ငယ်ငယ်က ပုံပြင်လေးတစ်ပုဒ် ကြားဖူးပါတယ်၊
ဟိုရှေးတုန်းက ဒိသာပါမောက္ခကြီးတစ်ယောက်ရှိ
တစ်နေ့တော့ တပည့်တွေကို အပန်းဖြေသဘောမျိုးလည်း ဖြစ်အောင် အခြားဒေသန္တရဗဟုသုတလည်း ရအောင်ဆိုပြီး သူတို့နေတဲ့နေရာနဲ့မနီးမဝေး
တပည့်တွေ အများကြီးနဲ့ပေါ့၊
ကလေးတွေဆိုတော့ တောထဲမှာ ပျော်ကြတာပေါ့၊ သစ်ပင်တွေ သစ်ဥ သစ်ဖုတွေအကြောင်း ဆရာကြီးက ပြောပြလို့၊ ဘယ်သစ်ပင်က ဘယ်လိုအကျိုးကျေးဇူးရှိတာ၊ ဘယ်သစ်သီးက ဘယ်လိုစားကောင်းတာ၊ ဘယ်သစ်ဖုက ဘယ်လိုအသုံးဝင်တာ စသည်ဖြင့် ရှင်းလင်းပြောပြရင်း တောထဲကို ရောက်လာကြတယ်၊ နည်းနည်း ခရီးပေါက်လာတော့ နားလိုက်ကြတယ်၊
အဲဒီလိုနေကြရင်း ညနေစောင်းလုလုအချိန်မှာ ဆရာကြီးက သူ့တပည့်တွေကို နောက်ထပ် ပညာဗဟုသုတ တစ်ခုထပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သစ်ပင်ကြီး တစ်ပင်ကို ဖက်ထားလိုက်တယ်
ပြိးတော့ သူ့တပည့်တွေကို အော်ပြောတယ်-
''ဟေ့ တပည့်တို့ - ငါ့ကို ဟောဒီသစ်ပင်ကြိးက ဆွဲထားတယ်၊ ငါ လှူပ်လို့ မရတော့ဘူး၊ ခွာလို့လဲ မရတော့ဘူး'' လို့ ပြောလိုက်တယ်၊
အဲဒါကို တပည့်တွေက ကြားတဲ့အခါ အကုန်လုံး သူတို့ဆရာကြီးအနား ရောက်လာပြီး တစ်ယောက်ပြီး တစ်ယောက် သစ်ပင်ကနေ ဆရာကြီးကို ဆွဲခွါကြတာပေါ့၊ ကလေးတွေကလည်း ငယ်သေးဟန်တူပါတယ်၊ ဆရာကြီးက သူ့အားနဲ့ ဆွဲဖက်ထားတော့ ဘယ်လိုပဲဆွဲခွါခွါ ခွါလို့ မရဘူးဖြစ်နေတယ်တဲ့၊
နောက်ဆုံးကလေးတွေ လက်လျှော့သွားတဲ့အခါကျမှ ဆရာကြိးက သူကိုယ်တိုင်ပဲ သူ့လက်ကို သစ်ပင်ကနေ ဆွဲခွါလိုက်ပါတယ်တဲ့၊ သစ်ပင်ကို ဖက်ထားတဲ့ လက်ကို လွှတ်လိုက်တယ်တဲ့၊
နောက်ပြီး တပည့်တွေကို ပြောပါတယ်-
'' တပည့်တို့ လောကမှာ ဘယ်အရာဖြစ်ဖြစ် ကာယကံရှင်ကိုယ်တိုင်က ဆွဲကိုင်ထားတဲ့အရာကို အခြား ဘေးလူတွေကို ဘယ်လိုမှ ဆွဲခွါလို့ မရနိုင်ဘူး၊ ခွါထုတ်ပေးလို့ မရနိုင်ဘူး '' တဲ့ ။
'' ကိုယ်ကိုယ်တိုင် ဆုပ်ကိုင်ထားတဲ့အရာကို ကိုယ်ကိုယ်တိုင်ကသာ ကွာအောင်ခွါုနိုင်တယ်၊
ကိုယ်တိုင် ချည်နှောင်ထားတဲ့ အရာကနေ ကိုယ်ကိုယ်တိုင်ကသာ လွတ်အောင်လုပ်နိုင်တယ်၊ အခြားသူတွေက လွတ်မြောက်အောင် မလုပ်နိုင်ဘူး'' တဲ့၊
'' ဒါကြောင့် ဖက်တွယ်ထားတဲ့အရာတွေကနေ လွှတ်ချလိုက်'' တဲ့။
ဒီပုံပြင်လေးကို ဖတ်မိပြိး အတွေးလေး တစ်ခု ရလိုက်ပါတယ်၊
လူတွေဆိုတာ မိမိရဲ့ ပစ္စည်းဥစ္စာတွေကို ဖက်တွယ်ထားကြတယ်၊ မိမိရဲ့ သားသမီး မိသားစု ဆွေမျိုးသားချင်းသံယောဇဉ်တေ
အဲဒီမိမိတို့ကိုယ်တိုင် ဖက်တွယ်ထားတဲ့အရာတွေကို အခြားဘယ်သူကမှ ခွါမပေးနိုင်ပါဘူး၊ မိမိတို့ ကိုယ်တိုင် ချည်နှောင်ထားတာတွေကို အခြားဘယ်သူကမှ လွတ်အောင်လုပ်မပေးနိုင်ပါဘူ
ကိုယ်ကိုယ်တိုင် ဖက်တွယ်ထားတွေကို လွှ့တ်ချလိုက်ပါ၊
နောက်ဆုံး အဆိုးဆုံး ဖက်တွယ်ထားတာကတော့ မိမိတို့ရဲ့ အတ္တလေးကို လူတိုင်း ဖက်တွယ်ထားကြပါတယ်၊ အဲဒီအတ္တလေးကို ဖက်တွယ်ထားတာကတော့ တကယ့်ကို ခိုင်မြဲစွဲ ဖက်တွယ်ထားတယ်၊ တင်းတင်းကျပ်ကျပ်ကို ကိုယ်တိုင်ချည်နှောင်ထားတယ်
ကိုယ်တိုင်ဖက်တွယ် ချည်နှောင်ထားတဲ့ အတ္တလေးကိုတော့ လူတော်တော်များများက ချည်နှောင်ထားတယ်လို့ မမြင်ကြပါဘူး၊ မမြင်လို့လည်း ဆွဲခွါရကောင်းမှန်း မသိကြပါဘူး၊ ချည်နှောင်ထားတဲ့ အတ္တလေးကနေ လွတ်အောင် ဘယ်သူမှ ရုန်းမထွက်ချင်ကြပါဘူး၊
တကယ်တန်းချည်နှောင်ထားတယ်လု
ဒါကြောင့် ကိုယ်ကိုယ်တိုင် ဖက်တွယ်ချည်နှောင်ထားတဲ့ အတ္တဆိုတဲ့ကြိုးလေးကို ကိုယ်ကိုယ်တိုင်သာ ခွါထုတ်နိုင်တယ်၊ ကိုယ်ကိုယ်တိုင် လွှတ်ချမှ ရမယ်၊ ကိုယ်ကိုယ်တိုင်သာ လွတ်အောင် လုပ်နိုင်တယ်ဆိုတဲ့ အတွေးလေးကို တွေးမိပြိး
အတ္တချည်နှောင်မှုများမှ လွတ်အောင် ရုန်းနိုင်ကြပါစေ၊ ဖက်တွယ်ထားတဲ့ အတ္တလေးကို လွှတ်ချ နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်၊
အရှင်သုဝီရ၊ မဟာဂန္ဓာရုံ
၁၂-၈-၂၀၁၃
U Thu Mukha facebook မှ ဝေငှလိုက်ပါသည်။
(တပည့်တော်အတွက် တကူးတက ပြန်ရှာပြီးတင်ပေးသော U Thu Mukha အား ကျေးဇူးအထူးတင်ပါသည် အရှင်ဘုရား)