ဥစ္စာပျက်ကြောင်း (၆)ပါး
(၁) သေရည်အရက် ဘိန်းကစော် သောက်စားမှုကို အထပ်ထပ် ပြုလုပ်ခြင်း။
(၂) အချိန်မရှိမှ လမ်းထွက်မှုကို ပြုခြင်း။
(၃) ပွဲသဘင်၌ လှည့်လည်ခြင်း။
(၄) အလောင်းအစား အကစားမှုကို အဖန်ဖန်ပြုခြင်း။
(၅) မကောင်းသော မိတ်ဆွေနှင့် အခါခါ ပေါင်းခြင်း။
(၆) ပျင်းရိမှုကို အဖန်ဖန် ပြုခြင်း။
ဤ(၆)ပါးသည် စည်းစိမ်ဥစ္စာ ပျက်စီးခြင်း၏ အကြောင်းများ ဖြစ်ကြသည်။
ဆောင်။ ။ အရက်သေရည်၊ ဘိန်းစသည်ကို၊ အလီလီရက်၊ သောက်စားဖက်၏။ လမ်းထွက်လည်သော်၊ ချိန်မတော်တည့်၊ ရွှင်ပျော်ပျော်ပင်၊ ပွဲသဘင်ဝယ်၊ အစဉ်လောင်းစား၊ အကစားနှင့်၊ တရားပျက်ချော်၊ မသူတော်ကို၊ မိတ်ဖော်အပေါင်း၊ ချစ်ဆွေကောင်းတဲ့၊ အကြောင်းပေါ်ငြား၊ အပျင်းများသည်…. ခြောက်ပါး ဥစ္စာပျက်ကြောင်းတည်း။
သေရည်သောက်ခြင်းအပြစ် (၆)ပါး
(၁) သောက်သူကိုယ်တိုင်တွေ့မြင်ေ
(ထန်းရည် အရက်ဖိုး၊ ဘိန်း ကစော်ဖိုး၊ နေ့တိုင်း ကုန်ကျရခြင်းကြောင့် တစ်လတစ်လ၌ ဝင်ငွေတစ်ရာရှိသူသည် ထိုသူရာ(အရက်)အတွက် တစ်နေ့ တစ်ကျပ်ကျအားဖြင့် သုံးဆယ်မျှ ကုန်သွားလေပြီ။)
(၂) ခိုက်ရန်ဖြစ်တတ်ခြင်း။
(သေရည်အရက်သောက်မိသောအခါ သောက်ဖော်သောက်ဖက်ခြင်းသော်
(၃) အနာရောဂါတို့၏ အကြောင်းဖြစ်ခြင်း။
(သေရည်ကို စွဲ၍ အလွန်သောက်သူသည် မသောက်သူထက် ရောဂါများ၏။ ပါဏာဝုဓဆေးကျမ်း၌ သေရည်အရက်သောက်ခြင်းသည် သွက်ချာပါဒ(ကိုယ်တစ်ပိုင်းေ
(၄) အကျော်စောမဲ့ခြင်း။
(နာမည်ပျက်ခြင်း၊ ဂုဏ်ပျက်ခြင်းကို ဖြစ်စေတတ်၏၊ သေရည်အရက် သောက်ပြီးသောအခါ မိဘ ကိုသော်မှလည်း ဆဲဆိုရိုက်နှက်တတ်၏။ မပြောသင့်တာကို ပြောမိ၊ မလုပ်သင့်တာကို လုပ်မိ၏၊ (မြို့ကလပ်များ၌ကား မယားချင်းလဲ၍ တွဲကသည့်တိုင်အောင်၊ မယားချင်းမှားသည့်တိုင်အောင
(၅) အင်္ဂါဇာတ်ကိုသော်မှ လှန်ပြရဲခြင်း။
(သေရည်အရက်မူးသောအခါ အရှက်မရှိတော့ရကား စကားအပြော မတဲ့သောကြောင့်ဖြစ်စေ၊ သက်သက်ရူးကြောင်ကြောင် ဖြစ်နေသောကြောင့်ဖြစ်စေ မိမိအင်္ဂါဇာတ်ကို လှန်ပြရဲကြလေသည်။)
(၆) အသိဉာဏ်အားနည်းအောင် ပြုတတ်ခြင်း။
(သေရည်အရက် သောက်မိသောအခါ နဂိုရှိပြီးသော အသိဉာဏ်သည် (မူးယစ်မှုကြောင့်) အားနည်း၏။ မသောက်မီကလောက် ဉာဏ်မထက်တော့။ ပါဏာဝုဓဆေးကျမ်း၌ ရေးသားထားသည်မှာ အရက်သောက် သူတို့သည် “ အရက်သောက်မှုကြောင့် မိမိတို့၏ စိတ်ကူးဉာဏ်ကို ထက်သန်စေ၏ ’’ ဟု ထင်မှတ်ကြ၏။ အရက်သောက်ပြီးစ ဆယ်မိနစ်လောက်၌ စိတ်ကူးသွက်လက်လာဟန် ရှိသော်လည်း သူ၏ ထင်မြင်ချက်နှင့် နှုတ်ထွက်စကားတို့မှာ ပရမ်းပတာ ဖြစ်နေကုန်၏။ ဤသို့ ရေးသားထားလေသည်။)
ဆောင်။ ။ ဥစ္စာလျော့ပါး၊ ခိုက်ရန်များ၍၊ နာဖျားထူပြော၊ ဂုဏ်ကျော်စောလည်း၊ သက်လျှောမဲ့လတ်၊ အင်္ဂါဇာတ်ကို၊ ပြတတ်လေဘိ၊ နဂိုရှိသည့်၊ တတ်သည့်ပညာ၊ အားနည်းရှာသည်၊ ခြောက်ဖြာ သေရည် သောက်ပြစ်တည်း။
ဗုဒ္ဓဘာသာ သင်ခန်းစာ ဆဋ္ဌမတန်းမှ ပြန်လည်ဖော်ပြပါသည်။