Sunday, July 8, 2012

ငါခပ်ငယ်ငယ်က

မြန်မာနိုင်ငံ၏ ပထမဆုံးသော သတင်းစာ ဆရာကြီးဖိုးဝဇီရက ရတနာပုံသတင်းစာ၌ ရေးဖွဲ့ခဲ့သော ဟာသကဗျာလေးပါ .... ခေါင်းစဉ်တော့ မသိပါဘူး
ရှားရှားပါးပါး ခေတ်ဟောင်းက ဟာသ ကဗျာလေးပါ။

..................................................................

 

ငါငယ်ငယ်ခိုက်ကယ်က
မိုက်မိတယ် စောကြွယ်ရယ်
ဒွေးပိန်ရဲ့တူ ငသာမြတ်နဲ့
သနပ်ကန် တောင်ယာထဲမှာ
ကျွဲကျောင်းရတယ်။



တကြော့တမော့ အကျွန်ကန်တော့ပါရဲ့
အပေါ့အလေးများ သည်တွင်သွားရင်ဖြင့်
တောဖျားကနတ် ဖမ်းစားတတ်သည်ဟု
ငသာမြတ်ပြောသောအခါ
တောထဲမှာစောကြွယ်ရယ်
တကယ်ငါယုံမိသေး။


တကြော့တမော့ အကျွန်ကန်တော့ပါရဲ့
အပေါ့ပေါက်ရန် အိမ်ကိုပြန်ရင်
နင့်အထံတွင် ငါ့ဟာတဆိတ်စာ
ထည့်လိုက်ပါရစေတဲ့။


တကယ်အေရယ် ငသာမြတ်နှစ်ခါတွယ်လို့
သက်နှစ်ဆယ်အရွယ် ရှိကာမှ
ငါသိတယ်လေး။

                                              တမာမြို့  မှ



ဒီနေရာက တွေ့လို့ ငါခပ်ငယ်ငယ်က ဆိုတဲ့ခေါင်းစဉ်ပေးပြီး ဝေငှလိုက်တာပါ။ ဒါလည်း လွမ်းစရာတစ်မျိုးမဟုတ်လားလေ...။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ