Tuesday, December 18, 2012

စိတ်အနှောက်အယှက်ဖြစ်ရတာ နည်းချင်ရင်

" စိတ်အနှောက်အယှက်ဖြစ်ရတာ နည်းချင်ရင် မလိုအပ်ပဲနဲ့
လူများများနဲ့မရောပါနဲ့။ အခက်အခဲရှိလို့ပြော ချင်ရင်၊
တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး
ပေးနိုင်မဲ့သူကိုပဲပြောပါ။

မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက်စရာကို
ပြောတတ်တဲ့ သူတွေကိုဘယ်တော့မှ မပြောပါနဲ့။
စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင်ကိုယ်ပါ
စိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။
စိတ်ပင်ပန်းမယ်။

ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့
အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကို နားလည်မယ်။
ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို
သေသေချာချာစဉ်းစားပါ။ "

- ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ)

Facebook မှာဖတ်မိတာလေးပြန်လည်ဝေငှလိုက်တာပါ။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ