မေး။ ။ တစ်ပါးသောရဟန်းက
ဝိနည်းတော်နှင့်မအပ်သော နည်းဖြင့် ရရှိထားသော,
ဥပမာ-ဒကာ
ဒကာမတို့ လှူချင်လာအောင် ဆွယ်တရားဟော၍ ရရှိထားသော
ဆွမ်း ကျောင်း
အစရှိသည်တို့ကို စားသုံးသူ ရဟန်းတိုင်း အပြစ်ရှိ သည်ဟု ဆိုပါသည်၊
တရားတော်၌
“စေတနာဆန်္ဒ အဓိကပါ” ဆိုထားရာ,
မအပ်သောနည်းဖြင့်
ရရှိထားသော ဆွမ်းမှန်း ကျောင်းမှန်း
မသိ၍ စားသုံးမိလျှင်
စားသုံးနေသောရဟန်းသည် စေတနာ မပါ၍ အပြစ်ရှိသလားဘုရား။
ဖြေ။ ။ အပြစ်ရှိတာကိုတစ်ခန်း, အာပတ်သင့်တာကိုတစ်ခန်း၊ အာပတ်သင့်တယ်ဆိုတာ အပြစ်ပဲ၊
ပြီးတော့ ဩ အကုသိုလ်အပြစ်ရှိသလား-မရှိဘူးလား၊
ဒါကို စဉ်းစားရမယ်၊
မအပ်မရာ ကျောင်းကြီးကို ဘုန်းကြီးတို့ နေမိရင် အာပတ်သင့် တယ်၊ အကုသိုလ်ပြစ်ရှိသလား-မရှိဘူးလားဆိုတော့
ယူဆနေ ကြတာက အာပတ်ရှိနေရင် တရားအားထုတ်တဲ့အခါမှာ တရား မထင်နိုင်ဘူး၊ ဒီလို ယူဆနေကြတယ်၊
ဒါကို ဘုန်းကြီး ငြင်းလည်း မငြင်းပါဘူး၊ ထောက်လည်း မထောက်ခံပါဘူး။
(( အာပတ်နှစ်မျိုး ))
ဒါဖြင့် ဒီကျောင်းထဲ
နေတာနဲ့ပဲ ငရဲ ပြိတ္တာ တိရစ္ဆာန် တစ်ခုခု
ဖြစ်ရတော့မလားဆိုတော့
ဘုန်းကြီးတို့ စာမှာ နိယတအာပတ်, အနိယတအာပတ် နှစ်မျိုး ခွဲထားတယ်၊
နိယတအာပတ်က မချွတ်ဧကန် အမှန် ငရဲကျမယ်၊ တိရစ်္ဆာန်
ပြိတ်္တာ ဖြစ်မယ်၊ အနိယတအာပတ်က မသေချာပါဘူး၊ သေခါနီးထင်တဲ့ အာရုံနဲ့ ဆိုင်ပါတယ်၊
နိယတ အာပတ်ကတော့
သေခါနီး ဧကန်မုချ ဒီအာရုံကို ဆိုက်မှာ၊ နိယတအာပတ်က ဘယ်လိုအာပတ်မျိုးတုံးဆိုတော့ အာနန္တရိယ
ကံဆိုတဲ့ အမေကို သတ်မိတဲ့ ပါဏာတိပါတဆိုတဲ့အာပတ်မျိုး၊ လူလည်း မထွက်ဘူး၊ လူထွက်လည်းပဲ
သူကတော့ ကျမှာပဲ၊ အင်မတန် ဆိုးဝါးတဲ့ အကုသိုလ်မျိုး ပြုထားတယ်, ပြုထားရင် သူသေခါနီး
ထင်ကို ထင်မှာ၊ အဲဒါ နိယတအာပတ်။
(အဲဒီလိုဟာ ကြောက်လို့)
တချို့ အာပတ်တွေက
ကိုယ်လည်း မသိဘူး၊ တရား အားထုတ်တော့ မရဘူးလို့
ဆိုထားတယ်၊ ဒါ ဟုတ်ချင်လည်း ဟုတ်လိမ့်မယ်၊ ဒီလိုပဲ ဘုန်းကြီးလက်ခံတယ်လေ၊ အပြစ်ဘယ်လောက်ကြီးသလဲ
ဆိုတော့ နဂိုကမှ နိယတအာပတ်မှ မဟုတ်ဘဲနဲ့, သူသေခါနီး ကောင်းတဲ့ အာရုံတွေ ထင်လာလို့ရှိရင်
ကောင်းတဲ့ ဂတိပဲ ရောက်မှာပဲ၊
သို့သော်လည်း
ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာ အနိယတဖြစ်တဲ့ အာပတ်တွေကြောင့်လည်း သေခါနီး ထင်လာ တတ်တာဖြစ်တော့
ထင်လာတဲ့ ၀တ်္ထုတွေကလည်း ရှိတော့ အဲဒီလိုဟာ ကြောက်လို့မို့ အာပတ်မသင့်အောင် ဆိုပြီးတော့
ကြိုးစားနေကြတော့တာပဲ။
မဟာဂန္ဓာရုံဆရာတော်၏ သိပ္ပံအမြင်နှင့်ဗုဒ္ဓအဘိဓမ္မာအဖြေများ မှ