Monday, July 9, 2012

“ကျေးလက်ဂီတ”

တက်တက်တူ ခါးခါး
ကျောက်ကုန်းမြေ ခံတောကြားက
ခါ တွန်သံကြား...။

ရွှေဘုတ်မ တပူပူ
ချိုးငှက် တကူကူနဲ့ 
ဖိုးတောင်သူ ယာလုပ်တဲဆီက
ပုလွေသံ ကြူဟန်ချွဲတယ်
စွဲ ချစ်စရာများ...။

ဝတိံဖျားက စည်တမြွာ
ဂျိုးဂျိုးဂျိမ့် လှိမ့်သံသာ
မိုး ဖြောက်ဖြောက်ရွာ
ဖားတင်္ဂါ အုံးအင်ဟစ်လေတော့
ပုရစ်က တကျစ်ကျစ်မြည်ကြွေး...။

ချောင်းလေးမှာ ရေဒီးဒီးရယ်နဲ့ 
သပြေသီး ပလုပ်တုတ်ကြွေ
ခြေတံရှည် ဗျိုင်းတွေအောက်တယ်
အံ့လောက်ဖွယ် တေး...။

သန်းစိန်


facebook မှာတွေ့လို့ ကူးယူခဲ့တာပါ၊  ခံစားကြည့်စေချင်လို့ပါ...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ