Saturday, September 21, 2013

“တို့ ပြည် တို့ ရွာ”



အောက်မြို့  အောက်ရွာ၊ မြစ်ချောင်းဖြာ၍
စိမ်းဝါလယ်ကွင်၊ မိုးနံ့ သင်းသည်
ရှုခင်း လှပါပေသည်တကား။

အထက် အညာ၊ နေခြည်ဖြာ၍
တောင်ယာခင်းပြန့် ၊ ထနောင်းနံ့ နှင့်
သင်းပျံ့  ပါပေသည်တကား။

ရှမ်း ချင်း ကချင်၊ တောင်းတန်းတွင်လည်း
နှင်းရွှင် ပက်ဖျန်း၊ ထင်းရှူးတန်းနှင့်
တင့်ဆန်း ပါပေသည်တကား။


ကယား ကရင်၊ စမ်းရေလျဉ်နှင့်
မြသွင် သစ်တော၊ အလှနှောသည်
သာမော ဖွယ်ပါတကား။

မွန် တနင်္သာရီ၊ ရခိုင် ဆီတွင်
ပင်လယ် လှိုင်းတေး၊ လေချိုသွေးသည်
ငြိမ်းအေး ပါပေသည်တကား။

တို့ ပြည်တို့ ရွာ၊ အနှံ့ သာပင်
နေရာတကာ၊ အလှဖြာတည့်
တို့ ရွာတို့ မြေ၊ အလှဝေတည့်
တို့ မြေမှာဖွား၊ တို့ ပြည်သားလည်း
ကြီးမားသဒ္ဓါ၊ စေတနာနှင့်
မေတ္တာပြည့်ဝ၊ နှလုံးလှတည့်
တို့ ၏ပြည်ရွာ၊ ကျူးကျော်လာမူ
ရန်ဟူသမျှ၊ ချေမှုန်းကြ၍
ဖြဖြညီညာ၊ သွေးစည်းကာလျှင်
ရဲစွာအားအန်၊ ဇာတိမာန်ဖြင့်
တွန်းလှန် ဖြိုဖျက် တက်သည်တကား ။

မင်းယုဝေ
ပန်းချီ စန်းလှိုင်

Myanmar Art and Crafts မှ ပြန်လည်ဝေငှပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ