Sunday, February 3, 2013

“သားသမီးကောင်းမိဘခေါင်း” “တပည့်မကောင်း ဆရာ့ခေါင်း” ဆိုပြီးလွှဲမချပါနဲ့


တစ်ခါတစ်လေ ဘုန်းကြီးတို့ ကျောင်းက ဆိုးသွမ်းတဲ့
ကိုယ်တော်လေးတွေ သတင်းကြားတယ်ဆိုလို့ရှိရင်
“ဟာ၊ ဘယ်ကျောင်းထွက် ဆိုးတယ်” နဲ့ပြောကြတယ်၊
ဘုန်းကြီးတို့က မေးတယ်၊ “မင်းတို့ အဲသလို ပြောစတမ်းဆိုလို့ရှိရင် ဒေဝဒတ်ဘယ်ကျောင်းထွက်တုန်း” လို့၊
ဒေဝဒတ်က ဇေတဝန်ကျောင်းထွက်ပဲလို့၊ အဲဒါဆိုရင် ဇေတဝန်ကျောင်း အပြစ်တင်ရမလား၊ ဒေဝဒတ်အပြစ်တင်ရမလား၊
တချို့က ကျောင်းထွက်ဆိုပြီးတော့ကျောင်းကို
ပုတ်ခတ်ပြီးတော့ ပြောလေ့ရှိတာကိုး၊ ဒီတော့ ဒါတွေက မဆိုင်ဘူး၊

သို့သော်လည်း မြန်မာစကားမှာ “သားသမီးကောင်းမိဘခေါင်း”
“တပည့်မကောင်း ဆရာ့ခေါင်း” ဆိုပြီးတော့ ခေါင်းပေါ်တော့ ရောက်တာပေါ့နော်၊ အဲဒါဆိုရင် ဒေဝဒတ်မကောင်း ဘုရားခေါင်း ရောက်မှာပေါ့၊
အဲဒါကျတော့ ချန်ထားကြတယ်၊ ကာယကံရှင်ပုဂ္ဂိုလ်နဲ့ အများကြီးဆိုင်တယ်။


ဒါကြောင့်မို့လို့ ဘုန်းကြီးတို့စာပေထဲမှာ --
“ဥပဒေသမတ္တမေဝ ဟိ ပရာယတ္တာ(ပရသ္မိံ ပဋိဗဒ္ဓံ)၊ အညာ သဗ္ဗာ သမ္ပတိ အတ္တာဓိနာ ဧဝ” တဲ့၊
နည်းပေးလမ်းပြ လုပ်တာသည်ပင်လျှင် ဆရာသမားနဲ့ ပတ်သက်ပါတယ်တဲ့၊ အားလုံးအောင်မြင်မှုဟာ ကိုယ့်ပေါ် မူတည်ပါတယ်တဲ့၊
ဆရာသမားဆိုတာ ဆုံးမသြဝါဒပေးရုံသာ တာဝန်ရှိတယ်လို့ ဒီလိုပြောတယ်နော်၊ အခြားအောင်မြင်မှုဟာ ကိုယ်နဲ့ဆိုင်တယ်ပေါ့၊ အောင်မြင်မှု ကျရှုံးမှုဟာ ကိုယ်နဲ့ပဲဆိုင်တယ်ပေါ့၊ ဒီလို ဆိုပါတယ်၊ ဒါက ပိုပြီးတော့ လက်တွေ့ကျတယ်။

♣♣ ဒေါက်တနန္ဒမာလာဘိဝံသ၏ အဘိဓမ္မာမြတ်ဒေသနာမှ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ