Sunday, September 15, 2013

*** တည်းခိုခန်း ***


{*} တစ်ခါတုန်းက ...
ဂျပန်ဘုန်းတော်ကြီး တစ်ပါးဟာ
နန်းတော်ထဲကို ဝင်လာခဲ့ပါတယ် ။
သူဝင်လာတဲ့ အချိန်မှာ
အစောင့်တွေက မတားဆီးလိုက်နိုင်ပါဘူး ။
ဒီတော့ ဘုရင်းကြီးဆီကို
တန်းရောက်သွားပါတယ် ။
ဘုရင်ကြီးလည်း ဘုန်းတော်ကြီးကို
တွေ့လိုက်ရတော့ ချက်ချင်းပဲ
မေးလိုက်ပါတယ် ။
“ အရှင်ဘုရား ...
ဘာများ အလိုရှိပါသလဲ. ဘုရား "
“ ငါအိပ်ဖို့ အခန်းကောင်းကောင်း
တစ်ခန်း အလိုရှိပါတယ် "

“ အို ... အရှင်ဘုရား နေရာမှားလာပြီ
ဒါ တည်းခိုခန်း မဟုတ်ဘူး ...
နန်းတော်ပါ ဘုရား "
“ နေပါဦး မေးပါဦးမယ် ။ မင်းပြောတဲ့
ဒီ နန်းတော်မှာ မင်းအရင်
ဘယ်သူ နေသွားသလဲ "
“ တပည့်တော်. အရင်
တပည့်တော် အဖေ နေသွားပါတယ်ဘုရား ။ အခု
တပည့်တော် အဖေ မရှိတော့ပါဘူး "
“ မင်းအဖေအရင်ကော
ဘယ်သူ. နေသွားသလဲ "
" တပည့်တော် အဘိုး. နေသွားပါတယ်။ အခုတော့ ..
မရှိတော့ပါဘူး ဘုရား "
“ မင်းအဘိုး အရင်ကော "
“ တပည့်တော် အဘေး နေသွားပါတယ် ဘုရား "
“ ဒါများကွာ ... နန်းတော်တဲ့ ၊
မင်းအဖေလည်း နေပြီး
ထွက်သွားရပြီ ၊ မင်းအဘိုးလည်း
နေပြီး ထွက်သွားရပြီ ၊
မင်းအဘေးလည်း နေပြီး
ထွက်သွားရပြီ ၊ မင်းလည်း ...
နေပြီး ထွက်သွားရဦးမယ် ၊
ဒါ ... “ တည်းခိုခန်း " မဟုတ်လို့
ဘာလဲကွာ "

{*} ဂျပန်ဘုန်းတော်ကြီးရဲ့
စကား ကြားလိုက်ရတော့ ...
ဘုရင်ကြီးလည်း. တစ်ခါမှ
မစဉ်းစားဖူးတဲ့ ...
“ သြော် ... ငါဟာ တည်းခိုခန်းမှာ
နေနေပါလား " ဆိုတဲ့ အသိဉာဏ်သစ်တစ်ခု လင်းကနဲ
ဝင်သွားပါတော့သတဲ့ ။

( ဂျပန်ဇင်ပုံဝတ္တု )

{*} ဘုရင်ကြီးက ဂျပန်ဘုန်းကြီးကို
အခန်းပေး မပေးတော့ စာထဲမှာ
ဆက်ပြမထားပါဘူး ။
ပုံပြင်လေးကတော့. ဒါပါပဲ ။
တကယ်တော့. ဂျပန်ဘုန်းကြီး
ပြောသလို အားလုံး အားလုံးဟာ
တည်းခိုခန်းမှာ. တည်းခိုခန်းမှာ
ခေတ္တခဏ. ဝင်တည်းနေကြရတာပါ ။ အချိန်တန်ရင် သတ်မှတ်ရက်စေ့ရင်. အိမ်ပြန်ကြရမှာပါ ။

{*} ဒီတော့ ... တည်းခိုခန်းမှာ
ဘယ်လောက်အထိ
နေခွင့်ရဦးမလဲ ... ?
လူ့ဘဝသက်တမ်းကို
ယေဘုယျ (၇၅) နှစ်ပဲ ထားလိုပ်ပါတော့ ။ အသက် (၄၀) ရှိတဲ့သူတစ်ယောက်ဟာ.
တည်းခိုခန်းမှာ (၃၅) နှစ်ပဲ
နေခွင့်ရတော့မှာပါ ။
အသက် (၅၀) ရှိတဲ့ သူတစ်ယောက်ဟာ (၂၅) နှစ်ပဲ
နေခွင့်ရတော့မှာပါ ။ အသက် (၆၀)
ရှိတဲ့. သူတစ်ယောက်ဟာ (၁၅) နှစ်ပဲ
နေခွင့်ရတော့မှာပါ ။

{*} လက်ကျန်အချိန်က နည်းနေပါပြီ။ ကျန်နေတဲ့အချိန်က
ကိုယ်အတွက်. သိပ်တန်ဖိုးရှိနေပါတယ် ။
ဒီအချိန်ဟာ. သူတစ်ပါး. ကောင်းတာ
မကောင်းတာကို. ဝေဖန်နေရမယ့်
အချိန် အရွယ်. မဟုတ်တော့ပါဘူး ။
ကိုယ်ကောင်းအောင် နေရမယ့်
အချိန် အရွယ် ဖြစ်နေပါပြီ ။

{*} ဆိုလိုတာက သူတစ်ပါး
ကောင်းတာ မကောင်းတာထက်
ကိုယ်ကောင်းအောင်. နေဖို့က
အဓိကပါ ။ ဒီတော့ ... ကျန်ရှိနေတဲ့
သက်တမ်းကို ဘယ်လို နေမလဲ ...?
ဒီမေးခွန်းကို. နေ့တိုင်း.
ကိုယ့်ကိုယ်ကို မေးရမှာပါ ။


- ဆရာတော်အရှင်ရာဇိန္ဒ
( ရဝေနွယ်အင်းမ )
“ ကျန်ရှိနေတဲ့. သက်တမ်းကို
ဘယ်လိုနေမလဲ " စာအုပ်မှ -"
- ဆက်လက်ဖော်ပြသွားပါဦးမည် ။

- Donated by ..
Ukyaw Kyawsoe
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ