“စပ်ဟင်းချို “
အရောက်ခက်ပါဘိ
မြောက်ဖက်ကယ်တဲ့တို့တောရွာ၊
ခုအခါ ရူ့စရာလယ်ညိုဝင်းချိန်မို့
ဆယ်လျှိုတွင်းပြန့်ပြက်တောမှာ
ကန့်ပက်ကာဆူတဲ့ငါးရယ်နှင့်။
အနားတွန့်ချဉ်ပေါင်နီကို
ဒေါ်လီကျိုတဲ့ဟင်းကိုလေး။
တလင်းကျယ်မှာ မင်းဖွယ်စိုးလောက်၊
နွားရေမခင်းမြေတလင်း ခွေထင်းခြောက်နှင့်
ခုံလောက်ကယ်ချ ဆန်နီမကို
တောင့်လှအောင်ချက် ကျွန်းဖက်ထက်မှာ၊
ခူးလက်ကယ်လျှင်စွာ၊ ပြုပြီးကာမှ၊
အရသာကြီး ခြံစပ်သီးကို
မီးမှာ မဖုတ် ညှာမဖြုတ်ဘဲ
ကဗျာတုတ်ဆောင်း ဆုံဆိုးဆိုးမှာ ကျိုးအောင်ထောင်းလို့၊
စလောင်းငယ်လဘင် အဖုံးအင်နှင့်
ယခင်ချက်ဟင်းလျာကို ချွင်းမညှာအကုန်မှောက်ပါလို့ ၊
နှစ်ယောက်ပြိုင်မျိုနေကြဟာမို့ ဟိုမြေက ငယ်ကျွမ်းဝင်ကို
နယ်မန်းခွင်စံတော်ကွန်းဆီက လွမ်းလှတယ်လေး။
(ဦးကြီး)
ဒီကဗျာလေးနှစ်ပုဒ်ကလည်း ဖော်ရွေတဲ့ခင်မင်တတ်တဲ့
တောသူတောင်သားတွေက သူတို့ဆီလာမယ့် ဧည့်သည်ကို ဘယ်လိုထမင်းဟင်းနဲ့ဧည့်ခံမယ်
ဆိုတာကို ပြောပြတဲ့ကဗျာလေးရယ် အဝေးတစ်နယ်မှာရောက်နေသူကို မြန်မာများရဲ့
“အစားကောင်းစားရင်ချစ်သူကို သတိရတယ်” ဆိုတဲ့စကားလေးအတိုင်း ထမင်းစားခါနီး
ချစ်သူကို သတိရလိုက်တဲ့အမျှော်စိုက်ကဗျာလေးပါ။
တခါလေလိုက်ခဲ့တော့ စရိုက်ကယ်ဘာသာ၊
တို့တောရွာမှာ စားစရာဆန်ထမင်းမှာလ၊
မုရင်းနီတျာနှင့် သီတာရောတဲ့ချိန်ကိုလေး။
စပ်ဟင်းချိုမူ ယုန်ကိုပြက်ပြက်
ကင်ပလင်း ဂုံမင်းဖက်လို့ ငါးပျက်ကယ်ရောရီ၊
လောရွှေပီပတီရုံး ဗြုန်းစပ်ကာကျိုပြီးလျှင်၊
ဆီးချိုပင့်ရိပ်သာမှာ နှစ်မျက်နှာယှဉ်ပြိုင်ပြုံးလို့၊
“လွမ်းပါဘိ ငယ်ကျွမ်းဝင် ”
မြောက်ဖက်ကယ်တဲ့တို့တောရွာ၊
ခုအခါ ရူ့စရာလယ်ညိုဝင်းချိန်မို့
ဆယ်လျှိုတွင်းပြန့်ပြက်တောမ
ကန့်ပက်ကာဆူတဲ့ငါးရယ်နှင့်။
အနားတွန့်ချဉ်ပေါင်နီကို
ဒေါ်လီကျိုတဲ့ဟင်းကိုလေး။
တလင်းကျယ်မှာ မင်းဖွယ်စိုးလောက်၊
နွားရေမခင်းမြေတလင်း ခွေထင်းခြောက်နှင့်
ခုံလောက်ကယ်ချ ဆန်နီမကို
တောင့်လှအောင်ချက် ကျွန်းဖက်ထက်မှာ၊
ခူးလက်ကယ်လျှင်စွာ၊ ပြုပြီးကာမှ၊
အရသာကြီး ခြံစပ်သီးကို
မီးမှာ မဖုတ် ညှာမဖြုတ်ဘဲ
ကဗျာတုတ်ဆောင်း ဆုံဆိုးဆိုးမှာ ကျိုးအောင်ထောင်းလို့၊
စလောင်းငယ်လဘင် အဖုံးအင်နှင့်
ယခင်ချက်ဟင်းလျာကို ချွင်းမညှာအကုန်မှောက်ပါလို
နှစ်ယောက်ပြိုင်မျိုနေကြဟာမ
နယ်မန်းခွင်စံတော်ကွန်းဆီက လွမ်းလှတယ်လေး။
(ဦးကြီး)
ဒီကဗျာလေးနှစ်ပုဒ်ကလည်း ဖော်ရွေတဲ့ခင်မင်တတ်တဲ့
တောသူတောင်သားတွေက သူတို့ဆီလာမယ့် ဧည့်သည်ကို ဘယ်လိုထမင်းဟင်းနဲ့ဧည့်ခံမယ်
ဆိုတာကို ပြောပြတဲ့ကဗျာလေးရယ် အဝေးတစ်နယ်မှာရောက်နေသူကို မြန်မာများရဲ့
“အစားကောင်းစားရင်ချစ်သူကို သတိရတယ်” ဆိုတဲ့စကားလေးအတိုင်း ထမင်းစားခါနီး
ချစ်သူကို သတိရလိုက်တဲ့အမျှော်စိုက်ကဗျာလေးပါ။
ဒီနေရာလေးမှာ တွေ့လို့ ဝေငှလိုက်တာပါ၊ လွမ်းစရာကောင်းတဲ့ ကဗျာလေးတွေပါ..။