၁။ နေဝင်ခါနီး ခရီးသည်တွေ, ၂။ သေမှာမုချ ဖြစ်ကြလေပြီ,
ဘယ်ဆီဌာန နေကြမှာလေ၊ မသေခင်လေး သင်တွေးချိန်မှီ၊
အချိန်ရှိခိုက် ရှာလိုက်ပါလေ, သေမည့်ဆဲဆဲ မလွဲကိုယ်စီ,
နေဝင်က ဒုက္ခပင်လယ်ဝေ။ မြတ်တရား သင်ပွားချိန်တန်ပြီ။
၃။ နေ့စဉ်အားထုတ် ပြုလုပ်တွင်တွင်, ၄။ သားသမီးတွက် နေ့ရက်ချိန်ကုန်,
အားလပ်သည့်နေ့ တစ်နေ့မမြင်၊ မအားနိုင်တဲ့ ငါ့ရဲ့ဖြစ်ပုံ၊
စားဝတ်နေရေး ရှုပ်ထွေးစုံလင်, ရှေးရှေးဘဝ ပြုကြဖုံဖုံ,
သည်ဒုက္ခ ကြီးလှလူတို့တွင်။ ခုတိုင်၍ အားနေ့ဘယ်မကြုံ။
၅။ ကမ္ဘာမီးထက် ပူချက်ပြင်းထန်, ၆။ ဒုက္ခဒုက္ခ နှုတ်ကဆိုတာ,
ဘယ်မီးတွေလည်း ဥာဏ်ခွဲဝေဖန်၊ မျက်ရည်သုတ်ရ ရုပ်ကလွန်နာ၊
ကိလေသာမီး ထိန်ငြီးဝေလျှံ, ခွေယိုင်ကာပျော့ အားလျော့နေတာ,
ဘဝတိုင်း မဆိုင်းလောင်နေပြန်။ ဘယ်သူလည်း မှတ်စွဲကိလေသာ။
တပ်ထားချုပ်ထား လှုပ်အားမသန်၊ တွက်လို့မရ ဘဝသင်္ချေ၊
သံယောဇဉ်တဲ့ သိကွဲ့အမှန်, ခုဘယ်လိုပ သေကြမယ်လေ,
ဘဝပေါင်း ကြာညောင်းလေအောင်ဖန်။ ဆုံးဖြတ်စမ်း သင်လမ်းဖြောင့်ဖို့ပေ။
၉။ ယီးတီးယားတား သေသွားရင်လေ, ၁၀။ ကုသိုလ်ပြုလုပ် အုပ်ချုပ်ဥာဏ်နော်,
အထုတ်ငယ်သေး ပူရေးထွေထွေ၊ ပေါ့ပေါ့ဆဆ ပြုကမတော်၊
သွားရာစခန်း ပင်ပန်းမယ်လေ, လည်၍မဆုံး ကြည့်အုန်းဥာဏ်မြော်,
ယခုက ပြုကြကုသိုလ်တွေ။ ပေါ့ဆရေး မသေးအပြစ်ပေါ်။
၁၁။ ကုသိုလ်ပြုက ပေါ့ဆတာဟာ, ၁၂။ သာသနာလဲ ကြုံခဲပြန်တယ်,
ဟိုသံသာက လက်စပါလာ၊ ကြုံပြန်သော်လည်း သိခဲပြန်တယ်၊
အဲသည်လက်စ ဖြတ်မှတော်မှာ, သိပြန်သော်ကား ကျင့်သွားဖို့ရယ်,
ဥာဏ်အုပ်ချုပ် ပြုလုပ်ကြစမ်းပါ။ မလွယ်ဘူး အထူးကြိုးစားကွယ်။
၁၃။ ဝိဇ္ဇာမျိုးကွဲ့ မဲ့ခဲ့လို့ပင်, ၁၄။ ခန္ဓာကိုယ်၌
ဥာဏ်စိုက်ကြည့်လျှင်,
ဂင်္ဂါဝါဠု လွဲမှုသင်မြင်၊ အိုးကင်းလှော်သည့်
နှမ်း၏အသွင်၊
သာသနာကြုံဆဲ မရှိပဲနေလျှင်, တစ်ဖျောက်ဖျောက်ပ ပျက်ကြတွင်တွင်,
နောက်ကိုလဲ သင်လွဲဖို့သာပြင်။ ရုပ်နာမ်က အနိစ္စ သည်လိုမြင်။
၁၅။ အရေးတကာ့အရေး ဒီအရေးကိုသာ, ၁၆။ ခန္ဓာငါးဝ
ဓမ္မကိုရှာ,
အကြီးကျယ်ဆုံး သက်လုံးမှတ်ပါ၊ ဥာဏ်မှာတွေးတော သဘောကိုသာ၊
သည်ထွက်ရာလမ်း မှတ်စမ်းသေချာ, အပိုင်သိက လေးဝပါယ်ရွာ,
ဒီအသိ မရှိ၍လည်နေတာ။ သံသာစက် ထွက်ပေါ့ဧကန်သာ။
၁၇။ သမာသီလ ညီမျှအစုံ, ၁၈။ လူဖြစ်လာကြ လောကဤဘုံ,
ပညာဦးစီး ခရီးဆက်ပုံ၊ ကံကောင်းထောက်မ ဗုဒ္ဓတွေ့ကြုံ၊
သိက္ခာသုံးချက် အကွက်လည်ပုံ, ကြိုးစားလိုက်ကြ စွမ်းစအကုန်,
ဝဲဂယက် လွဲထက်သန္တိဘုံ။ သံသာစက် လှမ်းထွက်နိဗ္ဗာန်ဘုံ။
၁၉။ သေခြင်းမြဲလှ နေရမကြာ, ၂၀။ ပျိုချင်သော်လည်း အိုမြဲမှန်စွာ,
ပျိုခြင်းခေတ္တ
အိုရသေချာ၊ တားမရ
အိုကြအနတ္တာ။
နေလိုသော်လဲ
သေမြဲမှန်စွာ, မနာချင်လည်း
နာမြဲမှန်စွာ,
တားမရ
သေကြအနတ္တာ။ တားမရ
နာကြအနတ္တာ။
သာဓု...သာဓု...သာဓု
သံဝေဂပွားများနိုင်ရန် တင်ပြလိုက်ပါသည်။
