခြင်းဖြစ်ပါတယ်။ အသုံးပြုချင်သူများ လွယ်ကူစွာ အသုံးပြုနိုင်ကြဖို့ပါ၊ ipad/iphone ရှိသူများ သိသင့်တယ်ထင်လို့ မျှဝေလိုက်တာပါ။
အားလုံးအဆင်ပြေကြပါစေ....ရနံ့စံအိမ်











