(တန်ဖိုး)
ဤပုဂ္ဂိုလ်မှာ၊ စာတတ်ပေတတ်၊
ကျမ်းဂန်တတ်၍၊ နှံ့စပ်မြင်သိ၊ ပညာရှိ၏။
ဘွဲ့ထူးဂုဏ်ထူး၊ အထူးထူးလည်း၊
ဆွတ်နိုင်ခူးနိုင်၊ သူပိုင်ဆိုင်၏။
သို့သော် သူကား၊
ဝင့်ကြွားမာန်တက်၊ စိတ်ကြမ်းခက်၍၊
တဖက်လူသား၊ သူစော်ကားလျက်၊
ထိပါးပုတ်ခတ်၊ ရန်ပြုတတ်သော်၊
စိတ်ဓာတ်ဖျင်းဘိ၊ တန်ဖိုးမရှိ..။ (မင်းယုဝေ)
ဤပုဂ္ဂိုလ်မှာ၊ စာတတ်ပေတတ်၊
ကျမ်းဂန်တတ်၍၊ နှံ့စပ်မြင်သိ၊ ပညာရှိ၏။
ဘွဲ့ထူးဂုဏ်ထူး၊ အထူးထူးလည်း၊
ဆွတ်နိုင်ခူးနိုင်၊ သူပိုင်ဆိုင်၏။
သို့သော် သူကား၊
ဝင့်ကြွားမာန်တက်၊ စိတ်ကြမ်းခက်၍၊
တဖက်လူသား၊ သူစော်ကားလျက်၊
ထိပါးပုတ်ခတ်၊ ရန်ပြုတတ်သော်၊
စိတ်ဓာတ်ဖျင်းဘိ၊ တန်ဖိုးမရှိ..။ (မင်းယုဝေ)
