ပြောလိုက်တုန်းကတော့ အမှတ်တမဲ့ပါပဲ၊ ဒါပေမဲ့ ရင်ထဲမှာ တကယ့်ကိုမှတ်မှတ်ရရနဲ့ အမှတ်တရဖြစ် နေတဲ့ စကားလေးကို ပြန်ပြောပြပါရစေ။
တစ်ရက်က...
နာယဆရာတော်ကြီးတွေနဲ့ ဆွမ်းစားတစ်ခုကို အတူသွားကြရင်း အပြန် ကားပေါ်မှာ စကားစပ်လို့ ပြောကြတော့ ယနေ့ခေတ် နာမည်ကြီးဓမ္မကထိက ဆရာတော်တစ်ပါးရဲ့ ဘုန်းကံကြီးမားပုံတွေ အလှူ အတန်း ရက်ရောစွန့်လွှတ်နိုင်ပုံတွေ
အဲဒီအခါ ကားပေါ်မှာ အတူပါလာတဲ့ မိမိတို့ ကျောင်းတိုက်က နာယကဆရာတော်တစ်ပါးက သူ့အတွေ့အကြုံလေးတစ်ခုကို ပြောပြပါတယ်၊ အဲဒီ ဓမ္မကထိကဆရာတော်ရဲ့ ကျောင်းတိုက်ထဲက ကျောင်းရေစက်ချပွဲတစ်ခုမှာ သူ့ကိုပင့်လို့ ရောက်သွားခဲ့တယ်ဆိုတဲ့အကြော
“အရှင်ဘုရား... အရှင်ဘုရား ဒီမှာတစ်သက် လုံးနေနိုင်ရင် ကောင်းမှာပါဘုရား၊ အရှင်ဘုရားသာ နေမယ်ဆိုရင် ဒီကျောင်းတွေထဲက ကြိုက်တဲ့ကျောင်းကို လက်ညှိုးထိုးလိုက်ပါဘုရား၊ အရှင်ဘုရား ကြိုက်တဲ့ကျောင်းမှာ နေနိုင်ပါတယ်၊ ဒါမှမဟုတ်လို့ အခုဒီ ကျောင်းတွေထဲက တစ်ကျောင်းမှ မကြိုက်ဘူးဆိုရင်လဲ အရှင်ဘုရားကြိုက်တဲ့ပုံ ကြိုက်တဲ့အမျိုးအစားကို ပြောပြပါ၊ အရှင်ဘုရားအကြိုက် နောက်ထပ်အသစ် တစ်ကျောင်း ဆောက်လုပ်ပေးပါမယ်ဘုရား”တဲ့
ဒါနဲ့ မိမိကလဲ ထပ်လျှောက်လိုက်မိတယ်-
“ဆရာတော် အဲဒါဆို ဘာကြောင့်လက်မခံခဲ့ပါသလဲ၊ လက်ခံခဲ့ရောပေါ့ ဘုရား”လို့ ငယ်တဲ့သူရဲ့အတွေး နဲ့တွေးပြီး လျှောက်ထားမိပါတယ်။
ဆရာတော်က မိမိကိုပြန်ပြောပြတဲ့ စကားလေးက မှတ်သားစရာပါ၊ ဒီစကားက သူ့ရဲ့စိတ်ထဲက နှလုံးသွင်းတတ်ပုံကိုလဲ ပြောပြရာရောက်တဲ့ မှတ်သားစရာ စကားလေးတွေပါ။
ဆရာတော်က ဘာပြန်ပြောသလဲဆိုတော့-
'' ဥုးဇင်း လူတွေမှာ ကိုယ့်ရဲ့ပုညဇ္ဈာသယ ကုသိုလ်ကံရဲ့ အလိုအတိုင်း နေနိုင်ရမယ်၊ နောက်ပြီး ကိုယ့်ရဲ့လက်ရှိအခြေအနေမှန်
ဟိုတုန်းက သာဓိနမင်းဆိုတာရှိတယ်၊ အဲဒီမင်းရဲ့ အစီအမံကောင်းမှုကြောင့် သူ့ရဲ့ပြည်သူပြည်သားတွေ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ဖြစ်ကြတယ်၊ အဲဒီမှာ လူတစ်ယောက်က သေပြီးလို့ နတ်ပြည်ရောက်သွားတယ်၊ နတ်ပြည်ရောက်တော့ နတ်စည်းစိမ်ကြီးက ကြီးကျယ်ခမ်းနား ထည်ဝါလွန်းတော့ သူ့ကိုယ်သူ အံ့သြတာပေါ့ “ငါဟာ ဒီလောက်ကြီးမြတ်တဲ့စည်းစိမ်
အဲဒီနတ်သားလိုပဲ၊ အခြားသူတွေတော်တော်များ များလဲ သာဓိနမင်းရဲ့ကျေးဇူးကြောင့်
သာဓိနမင်းဟာ နတ်ပြည်မှာ လူ့ဘ၀, လူသား စင်စစ်ဘ၀နဲ့ပဲ နတ်စည်းစိမ်ကို ခံစားရတယ်၊ သာဓိနမင်းဟာ နတ်ပြည်မှာ လူ့ဘ၀နဲ့ နတ်စည်းစိမ်ကို ခံစား လာတာ နှစ်အတော်ကြာလာတဲ့ အခါကျတော့ နည်း နည်း ငြီးငွေ့လာတယ်၊ ဒါနဲ့ သိကြားမင်းကို ပြောပြတယ်-
““အသင် သိကြားမင်း ကျွန်ုပ်ကတော့ နတ်ပြည်မှာ နေနေရတာ ငြီးငွေ့လာပြီ၊ အသက်ကုန်ချိန် နီးလာလို့လား၊ ဒါမှမဟုတ် တစ်ခြားဘာအကြောင်းများ ရှိလို့လဲ မသိဘူး”လို့ ပြောပြတယ်။
သိကြားမင်းက သာဓိနမင်းကို ပြန်ပြောပါတယ်-
““အရှင်မင်းကြီး အသက်ကုန်ခါနီးနေလို့ မပျော်တော့တာ မဟုတ်ပါဘူး၊ အရှင်မင်းကြီးရဲ့ ကုသိုလ်တွေထဲက ဒီနတ်ပြည်မှာ နေနိုင်လောက်တဲ့ ကုသိုလ်အရှိန်တွေ ကုန်သွားလို့ပါ၊ ဒါပေမဲ့ မပူပါနဲ့၊ အရှင် မင်းကြီးကို ကျွန်ုပ်ရဲ့ ကုသိုလ်ပုညတွေကို ခွဲဝေပေး ပါမယ်၊ အရှင်မင်းကြီးသာ ဆန်္ဒရှိရင် ကျွန်ုပ်ရဲ့ကုသိုလ် အစွမ်းအာနုဘော်နဲ့ ဒီနတ်ပြည်မှာ နေနိုင်အောင်လုပ် ပေးပါမယ်”လို့ သိကြားမင်းက ပြောတဲ့အခါ သာဓိန မင်းက ပြန်ပြောပါသတဲ့-
““အသင်သိကြားမင်း တခြားသူတွေရဲ့ ကုသိုလ်ကံတွေကို မှီခိုရယူပြီးနေရတာ သူများဆီမှာ တောင်းရမ်းနေရတာနဲ့မထူးတဲ့အ
ဥုးဇင်းရေ ဒီသာဓိနဇာတ်တော်ထဲက ဘုရားအလောင်းတော် သာဓိနမင်းပြောသလိုပဲ အခုလည်းပဲ အဲဒီဓမ္မကထိကဆရာတော်ရဲ့ ဘုန်းကံကြီးမားပုံတွေကို ကိုယ်တွေ့ဒိဋ္ဌ မြင်ပြီးပြီဆိုတော့ သူပေးတဲ့စည်းစိမ်တွေကို ခံစားပြီးနေမယ့်အစား၊ သူ့ရဲ့ဘုန်းကံတွေကို မှီခိုရယူပြီး နေနေမယ့်အစား၊ ငါ့နေရာမှာပဲ ငါပြန်ပြီး ကုသိုလ်တွေ ဆည်းပူးအားထုတ်သင့်တယ်မဟုတ်
တကယ်ကောင်းတဲ့ နှလုံးသွင်းလေး တစ်ခုပါ၊ မှတ်သားစရာလဲ အလွန်ကောင်းတဲ့ စကားလေး တစ်ခွန်းပါ၊ နောက်ပြီး ဆရာတော်က ဒီအဓိပ်္ပါယ်ပါတဲ့ ဂါထာလေးကိုလည်း ရွတ်ပြပါသေးတယ်၊ ငယ်ငယ်ကတည်းက ကြည့်ထားတဲ့စာတွေကိုလည်း မမေ့ တတ်တော့ ဒီစာပေတွေထဲကအတိုင်း ဘ၀မှာ လက်တွေ့အသုံးချ တွေးခေါ်စဉ်းစားတတ်တာဟာလည်း အတုယူစရာပါ၊ တခြားသူတွေရဲ့ ဘုန်းကံတွေကို မှီခို ရယူနေရုံနဲ့ အကျိုးမများပုံတွေ၊ အခြားသူတွေ ပြည့်စုံ ချမ်းသာနေတာကိုမြင်ပြီး ကံနဲ့ကံရဲ့အကျိုးပေးတွေကို မမေ့မလျော့ဘဲ ကုသိုလ်တွေဆည်းပူးသင့်ကြောင
တကယ်တော့ သာဓိနဇာတ်တော်မှာ မှတ်သားစရာ လေးနက်တဲ့အကြောင်းအရာတွေ တော်တော်များများ ပါပါတယ်၊ သာဓိနမင်းပြောတဲ့စကားတွေကို
စာပေတွေ များစွာသင်ယူနေကြရတဲ့ မိမိတို့ တတွေကိုလည်း ဘယ်အချိန် ဘယ်အခါမှာပဲဖြစ်ဖြစ်၊ ဘယ်လို အခြေနေမျိုးမှာပဲဖြစ်ဖြစ် တွေ့ကြုံလာတဲ့ အခြေအနေ အချိန်အခါကိုကြည့်ပြီး မိမိတို့ရဲ့ ဘ၀ အတွက်၊ မိမိတို့ရဲ့ သံသရာအတွက်၊ မိမိတို့ရဲ့ လူမှု ဘ၀ပတ်ဝန်းကျင်ကောင်းကျိုးအတ
ဒါကြောင့် ဆရာတော်ရဲ့ အမှတ်တမဲ့ စကားလေးကို ညီတော်နောင်တော်များအတွက် အမှတ်တရဖြစ် စေဖို့ မျှဝေလိုက်ပါတယ်။
(ယခု လက်ရှိ မဟာနာယကချုပ်ဆရာတော်ဘုရားကြ
အရှင်သုဝီရ
မဟာဂန္ဓာရုံ၊ အမရပူရ
U Thu Mukha မှ ကူးယူဝေငှပါသည်။