(၁) သတ္ထကသမ္ပဇည= အလုပ်တစ်ခုတစ်ခုခုကို ပြုလုပ်မည့်အခါမျိုးမှာ အကျိုးရှိ မရှိ ဆင်ခြင်ဉာဏ်ရှိရမယ်။
(၂) သပ္ပာယသမ္ပဇည = ဘယ်ကိစ္စမဆို အကျိုးရှိသော်လည်း မိမိနှင့် သင့်တော်လျောက်ပတ်ဖွယ်ဖြစ်ေ
(၃) ဂေါစရသမ္ပဇည = သွားမှုလာမှု စတဲ့ ကျက်စားမှုမှာ တိမ်းပါးချွတ်ချော်မှု မဖြစ်အောင် ဆင်ခြင်ဉာဏ်ရှိရမယ်။
(၄) အသမ္မောဟသမ္ပဇည = ဘယ်ကိစ္စမဆို မှောက်မှားချွတ်ချော်မှု (မှားယွင်းမှု)မဖြစ်အောင် ဆင်ခြင်ဉာဏ်ရှိရမယ်။ (သီလက္ခန္ဓ၀ဂ္ဂအဋ္ဌကထာ-၁၆၅)မှ
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရာ
ဤကဲ့သို့
(၁) အကျိုးရှိသည်ကို ရွေးချယ် ဆင်ခြင်ခြင်း။
(၂) သင့်မသင့်ကို ရွေးချယ် ဆင်ခြင်ခြင်း။
(၃) မပြတ်မလပ်ပြုလုပ်အပ်သည်ကို ဆင်ခြင်ခြင်း။
(၄) မတွေ မဝေသည်ကို ဆင်ခြင်ခြင်း ဟူသော ဆင်ခြင်ဖွယ်ရာ (၄)ပါးနှင့် ပြည့်စုံပါလျှင်
လောကဓမ္မ နှစ်ဌာနလုံးတို့၌ တိုးတက်ကြီးပွားကာ ချမ်းသာကြမည် ဖြစ်ပေသည်။ (သိကောင်းစရာ ဓမ္မပဒေသ အတွဲ(၁) နှာ-၂၂၈) မှ ပူဇော်ပါသည်